Connect with us

International Organizations

တရားမျှတမှုအသံကို အတူတကွမြှင့်တင်ပြီး လူ့အခွင့်အရေးကို လက်တွဲ ကာကွယ်- ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားက ကုလသမဂ္ဂတွင် အမေရိကန်နှင့် အနောက်အုပ်စုတို့၏ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ပူးပေါင်းပြန်လည်တွန်းလှန်

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သော ၅၇ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တစ်ဖက်သတ် အကျပ်ကိုင် အရေးယူမှုဆိုင်ရာ အထူးအစီရင်ခံသူတို့၏ အပြန်အလှန် ဆွေးနွေးမှုများအား စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
“ပိတ်ဆို့အရေးယူမှုများ ချမှတ်လုပ်ဆောင်သည့်နိုင်ငံက တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများသည် လူသားချင်းစာနာထောက်ထားမှုအပေါ် သက်ရောက်မှုရှိကြောင်းကို ငြင်းဆိုခဲ့သော်လည်း ယင်းသို့သက်ရောက်မှုသည် အများအားဖြင့် ကပ်ဘေးသဖွယ်ဖြစ်သည်” ဟု စက်တင်ဘာ ၁၃ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၇ ကြိမ်မြောက် အစည်းအဝေး၏ အပြန်အလှန် ဆွေးနွေးမှုတစ်ခုတွင် တစ်ဖက်သတ် အကျပ်ကိုင် အရေးယူမှုများသည် လူ့အခွင့်အရေးအပေါ် အပျက်သဘော သက်ရောက်မှုများရှိခြင်းဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အထူးအစီရင်ခံစာတင်သွင်းသူ Alena Douhan က ပြောကြားခဲ့သည်။
အမေရိကန် စသည့်နိုင်ငံများ၏ တရုတ်နိုင်ငံအပေါ် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး တရုတ်နိုင်ငံ ပြည်သူ့ လူ့အခွင့်အရေးအပေါ် အပျက်သဘော သက်ရောက်ကာ ပြင်ပသို့ ယိုလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အုပ်ချုပ်ရေး၊ တရားဥပဒေစသည့် လိုအပ်သော နည်းလမ်းများဖြင့် တုံ့ပြန်ခြင်းအပေါ် ကြိုဆိုပြီး တစ်ဖက်သတ် အကျပ်ကိုင် အရေးယူမှုများက နိုင်ငံအသီးသီး၏ လူ့အခွင့်အရေးအပေါ် ထိခိုက်နစ်နာစေကြောင်းကို စနစ်တကျ စောင့်ကြည့်အကဲဖြတ်ရန် Douhan က လက်ရှိ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မကြာသေးမီနှစ်များအတွင်း အမေရိကန်သည် တရုတ်နိုင်ငံအပေါ် တစ်ဖက်သတ် အကျပ်ကိုင် လုပ်ဆောင်မှုများ ဥပမာအားဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် အဓိကနည်းပညာများ တင်ပို့မှုကို ကန့်သတ်ခြင်းနှင့် တရုတ်ကုမ္ပဏီလုပ်ငန်းအချို့အား ဖိအားပေး ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းစသည်တို့ကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် အမေရိကန်နိုင်ငံသည် အီရန်၊ မြောက်ကိုရီးယား၊ ရုရှား၊ ဗင်နီဇွဲလား စသည့် နိုင်ငံများအပေါ် စီးပွားရေး၊ ဘဏ္ဍာရေးစသည်တို့တွင် ကျယ်ပြန့်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားပြီး ၎င်းတို့၏ ကုန်သွယ်မှု၊ စွမ်းအင်တင်ပို့မှုနှင့် ဘဏ်လုပ်ငန်းများကို ကန့်သတ်ကာ ဖယ်ကြဉ်ခြင်းနှင့် ဖိနှိပ်ခြင်း လုပ်ဆောင်မှုများမှတစ်ဆင့် အဆိုပါနိုင်ငံများ၏ မူဝါဒလမ်းကြောင်းကို လွှမ်းမိုးရန် ကြိုးစားလျက်ရှိသည်။
