Connect with us

Culture & Entertainment

မြန်မာနိုင်ငံရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကျင်းပသည့် ချစ်စရာကောင်းသော ဆင်မကြီး မိုမို၏ အသက် ၇၁ နှစ်ပြည့်မွေးနေ့ပွဲ မိသားစုများ ပါဝင်ဆင်နွှဲ

မြန်မာနိုင်ငံ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ဆင်မကြီး မိုမို၏ ၇၁ နှစ်မြောက် မွေးနေ့ပွဲအား နိုဝင်ဘာ ၃ ရက်တွင် ကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ချစ်စဖွယ်ကောင်းသော အာရှဆင်မကြီး မိုမို၏ အသက် ၇၁ နှစ်ပြည့် မွေးနေ့ပွဲကို ပါဝင်ဆင်နွှဲကြရန် ယနေ့ (နိုဝင်ဘာ ၃ ရက်) လာရောက်လည်ပတ်သူများက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စုရုံးလျက်ရှိသည်။
သားနှစ်ဦးကို ဆင်မကြီး မိုမိုနှင့် မိတ်ဆက်ပေးရန် ခေါ်ဆောင်လာခဲ့သော အသက် ၃၆ နှစ်အရွယ် မဟန်စုရည်က “သားလေးတွေကို တိရစ္ဆာန်တွေအကြောင်း လေ့လာစေချင်တာရော သူတို့နဲ့နီးစပ်စေချင်တာရောကြောင့် ခေါ်လာခဲ့တာပါ” ဟု ရှင်းပြသည်။
“ဒီလိုမွေးနေ့ပွဲလေးတွေ လုပ်ပေးပြီးတော့ လူတွေက တိရစ္ဆာန်တွေကို အလေးထားဂုဏ်ပြုကြတယ်ဆိုတာ သူတို့ နားလည်ဖို့အရေးကြီးတယ်လေ” ဟု ၎င်းက ဆိုသည်။
“မနှစ်က လူတွေအရမ်းများတော့ မိုမို့ကို အဝေးကပဲ လှမ်းမြင်လိုက်ရတယ်။ ဒီနှစ်တော့ အရင်နှစ်ကလောက်တော့ လူမများတော့ဘူး” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
မိုမို့ကို စိတ်အားထက်သန်စွာ လာရောက်ကြည့်ရှုကြသူများအနက် အသက် ၁၀ နှစ်အရွယ် မယွန်းနဒီအိမ်ကလည်း မိုမို့မွေးနေ့ပွဲတွင် ပါဝင်ရခြင်းကြောင့် ပျော်ရွှင်ကြည်နူးရပုံကို အခုလိုပြောပြခဲ့သည်။ “သမီးက မိုမို့မွေးနေ့လုပ်မယ်ဆိုလို့ တိရစ္ဆာန်ရုံကို လာခဲ့တာပါ။ မိုမို့မွေးနေ့ပွဲ လာကြည့်တာ သုံးခါ လေးခါလောက်ရှိပြီ။ မိုမို့ကို ထပ်တွေ့ရတာ အရမ်းပျော်တာပဲ”
အသက် ၃၀ အရွယ် မသီရိမေဇော်က ဆင်မကြီးမိုမိုနှင့် ကာလကြာရှည် ဆက်စပ်မှုအား ပြောကြားရာတွင် “ငယ်ငယ်ကတည်းက ကျွန်မရဲ့ အဖေက မိုမိုရဲ့ မွေးနေ့ပွဲကြည့်ဖို့ တိရစ္ဆာန်ရုံကို ခေါ်လာခဲ့ပါတယ်။ ဒီကို နှစ်တိုင်း ရောက်ခဲ့ပြီးတော့ အခုလည်း ကျွန်မရဲ့ ကလေးတွေကိုလည်း ဆင်မကြီးမိုမိုကို မြင်တွေ့စေချင်ပါတယ်” ဟု ဆိုသည်။
“ဆင်မကြီးမိုမိုက ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒီပွဲက ကျွန်မရဲ့ မိဘတွေနဲ့ မိုမိုဆီကို လာခဲ့တဲ့ ကြည်နူးဖွယ်ကောင်းတဲ့အမှတ်တရတွေကို ပြန်ပြီး ရစေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အသက် ၈ နှစ်အရွယ်ရှိ မောင်အောင်ဘုန်းပြည့်က ဆင်များအား ကြံအစာကျွေးရင်း ၎င်း၏ စိတ်လှုပ်ရှား ပျော်ရွှင်မှုအား ပြောကြားခဲ့သည်။ “ဆင်တွေကို ချစ်လို့ သူတို့ကို ကြည့်ချင်လို့ လာခဲ့တာပါ။ ဆင်တွေက အကောင်ကြီးပြီး အားသန်ပေမဲ့ သူတို့ကို အစာကျွေးဖို့ မကြောက်ပါဘူး။ အခုက တိရစ္ဆာန်ရုံကို ပထမဆုံး လာတာပါ။ ဆင်တွေကို မြင်ရတဲ့အတွက် အရမ်းပျော်ပါတယ်” ဟု ပြောကြားခဲ့သည်။
အသက် ၁၁ နှစ်အရွယ် မောင်သွန်းဆက်အောင်ကလည်း မိုမိုအား ၎င်း၏ ချစ်ခင်မှုကို ပြောကြားရာတွင် “မိုမိုကို မြင်ချင်လို့ ဒီကို လာခဲ့တာပါ။ ဒါနဲ့ဆို သုံးကြိမ်ရှိပြီ။ သူက ထူးခြားပါတယ်” ဟု ဆိုသည်။
ဆင်မကြီး မိုမို၏ မွေးနေ့ပွဲအား ၎င်းအသက် ၆၀ ပြည့်သည့် ၂၀၁၃ ခုနှစ်မှစ၍ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ နှစ်စဉ် ကျင်းပလာခဲ့ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်ထွန်းက ပြောသည်။
နှစ်စဉ်နှစ်တိုင်း မိုမို၏ မွေးနေ့ပွဲက မိသားစုများနှင့် မိတ်ဆွေသူငယ်ချင်းများအား အတူတကွ ဆုံစည်းစေခဲ့ပြီး အားလုံးက မိုမို့ကို ချစ်မြတ်နိုးကြကာ လူသားများနှင့် တိရစ္ဆာန်များအကြား ထူးကဲသော ချည်နှောင်မှုကြောင့် တန်ဖိုးထားအသိအမှတ်ပြုကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)


