Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံတွင် ဒုတိယအကြိမ် ဆက်သွယ်ရေးကိရိယာပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၄ ဦးနှင့် ဒဏ်ရာရသူ ၄၅၀ ဦးအထိရှိလာ

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဈာပနအခမ်းအနားတစ်ခု၌ ကြိုးမဲ့ဆက်သွယ်ရေးကိရိယာ ပေါက်ကွဲပြီးနောက် ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တစ်ဦးက ကိုင်ဆောင်ထားသည့် ဘက်ထရီကိုဖယ်ရှားထားသော ကြိုးမဲ့ဆက်သွယ်ရေးကိရိယာအား တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံတစ်ဝန်း စက်တင်ဘာ ၁၈ ရက်က ကြိုးမဲ့ဆက်သွယ်ရေးကိရိယာပေါက်ကွဲမှုများကြောင့် သေဆုံးသူအရေအတွက် ၁၄ ဦးအထိရှိလာကာ ဒဏ်ရာရသူဦးရေမှာလည်း ၄၅၀ အထိ မြင့်တက်လာခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
စက်တက်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ဘေရွတ်မြို့ တောင်ဘက်ရပ်ကွက်နှင့် လက်ဘနွန်နိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ ဒေသများစွာတွင် ပေါက်ကွဲသံများကြားခဲ့ရသည်။
ဘေရွတ်မြို့ တောင်ဘက်တွင် ဟစ်ဇ်ဘိုလာအဖွဲ့ဝင် လေးဦး၏ ဈာပနအခမ်းအနား ကျင်းပနေစဉ်အတွင်း ကြိုးမဲ့ဆက်သွယ်ရေးကိရိယာတစ်ခု ပေါက်ကွဲခဲ့သလို ကားများနှင့် လူနေအဆောက်အအုံများ၌လည်း အလားတူပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုတွင် ပါဝင်သော စက်ကိရိယာများမှာ ဂျပန်နိုင်ငံထုတ် ICOM V82 အမျိုးအစား လမ်းလျှောက်စကားပြောစက်များဖြစ်သည်ကို တွေ့ရှိရကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြထားသည်။ ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်နိုင်ရန် အရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းများက အခင်းဖြစ်ပွားနေရာသို့ ဖြန့်ကျက်ရောက်ရှိလာခဲ့ကြသည်။
အခင်းဖြစ်ပွားရာနေရာသို့ ကျန်းမာရေးအဖွဲ့များ ဝင်ရောက်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် စုဝေးမနေကြရန် လက်ဘနွန် စစ်ဘက်ကွပ်ကဲရေးက ထုတ်ပြန်ထားသည်။
ယင်းဖြစ်ရပ်နှင့်စပ်လျဉ်း၍ ဟစ်ဇ်ဘိုလာဘက်မှ မှတ်ချက်ပြုထားခြင်းမရှိသေးပေ။
ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များ အသုံးပြုသော ပေဂျာစက်ဘက်ထရီများကို အစ္စရေးစစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ဖွယ်ရှိပြီး ကလေးငယ် နှစ်ဦး အပါအဝင် လူ ၁၂ ဦး သေဆုံးကာ ၂,၈၀၀ ခန့် ဒဏ်ရာရရှိခဲ့သည့် ယမန်နေ့တိုက်ခိုက်မှုပြီးနောက် ယခုလိုပေါက်ကွဲမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)


…………………………
(English Version)
Death toll from 2nd wave of communication device explosions in Lebanon rises to 14, injuries up to 450
BEIRUT, Sept. 18 (Xinhua) — The death toll in explosions of wireless communication devices across Lebanon on Wednesday rose to 14, with injuries up to 450, said the Lebanese Health Ministry.
Explosions were heard Wednesday afternoon in Beirut’s southern suburb and several regions in southern and eastern Lebanon.
Security reports indicated that a wireless communication device exploded in Beirut’s southern suburb during the funeral of four Hezbollah members, with similar explosions igniting fires in cars and residential buildings, resulting in several injuries.
Local media said the devices involved were identified as ICOM V82 models, walkie-talkie devices reportedly made in Japan. Emergency services were dispatched to the scene to transport the injured to local hospitals.
Meanwhile, the Lebanese Army Command issued a statement urging citizens not to gather near the sites of the incidents to allow medical teams to enter.
So far Hezbollah has not commented on the incident.
The explosions followed an attack a day ago, in which the Israeli military allegedly targeted pager batteries used by Hezbollah members, resulting in the deaths of 12 individuals, including two children, and approximately 2,800 injuries.
Photo 1: Photo taken on Sept. 18, 2024 shows a wireless communication device in the hand of a Hezbollah member, the battery of which was removed after a wireless communication device exploded during a funeral, in Beirut, Lebanon. (Xinhua/Bilal Jawich)