Connect with us

Africa & Middle East

Hot Q & A | လက်ဘနွန်-အစ္စရေး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုင်ရာ မေးခွန်း ၃ ရပ်

လက်ဘနွန်-အစ္စရေး နယ်စပ်ဒေသ အစ္စရေးဘက်အခြမ်းမှ ရိုက်ကူးသော လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ပျက်စီးနေသည့် အဆောက်အဦများဓာတ်ပုံအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်/ဘေရွတ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
ပေကျင်း၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံ လုံခြုံရေး အစိုးရအဖွဲ့က ၁၀ မဲ ၁ မဲ ရလဒ်ဖြင့် အစ္စရေးနှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အတည်ပြုခဲ့ကြောင်း အစ္စရေး ဝန်ကြီးချုပ်ရုံးက နိုဝင်ဘာ ၂၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဟစ်ဇ်ဘိုလာဘက်က အဆိုပါသဘောတူညီချက်ပါ အကြောင်းအရာများကို သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။
သဘောတူညီချက်ပါ အကြောင်းအရာများမှာ အဘယ်နည်း။ သက်ဆိုင်ရာအဖွဲ့များက မည်သို့ သဘောထားရှိ သနည်း။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ရှေ့ရေးအလားအလာ မည်သို့ရှိသနည်း။

သဘောတူညီချက်ပါ အကြောင်းအရာများ
အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် နိုဝင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီ (ပေကျင်းစံတော်ချိန် နံနက် ၁၀ နာရီ) တွင် စတင်အသက်ဝင်ခဲ့ကြောင်း အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ သဘောတူညီချက်တွင် လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် လက်ဘနွန် လက်နက်ကိုင်အဖွဲ့အားလုံးသည် အစ္စရေးကို မည်သည့်တိုက်ခိုက်မှုမျှမပြုရန် ကတိပြုထားပြီး အစ္စရေးစစ်တပ်ကလည်း လက်ဘနွန် နယ်မြေအတွင်းရှိ ပစ်မှတ်များကို စစ်ရေး တိုက်ခိုက်မှုများ ရပ်တန့်မည်ဖြစ်ကာ လက်ဘနွန်နှင့် အစ္စရေး နှစ်နိုင်ငံလုံးသည် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။ လက်ဘနွန်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့များနှင့် စစ်တပ်များသည် လက်ဘနွန်တောင်ပိုင်းတွင် လက်နက်များ သယ်ဆောင်ရန် သို့မဟုတ် တပ်ဖွဲ့ဖြန့်ကြက်ရန် အခွင့်အာဏာရှိသော အဖွဲ့များ ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

သဘောတူညီချက် အကောင်အထည်ဖော်မှုကို ကြီးကြပ်ရန် လက်ဘနွန်-အစ္စရေး နှစ်ဖက်လုံးက ကော်မတီတစ်ရပ်ဖွဲ့စည်းမည်ဖြစ်ပြီး လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) နှင့် ပူးပေါင်းဆောင်ရွက်၍ သဘောတူညီချက်အား ချိုးဖောက်သည့်လုပ်ရပ်များကို အစီရင်ခံမည်ဖြစ်သည်။ အစ္စရေးက ရက်ပေါင်း ၆၀ အတွင်း လက်ဘနွန်တောင်ပိုင်းမှ တဖြည်းဖြည်း ဆုတ်ခွာသွားမည်ဖြစ်ပြီး နယ်စပ်ပြဿနာများနှင့် ပတ်သက်၍ တိုက်ရိုက်မဟုတ်သော စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ကာ နိုင်ငံတကာအသိအမှတ်ပြု နယ်နိမိတ်သတ်မှတ်ရေး ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်သည်။

