Connect with us

Myanmar

မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၂၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၁,၁၈၃ ဦး ပါဝင်ယှဉ်ပြိုင်

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတစ်ခုတွင် မဲထည့်နေသူ ၂ ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် ဝင်ပြိုင်မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း (၁,၁၈၃) ယောက်ရှိပြီး ယခင်ရွေးကောက်ပွဲများထက် ပိုမိုများပြားသည် ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဆင်ဟွာသို့ ယနေ့ (နိုဝင်ဘာ ၁၂) ရက်တွင်ပြောသည်။
ဦးခင်မောင်ဦးက “PR စနစ်ဖြစ်လာတဲ့အခါ ကိုယ်စားလှယ်လောင်းတွေကို အမျိုးသမီးတွေပိုပြီး တိုးလာတဲ့ သဘောပဲ။ PR ကြတော့ ကိုယ်စားလှယ်အရေအတွက်ကို သတ်မှတ်ထားတဲ့ ဦးရေအတိုင်း ပေးတဲ့အခါမှာ ကိုယ်စားလှယ်တွေကများလာတယ်လို့ ဒီလိုတော့ ယေဘုယျသုံးသပ်လို့ရပါတယ်။ နောက်ပြီးတော့ အမျိုးသမီးတွေလည်း နိုင်ငံရေးမှာ ပိုပြီး စိတ်ဝင်စားလာတာ တိုးတက်လာတာ၊ မြင့်မားလာတဲ့သဘောလည်းဖြစ်ပါတယ်” ဟုပြောသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း (၉၀၈) ယောက် ရှိပြီး၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီး လွှတ်တော် ကိုယ်စား လှယ်လောင်း (၇၉၉) ယောက် ရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။
လာမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ကိုယ်စားလှယ်လောင်း (၃,၇၅၂) ယောက်နှင့် အမျိုးသမီး ကိုယ်စားလှယ်လောင်း (၁,၁၈၃) ယောက် အတည်ပြု ကြေညာထားပြီး ဖြစ်ကြောင်း သိရသည်။

ဒီမိုကရက်တစ်ပါတီ မှ ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုက “အမျိုးသမီးတွေများလာတာက ပိုပြီးအားရစရာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ရဲ့ အခြေအနေကို အမျိုးသမီးတွေက ပိုသိတယ်။ ကုန်ဈေးနှုန်းတွေ တက်တယ်ဆိုတာတွေကိုလည်း သူတို့က ဖြေရှင်းလိုတဲ့သဘောရှိတယ်လို့မြင်ပါတယ်။ အဲဒါကြောင့် အမျိုးသမီးတွေပါဝင်လာတယ်လို့ ထင်ပါတယ်။ ကျွန်မတို့ ပါတီက ၁၄ ယောက်ယှဉ်ပြိုင်မှာပါ။ အဲဒီထဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း တစ်ဝက်လောက်ပါပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၁၂ ရက်တွင်ပြောသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117