Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်သို့ တရုတ်နိုင်ငံမှ ခရီးသွားများ လာရောက်လည်ပတ်မှု ၈ လတာအတွင်း ၃၃.၅ ရာခိုင်နှုန်း မြင့်တက်

ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်)ပြည်နယ်ရှိ အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်သို့ ခရီးသွားများ လာရောက်လည်ပတ်နေပုံကို ၂၀၂၃ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ၏ ထင်ရှားကျော်ကြားသော အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်သည် ၂၀၂၄ ခုနှစ် ပထမ ၈ လတာအတွင်း တရုတ်နိုင်ငံမှ ခရီးသွား ၅၀,၄၃၁ ဦးအား ဆွဲဆောင်နိုင်ခဲ့ကာ ယမန်နှစ်ကာလတူ၌ ၃၇,၇၅၉ ဦး ရှိခဲ့ရာမှ ၃၃.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယားအစိုးရပိုင် Angkor Enterprise က စက်တင်ဘာ ၁၁ ရက်၌ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။
အဆိုပါ အရေအတွက်သည် ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ၈ လအတွင်း ရှေးဟောင်း အန်ကောဥယျာဉ်သို့ လာရောက်ခဲ့သည့် ကမ္ဘာလှည့်ခရီးသည်စုစုပေါင်း ၆၅၁,၈၅၇ ဦး၏ ၇.၇၃ ရာခိုင်နှုန်းရှိကြောင်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။
အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ပြင်သစ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ပြီးလျှင် တရုတ်နိုင်ငံသည် အန်ကောဥယျာဉ်သို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားများအနက် ပဉ္စမအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း၊ အဆိုပါဥယျာဉ်သို့ နိုင်ငံနှင့် ဒေသပေါင်း ၂၀၀ မှ ခရီးသွားများ လာရောက်လည်ပတ်ခဲ့ကြောင်း ယင်းအစီရင်ခံစာအရ သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆီရမ်ရိ(ပ်)ပြည်နယ်ရှိ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်သည် ကမ္ဘောဒီးယားနိုင်ငံရှိ လူကြိုက်အများဆုံး ခရီးစဉ်ဒေသဖြစ်သည်။
ဧရိယာအားဖြင့် ၄၀၁ စတုရန်းကီလိုမီတာရှိသော ယင်းနေရာ၌ ၉ ရာစုမှ ၁၃ ရာစုအတွင်း တည်ဆောက်ခဲ့သည့် ရှေးခေတ်ဘုရားကျောင်း ၉၁ ကျောင်း တည်ရှိသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်း အနာဂတ်သည် တရုတ်နိုင်ငံမှ ခရီးသွားများနှင့် ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်မှုနှင့် ခွဲခြား၍မရကြောင်း ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီး ဆော့ခ်ဆိုကန်က ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက ခရီးသွားတွေ တိုးပွားလာတာဟာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင်ပေးရုံတင်မကဘဲ တခြားကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ဖန်တီးပေးရာမှာလည်း အရေးပါတဲ့ အခွင့်အလမ်းတစ်ခုဖြစ်တယ်” ဟု စက်တင်ဘာ ၈ ရက်က ဆီရမ်ရိ(ပ်)ပြည်နယ်တွင် ကျင်းပသည့် ကမ္ဘောဒီးယား-တရုတ် ဓာတ်ပုံပြပွဲခရီးစဉ် ဖွင့်ပွဲအခမ်းအနား မိန့်ခွန်း၌ ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
“ကမ္ဘောဒီးယားနဲ့ ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်းများစွာဟာ တရုတ်နိုင်ငံကို မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ်သာမက သူတို့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအပါဆုံး ဈေးကွက်အရင်းအမြစ်အဖြစ်လည်း သတ်မှတ်ထားပါတယ်” ဟု ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးက ပြောကြားခဲ့သည်။ (Xinhua)


…………………….
(English Version)
Number of Chinese tourists to Cambodia’s Angkor up 33.5 pct in 8 months of 2024
PHNOM PENH, Sept. 11 (Xinhua) — Cambodia’s renowned Angkor Archaeological Park attracted 50,431 Chinese visitors during the first eight months of 2024, up 33.5 percent from 37,759 over the same period last year, said a state-owned Angkor Enterprise’s report on Wednesday.
The number accounted for 7.73 percent of the total 651,857 international tourist arrivals to the ancient park during the January-August period this year, the report said.
China was still the fifth-biggest source of foreigners to the Angkor after the United States, Britain, France, and South Korea, the report said, adding that tourists from 200 countries and regions had visited the site.
Situated in northwest Cambodia’s Siem Reap province, the UNESCO-listed Angkor Archaeological Park is the most popular tourist destination in the Southeast Asian country.
The 401-square-km site is home to 91 ancient temples, which had been built from the ninth to the 13th centuries.
Cambodian Minister of Tourism Sok Soken has said that the future of Cambodia’s tourism industry is inseparable from the inflows of Chinese tourists and investors.
“The growth of Chinese tourists is an important opportunity, not only to boost the tourism development, but also to create investment opportunities in other sectors,” he said in a speech on Sunday during the opening ceremony of a Cambodia-China photo exhibition tour in Siem Reap province.
“Cambodia and many countries around the world have regarded China as a strategic partner and the most important source of market for their economic growth and national development,” the minister added. Enditem
English Caption
Tourists visit the Angkor Archeological Park in Siem Reap province, Cambodia, April 16, 2023. (Photo by Sao Khuth/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.