အစ္စရေးသည် လက်ဘနွန်တွင် ကြားခံဇုန်ထူထောင်ရန် ရည်ရွယ်ချက်မရှိကြောင်းနှင့် အစ္စရေးစစ်တပ်အားလုံးကို လက်ဘနွန်-အစ္စရေးနယ်စပ်ရှိ “အပြာရောင်မျဉ်း” ၏ အစ္စရေးဘက်ခြမ်းသို့ ဆုတ်ခွာသွားမည်ဖြစ်ကြောင်း၊ လက်ဘနွန်အရပ်သားများကို လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာများနှင့် မြို့များသို့ ပြန်ခွင့်ပြုမည်ဖြစ်ကြောင်း၊ လက်ဘနွန်-အစ္စရေး ပဋိပက္ခကြောင့် နယ်စပ်ဒေသများမှ ရွှေ့ပြောင်းစွန့်ခွာသွားခဲ့သော အစ္စရေးပြည်သူများလည်း နေရပ်များသို့ ပြန်လာနိုင်မည်ဟု ခန့်မှန်းထားကြောင်း အခြားအစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

သက်ဆိုင်ရာအဖွဲ့များ၏ တုံ့ပြန်ချက်များ
အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက “အကောင်အထည်ဖော်နိုင်တဲ့ သဘောတူညီချက်ကသာ ကောင်းမွန်တဲ့ သဘောတူညီချက်ဖြစ်ပြီး ကျွန်တော်တို့ သေချာပေါက် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်” ဟု နိုဝင်ဘာ ၂၆ ရက်က ထုတ်ပြန်သည့် ဗီဒီယို ကြေညာချက်တွင် ပြောကြားခဲ့သည်။ အကယ်၍ ဟစ်ဇ်ဘိုလာအဖွဲ့သည် သဘောတူညီချက်ကို ချိုးဖောက်ပြီး လက်ဘနွန်-အစ္စရေးနယ်စပ်တွင် လက်နက်ကိုင်တပ်ဖွဲ့များကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းပါက အစ္စရေးအနေဖြင့် တန်ပြန်တိုက်ခိုက်မည်ဖြစ်သည်။ ဟစ်ဇ်ဘိုလာအဖွဲ့၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်သည့် လုပ်ရပ်မှန်သမျှအတွက် အစ္စရေးက အားလုံးကို အင်အားသုံး တုံ့ပြန်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ နိုင်ငံရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ Mahmoud Qamati က သဘောတူညီချက်အပေါ် ဟဇ်ဘိုလာအဖွဲ့သဘောထားသည် အစ္စရေးက ထပ်မံ တိုက်ခိုက်မှု ပြုခြင်း ရှိ/ မရှိပေါ် မူတည်ကြောင်း Al Jazeera Arabic ရုပ်မြင်သံကြား၏ မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ ဟစ်ဇ်ဘိုလာအဖွဲ့ဘက်က သဘောတူညီချက်ပါ အကြောင်းအရာများကို သုံးသပ်ဆဲဖြစ်ပြီး “ကျွန်တော်တို့အနေနဲ့ကတော့ ကျူးကျော်မှုကို အဆုံးသတ်ဖို့ မျှော်လင့်တာပေါ့၊ ဒါပေမဲ့ လက်ဘနွန်နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုတော့ ပေးဆပ် စတေးလိုက်လို့တော့မရဘူး” ဟု Qamati က ထပ်မံပြောကြားခဲ့သည်။

လက်ဘနွန်အစိုးရက ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၇၀၁ ကို အားစိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း လက်ဘနွန်ဝန်ကြီးချုပ် Najib Mikati က နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု လက်ဘနွန် နိုင်ငံပိုင်သတင်းအေဂျင်စီ(NNA)၏ ဖော်ပြချက်များအရ သိရသည်။ လက်ဘနွန် စစ်တပ်က တောင်ပိုင်းရှိဒေသများ၌ တည်ရှိမှုကို အင်အားဖြည့်သွားမည် ဖြစ်ပြီး လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အစ္စရေးက အပစ်ရပ်ရေးစာချုပ်ကို လေးစားလိုက်နာရန်၊ ၎င်းတို့သိမ်းပိုက်ထားသည့် ဒေသများမှ ထွက်ခွာသွားရန် စောင့်ကြည့်တွန်းအားပေးကြရန် Najib Mikati က နှိုးဆော်တိုက်တွန်းထားသည်။