အစီရင်ခံစာပါ နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် Douhan ၏ အစီရင်ခံစာကို တန်ဖိုးထားချီးမွမ်းခဲ့သည်။ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများ၊ နိုင်ငံတကာဆက်ဆံရေး အခြေခံစံသတ်မှတ်ချက်များကို ပြင်းထန်စွာ ချိုးဖောက်ခြင်း၊ လူ့အခွင့်အရေးကို ပြင်းထန်စွာ ထိပါးခြင်း ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် အခိုင်အမာ ကန့်ကွက်ကြောင်း တရုတ်ကိုယ်စားလှယ်က ထောက်ပြသည်။ အမေရိကန်နိုင်ငံကိုယ်တိုင်၏ လူ့အခွင့်အရေးမှတ်တမ်းမှာ မကောင်းသော်လည်း ပြည်တွင်းဥပဒေများကိုအခြေခံ၍ အခြားနိုင်ငံများအပေါ် လိုလျှင်လိုသလို လက်တံရှည်လှမ်း စီမံနေခြင်းသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုသော နာမည်အားကိုးဖြင့် လူ့အခွင့်အရေးကို လုံးဝချိုးဖောက်ခြင်း ဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်း၏ တရားမျှတမှု တိုက်တွန်းသံများကို အလေးအနက်ထား နားထောင်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ချက်ချင်းရုတ်သိမ်းရန် အမေရိကန်စသည့် နိုင်ငံများကို တရုတ်နိုင်ငံက တိုက်တွန်းထားသည်။
Douhan ၏ အစီရင်ခံစာနှင့် တရုတ်နိုင်ငံ၏ ပြောကြားချက်များသည် အပြန်အလှန် ဆွေးနွေးမှုတွင် တူညီသောသဘောထားများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ ကိုယ်စားလှယ်၏ ဉာဏ်နီဉာဏ်နက်ဖြင့်လိမ်လည်ပြောဆိုခြင်းနှင့် ရင်ဆိုင်နေရချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားမှ ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံနှင့်အတူ အမေရိကန်စသည့် အနောက်နိုင်ငံများက အလွဲသုံးစားချမှတ်ထားသော တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှု လုပ်ရပ်များကို မှားယွင်းကြောင်းချေပရန် ရဲရဲတင်းတင်း ပြောဆိုခဲ့ကြသည်။
အမေရိကန်နိုင်ငံ ဆောင်ရွက်နေသော တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ပြီး ဤကဲ့သို့ လုပ်ရပ်များသည် လွတ်လပ်မှုကို လေးစားခြင်းမဟုတ်ဘဲ လိမ်လည်ခြင်းနှင့် အကျပ်ကိုင်ခြင်း နည်းလမ်းဖြင့် တရားမျှတမှုမရှိသော ပြိုင်ဆိုင်မှုမှ အကျိုးအမြတ်ရယူရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း ရုရှားနှင့် ဗင်နီဇွဲလား ကိုယ်စားလှယ်များက ထောက်ပြခဲ့ကြသည်။
ကျူးဘားနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ ကာလရှည် တားဆီးပိတ်ဆို့မှုသည် ကျူးဘားပြည်သူများ၏ လူနေမှုဘဝကို ဆိုးရွားစွာ ထိခိုက်စေကြောင်း၊ ပိတ်ဆို့ခံထားရသော ငွေကြေးများဖြင့် ကျူးဘားပြည်သူတို့၏ အစားအသောက်နှင့် ဆေးကုသရေးလိုအပ်ချက်များကို ဖြည့်ဆည်းရန် အသုံးပြုနိုင်ကြောင်း ကျူးဘားနိုင်ငံ ကိုယ်စားလှယ်က ထောက်ပြခဲ့သည်။ ထို့အပြင် ကျူးဘားနိုင်ငံကို “အကြမ်းဖက်ဝါဒ နိုင်ငံ” နာမည်စာရင်းတွင် အသစ်တစ်ဖန်ပြန်ထည့်လိုက်ခြင်းသည် ကျင့်ဝတ်မှဖြစ်စေ၊ ဥပဒေရေးရာရှုထောင့်မှဖြစ်စေ အထောက်အထားအကြောင်းရင်းမရှိကြောင်း ဖော်ပြခဲ့သည်။
အချို့သော တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများသည် နိုင်ငံအချို့၏ အစိုးရကိုသာ ရည်ရွယ်သည်ဟု ကြေညာချက်ထုတ်ပြန်ထားသော်လည်း ၎င်းတို့သည် သာမန်ပြည်သူများနှင့် စီးပွားရေးလုပ်ငန်း အများအပြားအပေါ် သက်ရောက်မှုရှိပြီး ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့အခြားဒေသများသို့ ပျံ့နှံ့သွားကြောင်း ဇင်ဘာဘွေနိုင်ငံ ကိုယ်စားလှယ်က ထောက်ပြသည်။ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများသည် နိုင်ငံအသီးသီး၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး တည်ငြိမ်မှုကို တိုက်ရိုက် ထိခိုက်စေပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် အကောင်အထည်ဖော်ရေးကို အဟန့်အတား ဖြစ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။
