Connect with us

International Organizations

တစ်ကမ္ဘာလုံး နျူကလီးယားစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏ ၂၀၂၅ ခုနှစ်တွင် စံချိန်သစ်တင်မည်ဟု နိုင်ငံတကာ စွမ်းအင်အေဂျင်စီဆို

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ကျန်းကျိုး နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ အမှတ် ၁ ယူနစ်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကျန်းကျိုး နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ)

ပဲရစ်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာခြင်း၊ နည်းပညာများတိုးတက်လာခြင်းနှင့် မူဝါဒအရ ထောက်ခံအားပေးမှုများ ရရှိလာခြင်းကြောင့် နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြင့်တက်လာပြီး တစ်ကမ္ဘာလုံးရှိ နျူကလီးယားဓာတ်ပေါင်းဖို ၄၂၀ နီးပါး၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏသည် ၂၀၂၅ ခုနှစ်တွင် စံချိန်သစ်တင်လာနိုင်သည်ဟု ဇန်နဝါရီ ၁၆ ရက်က ထုတ်ပြန်သည့် နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) အစီရင်ခံစာအရ သိရသည်။
တစ်ကမ္ဘာလုံးတွင် လက်ရှိတည်ဆောက်နေသည့် နျူကလီးယားစွမ်းအင်ဖြင့် လည်ပတ်သော ဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင် စွမ်းအားသစ်သည် ၇၀ ဂဂ္ဂါဝပ် (GW) ထက်ကျော်လွန်နေကာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း အဆင့်မြင့်ဆုံး ဖြစ်လာကြောင်း၊ တစ်ကမ္ဘာလုံးတွင် နိုင်ငံနှင့် ဒေသပေါင်း ၄၀ ကျော်က မိမိတို့နိုင်ငံနဲ့ဒေသ စွမ်းအင်စနစ်တွင် နျူကလီးယားစွမ်းအင်၏ အခန်းကဏ္ဍကို တိုးချဲ့ရန် စီစဉ်လျက်ရှိကြောင်း အထက်ပါအစီရင်ခံစာအရ သိရသည်။ တစ်ကမ္ဘာလုံးတွင် တည်ဆောက်ဆဲ နျူကလီးယား ဓာတ်အားပေးစက်ရုံ စီမံကိန်းများအနက် အများစုမှာ တရုတ်နိုင်ငံတွင် တည်ရှိသည်။ လက်ရှိတွင် နျူကလီးယားစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် တစ်ကမ္ဘာလုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏ၏ ၁၀ ရာခိုင်နှုန်းနီးပါးရှိပြီး ရေအားလျှပ်စစ်ပြီးနောက် ဒုတိယမြောက် စွန့်ထုတ်မှုနည်းသည့် လျှပ်စစ်ဓာတ်အားအရင်းအမြစ်ဖြစ်သည်။
နျူကလီးယားနည်းပညာ၏ ဆန်းသစ်တီထွင်မှုသည် စီမံကိန်းသစ်များ ဖော်ဆောင်ရန် အထောက်အကူပြုကြောင်း အစီရင်ခံစာတွင် အလေးထားဖော်ြပထားသည်။ မော်ဂျူးငယ် ဓာတ်ပေါင်းဖိုများသည် ပမာဏအတန်အသင့်သေးငယ်သော ဓာတ်ပေါင်းဖိုဖြစ်ကာ တည်ဆောက်မှုအမြန်နှုန်း ပိုမိုမြန်ဆန်၍ အရင်းအနှီးကို ပိုမို၍လျှော့ချပေးနိုင်သည်။ မော်ဂျူးငယ် ဓာတ်ပေါင်းဖိုကို အသုံးပြုခြင်းသည် ရင်းနှီးငွေကိုလျှော့ချနိုင်သည်။ အတန်အသင့်ပံ့ပိုးမှုဖြင့် ၂၀၄၀ ပြည့်နှစ်တွင် မော်ဂျူးငယ် ဓာတ်ပေါင်းဖိုများ၏ စက်တပ်ဆင်စွမ်းအားသည် ၈၀ ဂဂ္ဂါဝပ်အထိ ရှိလာနိုင်ပြီး တစ်ကမ္ဘာလုံး နျူကလီးယားစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စက်တပ်ဆင် စွမ်းအား၏ ၁၀ ရာခိုင်နှုန်းအထိ ရှိလာနိုင်သည်။
အစိုးရသည် နျူကလီးယားစွမ်းအင် ခေတ်သစ်သို့ လျှောက်လှမ်းရာတွင် ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု အစီရင်ခံစာက ယူဆထားသည်။ အစိုးရက အင်အားတောင့်တင်း၍ အမျိုးအစားစုံလင်သော ထောက်ပံ့ရေးကွင်းဆက်တည်ဆောက်ခြင်း၊ ကျွမ်းကျင်သော လုပ်သားအင်အား ပျိုးထောင်ခြင်း၊ ဆန်းသစ်တီထွင်မှုကို ထောက်ခံအားပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆုံးရှုံးနိုင်ခြေကိုလျှော့ချသည့် ယန္တရားအသုံးပြုခြင်းနှင့် ဘဏ္ဍာရေးအရ တိုက်ရိုက်ပံ့ပိုးခြင်း၊ ထိရောက်၍ ပွင့်လင်းမြင်သာသော နျူကလီးယား လုံခြုံရေး ဥပဒေစည်းမျဉ်းနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု စည်းကမ်းများ သတ်မှတ်ခြင်းတို့ အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် အစီအမံများ ဖော်ဆောင်ရန်လိုအပ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟွာနန် ဆန်းတုန်း ရှီးသောင်ပင်လယ်ကွေ့ နျူကလီးယား လျှပ်စစ်ဓာတ်အားစွမ်းအင် ကုမ္ပဏီလီမိတက် လည်ပတ်ရေးဌာန နည်းပညာဝန်ထမ်းက စက်ခန်းအတွင်း စက်များလည်ပတ်မှုကို စောင့်ကြည့်နေမှုအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
国际能源署:全球核电发电量将在2025年达新高
新华社巴黎1月16日电(记者罗毓)国际能源署16日发布报告说,随着投资增加、新技术进步和政策支持,核能发展将加速,全球近420座核反应堆的发电量有望在2025年达到新高。
据报告介绍,全球正在建设的核电新装机容量超过70吉瓦,为过去30年来的最高水平之一,全球有40多个国家和地区计划扩大核能在其能源系统中的作用。全球在建核电项目中,中国占大多数。目前核电占全球发电量的近10%,是仅次于水电的第二大低排放电力来源。
报告强调,核技术的创新有助于推动新项目的发展。小型模块化反应堆是一种规模较小的反应堆,建造速度更快,降低成本的空间更大。引入小型模块化反应堆可以降低融资成本。在适当的支持下,到2040年,小型模块化反应堆的装机容量可能达到80吉瓦,占全球核电总容量的10%。
报告认为,政府在迈向核能新时代具有主导作用。政府需要采取广泛的措施,包括建设强大而多样的供应链、培养熟练劳动力、支持创新、引入投资去风险机制以及直接财政支持、制定有效透明的核安全法规与废物管理规定。(完)
图说1:2025年1月1日拍摄的漳州核电1号机组(画面左侧)(无人机照片)。新华社发(漳州核电供图)
图说2:2024年10月18日,华能山东石岛湾核电有限公司运行部技术人员在厂房内监控设备运行。新华社记者 梁旭 摄