Connect with us

International Organizations

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲတွင် ပေါ်တူဂီက ပိုလန်အသင်းကို အနိုင်ရရှိ

အောက်တိုဘာ ၁၂ ရက် ညပိုင်းက ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပွဲစဉ်တစ်ပွဲဖြစ်သည့် ပိုလန်အသင်းနှင့် ပေါ်တူဂီအသင်းတို့ ပိုလန်အသင်း၏ National Stadium ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ပေါ်တူဂီအသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။နည်းပြ ရောဘတ်တို မာတီနက်ဇ်၏ ပေါ်တူဂီအသင်းက ပွဲအစတည်းက ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး ၎င်းတို့၏ အရည်အသွေးကို ပြသခဲ့သည်။ ပွဲချိန် ၂၆ မိနစ်တွင် ဘာနာဒိုဆေးလ်ဗားက အားပါသော မြေမကျကန်ချက်ဖြင့် ပေါ်တူဂီအသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။ ပွဲချိန် ၃၇ မိနစ်တွင် ခရစ္စတီယာနို ရော်နယ်ဒိုက ဒုတိယဦးဆောင်ဂိုးအား သွင်းယူခဲ့ပြီး အဆိုပါဂိုးမှာ ရော်နယ်ဒိုအနေဖြင့် ပေါ်တူဂီလက်‌ရွေးစင်အသင်းအတွက် ၁၃၃ ဂိုးမြောက် သွင်းဂိုးဖြစ်ကာ နိုင်ငံလက်ရွေးစင်အသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသည့် ၎င်း၏စံချိန်ကို ထပ်မံတိုးမြှင့်နိုင်ခဲ့သည်။
ပွဲကစားချိန် ၇၈ မိနစ်တွင် ပိုလန်အသင်းမှ ပီအော့တာ ဇီလင်စကီးက ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သော်လည်း ပိုလန်နောက်ခံကစားသမား ဂျန်ဘက်ဒ်နာရက်ခ်က ကိုယ့်ဂိုးကိုယ်သွင်းမိသည့်အတွက် ပွဲအပြီးတွင် ပေါ်တူဂီအသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အဆိုပါ အနိုင်ရလဒ်ကြောင့် ပေါ်တူဂီအသင်းမှာ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စု A1 တွင် နိုင်ပွဲ ၃ ပွဲ ရရှိထားကာ ရမှတ် ၉ မှတ်ဖြင့် ထိပ်ဆုံးမှဦးဆောင်လျက်ရှိသည်။


…..
တိုက်စစ်မှူး ဆီဆာပီရက်ဇ် ချီလီလက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရ
ချီလီလက်ရွေးစင်အသင်းနည်းပြ ရီကာဒို ဂါရီကာက ‌ကိုလံဘီယာအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် တိုက်စစ်မှူး ဆီဆာပီရက်ဇ်အား ခေါ်ယူအားဖြည့်ခဲ့ကြောင်း ချီလီဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာ ၁၂ ရက်၌ ပြောကြားခဲ့သည်။ အာဂျင်တီးနားကလပ် Defensa y Justicia ၌ ပါဝင်ကစားနေသည့် အသက် ၂၁ နှစ်အရွယ် ပီရက်ဇ်အား ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် အသင်းလူစာရင်းမှ နုတ်ထွက်သွားသည့် ကားလို့စ် ပလာစီယို့စ်အစား ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ချီလီဘောလုံးအဖွဲ့ချုပ်က ပြောကြားခဲ့သည်။


…..
အာရှစားပွဲတင်တင်းနစ် တံခွန်စိုက်ပြိုင်ပွဲ ကျား၊မ နှစ်ယောက်တွဲပြိုင်ပွဲ၌ တရုတ်ကစားသမားများ အနိုင်ရဗိုလ်စွဲ
အောက်တိုဘာ ၁၂ ရက်က ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် အာရှစားပွဲတင်တင်းနစ် တံခွန်စိုက်ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ လူငယ်ကစားသမားနှစ်ဦးဖြစ်သည့် Lin Shidong နှင့် Kuai Man တို့က ကျား၊မ နှစ်ယောက်တွဲပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည်။ တရုတ်စားပွဲတင်တင်းနစ် ကစားသမားနှစ်ဦးက အိုလံပစ် ငွေတံဆိပ်ဆုရှင်များဖြစ်သည့် မြောက်ကိုရီးယားနိုင်ငံမှ Ri Jong Sik နှင့် Kim Kum Yong တို့အား ၃ ပွဲ ၁ ပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ (Xinhua)
————————————–
(English Version)
Portugal beat Poland in UEFA Nations League
Portugal had a 3-1 victory over Poland in the UEFA Nations League at the National Stadium here on Saturday evening.
The team coached by Roberto Martinez proved their quality as they were an attacking side from the very beginning. In the 26th minute, Ruben Neves found Bruno Fernandes in the penalty area with a high cross, and the Manchester United midfielder passed to Bernardo Silva, who put the visitors ahead with a powerful volley into the far post.
Ronaldo then found a rebound to mark his 133rd goal for Portugal, extending his own record for most goals in the national team history.
Portugal controlled the game until the 78th minute, when Piotr Zielinski played a one-two with substitute Kacper Urbanski and fired past Diogo Silva to pull one back for Poland. However, their hope of equalizing was dashed after defender Jan Bednarek put the ball into his own net with a tackle with two minutes remaining. With their third victory from as many, Portugal stay on the top of Group A1 of the UEFA Nations League with nine points.
…..
Perez earns Chile call-up for World Cup qualifier against Colombia
Chile manager Ricardo Gareca has called up forward Cesar Perez to his squad for the team’s World Cup qualifier against Colombia, the Chilean football federation said on Saturday.
21-year-old Perez, who plays his club football for Argentina’s Defensa y Justicia, replaces Carlos Palacios, who withdrew from the squad for personal reasons, the federation said.
…..
China’s Lin/Kuai wins mixed doubles title at Asian Table Tennis Championships
China’s young duo Lin Shidong/Kuai Man claimed the mixed doubles title at the 27th Asian Table Tennis Championships on Saturday. The Chinese pair triumphed 3-1 over Olympic silver medalists Ri Jong Sik/Kim Kum Yong of the DPR Korea.