……………………………………..
(English Version)
Feature: Families gather for beloved elephant’s 71st birthday at Yangon Zoo, Myanmar

YANGON, Nov. 3 (Xinhua) — Visitors at the Yangon Zoo, Myanmar were filled with excitement as they gathered on Sunday to celebrate Momo’s 71st birthday, honoring the beloved female Asian elephant.
Han Su Yee, 36, brought her family to introduce her two sons to Momo. “I want them to learn about animals and see them up close,” she explained.
“It is important for them to understand that people honor animals by celebrating birthdays,” she said.
“Last year, it was so crowded that I could only see Momo from a distance. This year, it is not as busy as before,” she added.
Among the enthusiastic crowd was ten-year-old Yoon Nadi Eain, who expressed her joy at being part of the celebration. “I came to the zoo to celebrate Momo’s birthday. This is my third or fourth time attending her birthday celebration, and I am so happy to see her again.”
Thiri May Zaw, 30, shared her long-standing connection to Momo that “Since I was a child, my father brought me to the zoo to see Momo’s birthday. I have come every year, and now I want my children to see Momo, too.”
“She has been a part of my life since I was young, and this event brings back fond memories of visiting Momo with my parents,” she said.
Eight-year-old Aung Bhone Pyae expressed his excitement while feeding sugarcanes to elephants. “I came to see the elephants because I love them. Even though they are big and strong, I am brave enough to feed them. This is my first visit to the zoo, and I am so happy to see the elephants.”
Thon Sett Aung, 11, shared his admiration for Momo “I wanted to see Momo, so I came here. This is my third time visiting her. She is unique.”
Momo’s birthday celebration has been held annually at the Yangon Zoo since 2013, when she turned 60, Than Myint Tun, Warden of the Yangon Zoological Garden said.
Each year, the celebration brings together families and friends, all united in their love for Momo and their appreciation for the special bond between humans and animals, he added.