အနောက်နိုင်ငံအချို့သည် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ပထဝီဝင်နိုင်ငံရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရေး ကိရိယာအဖြစ် အသုံးပြုရာ ပိတ်ဆို့အရေးယူခံရသော နိုင်ငံမှ ပြည်သူများနှင့် စီးပွားရေးပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေကာ လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ထိပါးခြင်း၊ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဘီလာရုဇ် ကိုယ်စားလှယ်က ထောက်ပြခဲ့သည်။
တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများ၏ ထပ်တိုးသက်ရောက်သော အတိုင်းအတာနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကုန်ကျစရိတ်များကို ပိုမိုအာရုံစိုက်ရန် တိုက်တွန်းခဲ့ပြီး ဤပိတ်ဆို့မှုများကြောင့် ဖြစ်ပေါ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးဆက်များကို သုံးသပ်ရန် ကျယ်ပြန့်ပြီး အားလုံးပါဝင်သော၊ စနစ်တကျ ပွင့်လင်းမြင်သာသော၊ သက်သေအထောက်အထားအခြေပြုမှုရှိသော ယန္တရားတစ်ရပ်ကို ထူထောင်ရန် အထူးအစီရင်ခံစာ တင်သွင်းသူအား ထောက်ခံကြောင်း အီရန်နိုင်ငံ ကိုယ်စားလှယ်က ဖော်ပြခဲ့သည်။
တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများသည် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများကို အဟန့်အတား ဖြစ်စေကာ ဖွံ့ဖြိုးတိုးတက်ခွင့်အပါအဝင်ဖြစ်သော အခြေခံလူ့အခွင့်အရေးများကို ဆိုးရွားစွာ ထိခိုက်စေပြီး နိုင်ငံတကာ ဥပဒေနှင့် ကုလသမဂ္ဂ၏ အခြေခံမူများကို ချိုးဖောက်သလို နိုင်ငံတကာ သံခင်းတမန်ခင်းနှင့် ပူးပေါင်းဆောင်ရွက်မှု စံသတ်မှတ်ချက်ကိုပါ ဖျက်ဆီးမှုဖြစ်စေကြောင်း လာအိုနှင့် ကမ္ဘောဒီးယား ကိုယ်စားလှယ်များက ထောက်ပြခဲ့ကြသည်။
ပို၍များပြားလာသော သက်သေအထောက်အထားများက တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးဆက်များသည် နေ့စဉ်နှင့်အမျှ ပြင်းထန်လာကြောင်း ဖော်ပြနေသလို ၎င်းက ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို အခက်အခဲများ ဖြစ်ပေါ်စေပြီး ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်မှု ပိုမိုဆိုးရွားလာကာ ထိလွယ်ရှလွယ်သော အားငယ်လူအုပ်စုများကို ပို၍ပင် ထိခိုက်လွယ်စေကြောင်း ပါလက်စတိုင်း၊ ဆီးရီးယားနိုင်ငံ ကိုယ်စားလှယ်များက ထောက်ပြခဲ့သည်။
တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊《ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း》နှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေတို့ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် အပြုသဘောဆောင်သော ရေရှည်ဆွေးနွေးပွဲများသည် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် အထိရောက်ဆုံးနည်းလမ်းဖြစ်ကြောင်း တောင်အာဖရိက၊ တိုဂိုနိုင်ငံ ကိုယ်စားလှယ်များက ထောက်ပြခဲ့ကြသည်။
ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ ၊ အာဖရိကအဖွဲ့၊ စိတ်တူကိုယ်တူနိုင်ငံများအဖွဲ့ငယ်နှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ကာကွယ်သည့် မိတ်ဆွေများအဖွဲ့ငယ်စသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ အစုအဖွဲ့ကလည်း နီးစပ်သော ရပ်တည်ချက်များကို ထုတ်ဖော်ပြောဆိုကြရာ တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှု ဆန့်ကျင်ရေးအတွက် အားကောင်းသော စကားသံဖြစ်စေခဲ့ကြောင်း သိရသည်။ (Xinhua)
………………….
