Connect with us

Social, Education & Health

ဆင်ဟွာ ဥက္ကဋ္ဌ ဖုဟွာက Andina ၊ TASS နှင့် Al Jazeera သတင်းအေဂျင်စီတို့မှ အကြီးအကဲများနှင့် တွေ့ဆုံ

ဆင်ဟွာသတင်းအေဂျင်စီ၏ ဥက္ကဋ္ဌ ဖုဟွာက ၆ ကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ပီရူးသတင်းအေဂျင်စီ Andina ၏ ညွှန်ကြားရေးမှူးချုပ် အယ်လ်ဘာတို ပက်ဇ်ကွီရို့ဇ်အား တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ လက်ခံတွေ့ဆုံနေပုံကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းအေဂျင်စီ၏ ဥက္ကဋ္ဌ ဖုဟွာက ၆ ကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ပီရူးသတင်းအေဂျင်စီ Andina ၏ ညွှန်ကြားရေးမှူးချုပ် အယ်လ်ဘာတို ပက်ဇ်ကွီရို့ဇ်အား အောက်တိုဘာ ၁၂ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ထိုသို့တွေ့ဆုံရာတွင် သတင်းဌာနနှစ်ခုအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု သမိုင်းကြောင်းနှင့် စပ်လျဉ်း၍ နှစ်ဖက် ဆွေးနွေးခဲ့ကာ တရုတ်-ပီရူး ဆက်ဆံရေး တိုးတက်မှုကို အကျိုးပြုရေး၊ တရုတ်နှင့် လက်တင်အမေရိက မီဒီယာများအကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှုနှင့် အပြန်အလှန်နားလည်မှုတို့အား မြှင့်တင်ရေး၊ ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများ၏ မီဒီယာဆိုင်ရာ ပညာရှင်အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု၊ ဉာဏ်ရည်တုနည်းပညာနှင့် မီဒီယာကဏ္ဍ အသွင်ကူးပြောင်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိရေး စသည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာက TASS သတင်းအေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ် အန်ဒရေ ကွန်ဒရာရှော့ဗ်အားလည်း အောက်တိုဘာ ၁၁ ရက်က ပေကျင်း၌ လက်ခံတွေ့ဆုံခဲ့သည်။

ဆင်ဟွာသတင်းအေဂျင်စီ၏ ဥက္ကဋ္ဌ ဖုဟွာက ၆ ကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် TASS သတင်းအေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ် အန်ဒရေ ကွန်ဒရာရှော့ဗ်အား တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ လက်ခံတွေ့ဆုံနေပုံကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ တွေ့ဆုံမှုအတွင်း ဖုက ပြီးခဲ့သည့်လတွင် BRICS မီဒီယာထိပ်သီးအစည်းအဝေးအား အောင်မြင်စွာ စီစဉ်ကျင်းပနိုင်ခဲ့ခြင်းအတွက် TASS သတင်းအေဂျင်စီအား ဂုဏ်ပြုစကားပြောကြားခဲ့သည်။ယခုနှစ်စပိုင်းကတည်းက သတင်းဌာနနှစ်ခုအကြား လက်တွေ့ကျ၍ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများက အကျိုးကျေးဇူးများပြားသော ရလဒ်များကို ဖြစ်ပေါ်စေခဲ့ကာ နှစ်ဖက်ဝန်ထမ်းအချင်းချင်း ကူးလူးဆက်ဆံမှုများကိုလည်း အဆင်ပြေချောမွေ့ စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ဖုက ဆိုသည်။

ဆင်ဟွာသတင်းအေဂျင်စီအနေဖြင့် TASS သတင်းအေဂျင်စီနှင့် အဆင့်မြင့် ကူးလူးဆက်ဆံမှုများ ခိုင်မာအောင် ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိပါကြောင်း ဖုက ပြောကြားခဲ့ကာ အရေးကြီးဖြစ်စဉ်များတွင် နှစ်ဖက် အပြန်အလှန်အထောက်အကူပေးရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး မူဘောင်များအရ ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင် လုပ်ဆောင်ရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