အစ္စရေးနှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့ အပစ်ရပ်ရေး သဘောတူညီချက်ရရှိသည့်အပေါ် ကြိုဆိုကြောင်း၊ ဤသဘောတူစာချုပ်က အစ္စရေး-လက်ဘနွန် နှစ်နိုင်ငံပြည်သူများ ခံစားနေရသည့် အကြမ်းဖက်မှု၊ ဖျက်ဆီးမှုနှင့် အခက်အခဲဒုက္ခများကို အဆုံးသတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က နိုဝင်ဘာ ၂၆ ရက် ညပိုင်းက ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။ အားလုံးက သဘောတူစာချုပ်အရ ပြုထားသည့်ကတိကဝတ်များကို ဘက်စုံလေးစားလိုက်နာ၍ အမြန်ဆုံး အကောင်အထည်ဖော်ကြရန်၊ ချက်ချင်းအစီအမံများ ဆောင်ရွက်ကာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို ဘက်စုံ ဖော်ဆောင်ကြရန် ဂူတာရက်စ်က တိုက်တွန်းခဲ့သည်။

သဘောတူညီချက်၏ ရှေ့ရေးအလားအလာ

အစ္စရေးနိုင်ငံ Bar-Ilan တက္ကသိုလ် Begin-Sadat မဟာဗျူဟာ သုတေသနစင်တာ ဒါရိုက်တာ Eitan Shamir က အပစ်ရပ်ခြင်းက ယာယီသာဖြစ်ပြီး ရက်ပေါင်း ၆၀ ဖြစ်နိုင်ရာ သဘောတူညီချက် အမှန်တကယ် ဖော်ဆောင်မှု ရှိမရှိ စောင့်ကြည့်ရန် လိုအပ်သည်ဟု ဆိုသည်။
ဂျေရုဆလမ် Hebrew တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာရှင် Yonatan Freeman က ဖုံးကွယ်နေသည့် မသေချာမရေရာမှုနှင့် ပဋိပက္ခအန္တရာယ်များ တည်ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးပြည်တွင်းတွင် အပစ်ရပ်ရေး ဆန့်ကျင်သည့်အသံမှာ လျော့နည်းပြတ်တောက်သွားသည်ဟူ၍ မရှိပေ။ အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး Itamar Ben-Gvir က နေတန်ယာဟုအား အပစ်အခတ်ရပ်စဲရန် ၎င်း ငြင်းပယ်ခဲ့ခြင်းက ”ဆိုးရွားသည့် အမှားယွင်းမှု” ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း The Times of Israel သတင်းတွင် ဖော်ပြထားသည်။

အစ္စရေးက ရန်လိုလှုပ်ရှားမှုများကို ရပ်တန့်ရန် လက်ခံခဲ့သော်လည်း လက်ဘနွန် ဟစ်ဇ်ဘိုလာအပေါ် တိုက်ခိုက်သည့် စစ်ပွဲကို ရပ်တန့်ခြင်း မဟုတ်ကြောင်း၊ “ကျွန်တော်တို့က အပစ်ရပ်မှု ဘယ်လောက်ကြာမလဲ မသိဘူး၊ တစ်လဖြစ်နိုင်တယ်၊ တစ်နှစ်လည်း ဖြစ်နိုင်တယ်” ဟု အမည်မဖော်လိုသည့် အစ္စရေး အဆင့်မြင့်အရာရှိက The Times of Israel ကို ပြောကြားခဲ့သည်။

အပစ်ရပ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးစေကာမူ အစ္စရေးက လက်ဘနွန်တွင် ပစ်မှတ်ထားလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ထားဆဲဖြစ်ပြီး ၎င်းမှာ လက်ဘနွန်ဘက်က ပြတ်ပြတ်သားသား တုံ့ပြန်မှုများ ဖြစ်ပွားစေမည်ဟု လက်ဘနွန်သုံးသပ်သူများက ယူဆကြသည်။ အကယ်၍ အစ္စရေးဘက်က ဤကဲ့သို့သော လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်မည်ဆိုပါက လက်ဘနွန်ဟစ်ဇ်ဘိုလာက လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