(Chinese Version)
共扬正义之声,携手捍卫人权——多个发展中国家在联合国合力反击美西方单边制裁
新华社日内瓦9月15日电 “制裁施加国否认单边制裁带来的人道主义影响,而这种影响通常是灾难性的。”13日,在联合国人权理事会第57届会议的一场互动对话上,联合国人权理事会单边强制措施对人权负面影响问题特别报告员阿莱娜·杜晗这样说道。
杜晗在提交给本届人权理事会的报告中表示,美国等国家针对中国的单边制裁违反国际法,对中国人民人权造成负面影响并产生外溢效应,欢迎中国通过行政、法律等必要手段进行应对,并呼吁系统地监测和评估单边强制措施对各国人权的危害。
近年来,美国针对中国出台一系列单边强制措施,如限制半导体及关键技术的出口,制裁打压部分中国企业。在全球范围内,美国对伊朗、朝鲜、俄罗斯、委内瑞拉等国施加了广泛的经济、金融等制裁,限制其贸易、能源出口和银行业务等,试图通过孤立和压制手段影响这些国家的政策走向。
作为报告当事国,中方对杜晗的这份报告表示赞赏。中国代表指出,单边制裁严重违反联合国宪章宗旨和原则,严重违反国际关系基本准则,严重侵犯人权,中方一贯坚决反对。美国自身人权记录不佳,却动辄依据国内法滥施长臂管辖,完全是借民主、人权之名行侵犯人权之实。中方敦促美国等国家认真听取国际社会的正义呼声,立即取消针对发展中国家的所有非法单边制裁。
杜晗的报告和中方的发言在互动对话现场引发共鸣,面对美国代表所做诡辩,多个发展中国家代表相继发声,与中国携手对美国等西方国家滥施单边制裁的行径展开批驳。
俄罗斯、委内瑞拉代表指出,美国实施的单边制裁是对其他国家内政的粗暴干涉,这种做法并非出于对自由的尊重,只是妄图通过谎言和强制手段,从不公平的竞争中谋取利益。
古巴代表指出,美国对古巴的长期封锁对古巴人民生活造成了极大的负面影响,那些被冻结的资金本可以用来满足古巴人民的食物和医疗需求。此外,将古巴重新列入“支持恐怖主义国家”名单,无论从道义还是法律角度来看都毫无依据。
津巴布韦代表指出,虽然某些单边制裁宣称仅针对某些国家的政府,但其影响却波及大量普通民众和企业,并扩散至本地区邻国和全球其他地区。单边制裁直接破坏各国政治、经济和社会稳定,阻碍可持续发展目标的实现。
白俄罗斯代表指出,某些西方国家将单边制裁作为实现地缘政治目的的工具,对被制裁国民众和商业环境产生灾难性影响,严重侵犯人权,违反国际法。
伊朗代表呼吁对单边制裁的额外影响范围和累积的人道主义成本给予更多关注,支持特别报告员建立一个普遍包容、系统透明、基于证据的机制,以评估这些制裁产生的人道主义后果。
老挝、柬埔寨代表指出,单边制裁阻碍了消除贫困和实现可持续发展目标的努力,严重影响了包括发展权在内的基本人权,违背国际法和联合国基本原则,破坏国际外交与合作准则。
巴勒斯坦、叙利亚代表指出,越来越多的证据表明,单边制裁造成的人道主义后果日趋严重,它导致联合国人道主义工作陷入困境,贫困和饥饿加剧,使最弱势群体更加脆弱。
南非、多哥代表指出,单边制裁违反联合国宪章、《世界人权宣言》和国际人道主义法,国际合作和建设性的长期对话仍然是解决争端的最有效手段。
不结盟运动、非洲组、观点相近国家小组、捍卫《联合国宪章》之友小组等发展中国家集体也表达了相近立场,形成反对非法单边制裁的强力声势。(完)
图说:这是9月13日在瑞士日内瓦拍摄的联合国人权理事会第57届会议的单边强制措施问题特别报告员互动对话现场。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.