ကွန်ဒရာရှော့ဗ်ကလည်း ၆ ကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးအစည်းအဝေးအား တက်ရောက်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။ TASS သတင်းအေဂျင်စီအနေဖြင့် ဆင်ဟွာသတင်းအေဂျင်စီနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာစေရေးအတွက် ဆက်လက်လုပ်ဆောင်ရန်၊ ကူးလူးဆက်ဆံမှုနှင့် အပြန်အလှန်နားလည်မှုများ နက်နက်ရှိုင်းရှိုင်းရှိအောင် လုပ်ဆောင်ရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။
လာမည့် ၆ ကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးအစည်းအဝေးအား “ဉာဏ်ရည်တုနည်းပညာနှင့် မီဒီယာအသွင်ကူးပြောင်းရေး” ဟူသော ခေါင်းစဉ်ဖြင့် ဆင်ဟွာသတင်းဌာနနှင့် ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရတို့က ပူးတွဲကျင်းပသွားမည်ဖြစ်သည်။

ထို့အတူ ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာက Al Jazeera Media Network ၏ ယာယီညွှန်ကြားရေးမှူးချုပ် မိုစတီဖာ ဆူအက်ဂ်နှင့်လည်း အောက်တိုဘာ ၁၁ ရက်က ပေကျင်း၌ တွေ့ဆုံခဲ့ကာ သတင်းအေဂျင်စီနှစ်ခုအကြား ချစ်ကြည်ရင်းနှီးသော ကာလရှည် ပူးပေါင်းဆောင်ရွက်မှုများကို ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။ (Xinhua)
——————————————–
(English Version)
Xinhua president meets with Andina general director
BEIJING, Oct. 12 (Xinhua) — President of Xinhua News Agency Fu Hua on Saturday met with Felix Alberto Paz Quiroz, general director of the Peruvian news agency Andina, who is in China for the sixth World Media Summit.
The two sides discussed the history of friendly cooperation between the two agencies and expressed their willingness to strengthen cooperation on topics such as serving the development of China-Peru relations, promoting exchanges and mutual learning between Chinese and Latin American media, deepening cooperation among media think tanks of the Global South, artificial intelligence and media transformation. Enditem
President of Xinhua News Agency Fu Hua met with TASS Director General Andrey Kondrashov in Beijing on Friday.
Fu congratulated TASS on its successful hosting of the BRICS Media Summit last month.
Fu said that since the beginning of this year, the pragmatic and friendly cooperation between the two agencies has yielded fruitful results, and personnel exchanges between the two sides have been carried out smoothly.
Xinhua is willing to continue strengthening high-level exchange with TASS, Fu said, calling on the two sides to support each other’s major events and strengthen coordination and cooperation under multilateral frameworks.
Kondrashov said he is delighted to be attending the sixth World Media Summit. TASS is willing to continue strengthening practical cooperation with Xinhua News Agency, and to deepen exchange and mutual learning.
The upcoming sixth World Media Summit, themed “Artificial Intelligence and Media Transformation,” is being co-hosted by Xinhua News Agency and the People’s Government of the Xinjiang Uygur Autonomous Region.
President of Xinhua News Agency Fu Hua met with Acting Director General of Al Jazeera Media Network Mostefa Souag in Beijing on Friday. Fu commended the long-term friendly cooperation between Xinhua News Agency and the Al Jazeera Media Network. Enditem
English Caption 1
President of Xinhua News Agency Fu Hua meets with Felix Alberto Paz Quiroz, general director of the Peruvian news agency Andina, who is in China for the sixth World Media Summit, in Beijing, capital of China, Oct. 12, 2024. (Xinhua/Wang Ye)
English Caption 2
President of Xinhua News Agency Fu Hua meets with TASS Director General Andrey Kondrashov, who is in China to attend the sixth World Media Summit, in Beijing, capital of China, Oct. 11, 2024. (Xinhua/Wang Ye)