Connect with us

International Organizations

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— တရုတ်နိုင်ငံက ဘိုင်ယန်မြူးနစ်အသင်း၏ အရေးအပါဆုံး ဈေးကွက်တစ်ခုအဖြစ် ဆက်ရှိနေသည်ဟု အသင်းဝာာဝန်ရှိသူ ပြောကြား
ဘိုင်ယန်မြူးနစ်အသင်း၏ အမှုဆောင် ဒုဥက္ကဋ္ဌဖြစ်သူ မိုက်ကယ် ဒီဒရစ်ခ်က ဂျာမနီတွင် စံချိန်တင်အောင်မြင်မှုများ ရရှိထားသော ဘိုင်ယန်မြူးနစ်အတွက် အရေးအပါဆုံး ဈေးကွက်တစ်ခုအဖြစ် တည်ရှိနေသည့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍအား အလေးထားပြောဆိုခဲ့သည်။
မကြာသေးမီက ဆင်ဟွာသတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခု၌ ဘိုင်ယန်အသင်း၏ ဘဏ္ဍာရေးမှူးချုပ်လည်းဖြစ်သည့် အသက် ၅၉ နှစ်အရွယ် ဒီဒရစ်ခ်က ဘိုင်ယန်အနေဖြင့် တရုတ်နိုင်ငံ၌ တည်ရှိမှုကို ဆက်လက်ထိန်းထားကာ တရုတ်နိုင်ငံမှ မိတ်ဖက်အဖွဲ့အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
…..
— ဩစတြေးလျက ၂၀၂၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲ ကျင်းပမည့်ရက်နှင့် အားကစားကွင်းများအား ကြေညာ
၂၀၂၆ အာရှဘောလုံးအဖွဲ့ချုပ် (AFC) အမျိုးသမီး အာရှဖလားပြိုင်ပွဲအား ဩစ‌‌တြေးလျနိုင်ငံတွင် မတ်လ ၁ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ဩစတြေးလျ ဘောလုံးအဖွဲ့ချုပ် (FA) က တရားဝင် ကြေညာခဲ့သည်ဟု နိုဝင်ဘာ ၁၃ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
နိုဝင်ဘာ ၁၂ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ပြုလုပ်သည့် တတိယအကြိမ်မြောက် အေအက်ဖ်စီ အမျိုးသမီးဘောလုံးကော်မတီ အစည်းအဝေးအပြီးတွင် ယင်းဆုံးဖြတ်ချက်များအား ကြေညာခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါပြိုင်ပွဲအား ဩစ‌တြေးလျနိုင်ငံ၏ ပြည်နယ်များဖြစ်သည့် ကွင်းစ်လန်း၊ အနောက်ဩစ‌တြေးလျနှင့် နယူးဆောက်ဝေးစ်ရှိ ဂိုးလ်ကို့စ်၊ ပါ့သ်နှင့် ဆစ်ဒနီမြို့တို့တွင် အိမ်ရှင်အဖြစ် အသီးသီး လက်ခံကျင်းပသွားမည်ဖြစ်သည်။
…..
— ဘာရိန်းအသင်းနှင့် ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် တရုတ်အသင်းခေါင်းဆောင် ဝူလေ ပါဝင်နိုင်မည်မဟုတ်
ဒူးဒဏ်ရာရရှိထားသည့် တရုတ်လက်ရွေးစင် အသင်းခေါင်းဆောင် ဝူလေအား ဘာရိန်းအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲဝင် အသင်းလူစာရင်းမှ ချန်လှပ်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၄ ရက် ပွဲစဉ်အတွက် ကြံ့ခိုင်မှုပြည့်ဝခြင်းမရှိဟု ဆေးအဖွဲ့က အတည်ပြုပြီးနောက် ဝူသည် ဒူဘိုင်းရှိ တရုတ်အသင်း၏ လေ့ကျင့်ရေးစခန်းမှ ပြန်လည်ထွက်ခွာလာခဲ့သည်။
တရုတ်အသင်းသည် နိုဝင်ဘာ ၁၂ ရက်၌ လေ့ကျင့်မှုများကို အပြီးသတ်ကာ ဘာရိန်းသို့ ထွက်ခွာမည်ဖြစ်သည်။ တရုတ်အသင်းက အသင်း‌ခြောက်သင်း ပါဝင်သည့် အုပ်စု- C ၌ လေးပွဲကစားပြီးချိန်တွင် သုံးမှတ်ရရှိထားကာ ဘာရိန်းအသင်းကမူ ငါးမှတ်ရရှိထားပြီး အဆင့်-၄ နေရာ၌ ရပ်တည်လျက်ရှိသည်။ (Xinhua)


………………………..
(English Version)
China remains one of Bayern’s most important markets, says club official
Bayern Munich’s executive vice chairman Michael Diederich has highlighted China’s role as one of the most important markets for the German record champions.
In a recent interview with Xinhua, 59-year-old Diederich, also the club’s CFO, stated that Bayern will maintain a presence in China and continue intensive collaborations with Chinese partners.
…..
Australia announces venues, dates for 2026 Women’s Asian Cup
Football Australia (FA) has officially recommended the 2026 Asian Football Confederation (AFC) Women’s Asian Cup to take place from March 1 to 21 in Australia, a press release said Wednesday.
The decisions were announced following the 3rd AFC Women’s Football Committee meeting held in Kuala Lumpur, Malaysia on Tuesday, said the release. The tournament will be hosted across the Gold Coast, Perth and Sydney, in Australia’s states of Queensland, Western Australia (WA) and New South Wales (NSW), respectively.
…..
Wu Lei ruled out of China’s WC qualifier against Bahrain
Captain Wu Lei has been left out of the China squad for the upcoming FIFA World Cup qualifier against Bahrain with a knee injury. Wu left China’s training camp in Dubai after he was confirmed unfit for Thursday’s match by medical staff.
China will conclude its training camp on Tuesday before heading to Bahrain. After four matches, China sits bottom of Group C with three points, while Bahrain has five points and sits fourth in the six-team group