………………………….
(Chinese Version)

热点问答|黎以停火协议三问
以色列总理办公室26日发表声明说,以安全内阁当晚以10比1的投票结果批准以色列与黎巴嫩真主党的停火协议。真主党方面表示,正在评估协议内容。   协议内容是什么?相关方面有何表态?停火协议前景如何?
协议内容
据以色列媒体报道,这一停火协议于当地时间27日凌晨4时(北京时间10时)生效。协议规定,黎巴嫩真主党及所有黎巴嫩武装团体承诺不对以色列发动任何攻击,以军停止对黎境内目标的军事打击,黎以两国均保有自卫权。黎安全部队和军队将是被授权在黎南部携带武器或进行部署的实体。
为监督协议执行,黎以双方将设立一个委员会,并与联合国驻黎巴嫩临时部队(联黎部队)合作,报告违反协议的行为。以方将在60天内逐步撤出黎巴嫩南部,并就边界问题展开间接谈判,力求达成国际公认的边界划定。
另据以色列媒体报道,以方无意在黎巴嫩境内设立缓冲区,以军将全部撤至黎以边境“蓝线”以方一侧。黎巴嫩平民将被允许返回黎南部村镇。因黎以冲突此前撤离边境地区的以色列居民预计也将重返家园。
相关反应
以色列总理内塔尼亚胡26日发表视频声明说,“能够执行的协议才是好协议,我们一定会执行”。如果真主党违反协议,试图在黎以边境地带重建武装,以色列将发动反击。对真主党任何违反停火协议的行为,以色列都将以武力回应。
黎巴嫩真主党政治委员会副主席马哈茂德·卡迈提接受半岛电视台采访时表示,真主党对协议的态度取决于以色列是否会再次发动袭击。卡迈提还说,真主党方面正评估协议内容,“我们当然希望侵略结束,但不能以牺牲黎巴嫩国家主权为代价”。
据黎巴嫩国家通讯社报道,黎巴嫩总理纳吉布·米卡提26日表示,黎政府致力于执行联合国安理会第1701号决议。黎军将强化在南部地区的存在,与联黎部队紧密合作。米卡提呼吁国际社会督促以色列遵守停火协议,撤出其占领的所有地区。
联合国秘书长古特雷斯26日晚发表声明,欢迎以色列与黎巴嫩真主党达成停火协议,希望这一协议可以结束以黎两国人民所承受的暴力、破坏和苦难。古特雷斯敦促各方全面遵守并迅速履行根据该协议所做承诺,立即采取措施,全面执行安理会第1701号决议。
协议前景
以色列巴尔伊兰大学贝京-萨达特战略研究中心主任埃坦·沙米尔认为,停火只是暂时性的,可能持续60天,需要观察协议是否得到真正落实。耶路撒冷希伯来大学国际关系学者约纳坦·弗里曼表示,潜在的不确定性和冲突风险依然存在。
以色列国内不乏反对停火声音。《以色列时报》报道,以色列国家安全部长本-格维尔告诉内塔尼亚胡,他拒绝停火提议,并称其为“一个严重错误”。
另有以色列高级官员26日以匿名方式告诉《以色列时报》,以方接受停止敌对行动,但并不结束对黎巴嫩真主党的战争。“我们不知道停火会持续多久,可能是一个月,也可能是一年。”
黎巴嫩分析人士认为,即使签署停火协议,以色列仍决心继续在黎巴嫩进行有针对性的行动,这可能引起黎巴嫩方面坚决回应。如果以方继续采取此类行动,黎巴嫩真主党将予以报复。(完)
1. 这是11月27日从黎巴嫩和以色列边境地区以色列一侧拍摄的黎南部损毁建筑。新华社发(贾马尔·阿瓦德摄)