Connect with us

Africa & Middle East

ဂါဇာအပစ်ရပ်ရေး ကနဦး အသက်ဝင်၊ ရေရှည် ငြိမ်းချမ်းရေး ထိလွယ်ရှလွယ် ဖြစ်နေဆဲ

ဂါဇာ ကမ်းမြောင်ဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်များကို ကြိုဆိုနေသော ပါလက်စတိုင်းပြည်သူလုထုအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေးနှင့် အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်သည် ဒေသစံတော်ချိန် ဇန်နဝါရီ ၁၉ ရက် ၁၁ နာရီ ၁၅ မိနစ်တွင် တရားဝင် အသက်ဝင်ပြီဖြစ်သည်။ ထိုနေ့ညပိုင်းတွင် ဂါဇာကမ်းမြောင်၌ ဖမ်းဆီးထိန်းသိမ်းထားခံရသော အစ္စရေး ၃ ဦးကို ပါလက်စတိုင်း အစ္စလာမ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) က ပြန်လွှတ်ပေးခဲ့ရာ အစ္စရေးသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။ ဇန်နဝါရီ ၂၀ ရက်တွင် လွတ်မြောက်သည့် ပါလက်စတိုင်းသားများကို တင်ဆောင်သော မော်တော်ယာဉ်သည် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းမြို့ Ramallah အနီးရှိ Beitunia သို့ ရောက်ရှိခဲ့သည်။

သို့ပေငြားလည်း သဘောတူညီချက် အသက်ဝင်ရေးမှာ ရှောရှောရှူရှူ အဆင်ပြေပြေ ဖြစ်လာခြင်း မဟုတ်ဘဲ မူလ သတ်မှတ်သည့် အချိန်ထက် ၃ နာရီ နောက်သို့ ရွှေ့ဆိုင်းခဲ့ရသည်။ အကြောင်းရင်းမှာ အစ္စရေးက ဟားမက်စ်ပေးသည့် အစီအစဉ်ဖြစ်သော ယင်းနေ့တွင် လွှတ်ပေးမည့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၏ အမည်စာရင်းကို မရရှိဟု ဆိုသောကြောင့် ဖြစ်သည်။ ထို့နောက်မကြာမီ အစ္စရေး အမြောက်တပ်နှင့် တိုက်လေယာဉ်များက ဂါဇာကမ်းမြောင် မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ပစ်မှတ်အများအပြားကို တိုက်ခိုက်ခဲ့သည်။

သုံးသပ်သူများက ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အသစ်တစ်ဖန်ဖြစ်ပွားသည့် ၁၅ လကြာကာလပြီးနောက် နောက်ဆုံး ဂါဇာကမ်းမြောင်တွင် ငြိမ်းချမ်းရေး ရောင်နီသန်းလာပြီ ဖြစ်ကြောင်း ထောက်ပြသည်။ သဘောတူညီချက် အသက်ဝင်ရန် အခက်အခဲများစွာ ဖြတ်သန်းခဲ့ရခြင်းက ၎င်းကို ဘက်စုံ အကောင်အထည်ဖော်ရန် စိန်ခေါ်မှု အထပ်ထပ် ရှိနေသေးပြီး ငြိမ်းချမ်းရေးအခြေခိုင်ရန် ထိလွယ်ရှလွယ်ရှိဆဲ ဖြစ်ကြောင်းကို ကြိုတင်နိမိတ်ပြခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

အပစ်ရပ်ရေးသဘောတူညီချက် အကောင်အထည်ဖော်ရန် စိန်ခေါ်မှုများစွာ ရှိ

အပစ်ရပ်ရေးသဘောတူညီချက် အသက်ဝင်ပြီးနောက် လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပစ္စည်းများကို ရာဖာနယ်စပ်ဂိတ်မှ ဂါဇာကမ်းမြောင်ဒေသသို့ စတင် ပို့ဆောင်ခဲ့သည်။ ဇန်နဝါရီ ၁၉ ရက်က လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ်များသည် အစ္စရေးဘက်က စစ်ဆေးမှုအပြီးတွင် ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်ခဲ့ကြောင်း၊ ယင်းအထောက်အပံ့ပစ္စည်းများအား ဒေသခံပြည်သူများကို အမြန်ဆုံး ခွဲဝေပေးသွားမည် ဖြစ်ကြောင်း ပါလက်စတိုင်း လုံခြုံရေးဌာန လူပုဂ္ဂိုလ်တစ်ဦးက ဆင်ဟွာ သတင်းထောက်ကို ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ထောင်သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြသော ပါလက်စတိုင်းသားများ အိမ်ပြန်လမ်းကို လျှောက်လှမ်းလာကြပြီ ဖြစ်ကြောင်း သိရသည်။

“သဘောတူညီချက်ပါအကြောင်းအရာများကို အားထားဖော်ဆောင်”မည် ဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီများ ဂါဇာသို့ ဝင်ရောက်ရေး စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ဟားမက်စ်က ကြေညာချက်တစ်စောင်တွင် ထပ်မံအလေးထား ဖော်ပြခဲ့သည်။
အစ္စရေးက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ပါလက်စတိုင်း ၉၀ ဦးကို ပြန်လွှတ်ပေးခဲ့ရာ ၎င်းတို့အနက် အများစုမှာ အရွယ်မရောက်သေးသူနှင့် အမျိုးသမီးများ ဖြစ်ကြောင်း အေပီသတင်းဌာန၏ ဖော်ပြချက်များအရ သိရသည်။

ဂါဇာ အပစ်ရပ်ရေး မည်မျှရှည်ကြာနိုင်မည်နှင့်စပ်လျဉ်း၍ သုံးသပ်သူများက အပစ်ရပ်ရေး သဘောတူညီချက်တွင် အဆင့်များစွာ ပါရှိသလို အချိန်ကာလအပိုင်းအခြားကြီးမားကြောင်း၊ ထိန်းသိမ်းခံထားရသူများနှင့် သေဆုံးသူများ၏ ရုပ်အလောင်းများ လဲလှယ်ရေးဟူသော “အကဲဆတ်သည့် သော့ချက်ဆုံမှတ်များ” ရှိရာ သဘောတူညီချက် ဘက်စုံ တည်ငြိမ်စွာ အကောင်အထည်ဖော်နိုင်၊ မဖော်နိုင်မှာ နှစ်ဖက်၏ စိတ်ရင်းအမှန်ကို စမ်းသပ်မည် ဖြစ်ကြောင်း ထောက်ပြ ပြောဆိုကြသည်။

ပါလက်စတိုင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဆာဗီးရား ရာဒီက ဂါဇာအပစ်ရပ်ရေး သဘာတူညီချက် အသက်ဝင်သည့်အချိန်မှာ မူလသတ်မှတ်ချိန်ထက် နောက်ကျကြောင်း၊ သဘောတူညီချက် ရရှိရေးနှင့် အသက်ဝင်ရေး သော့ချက်ဆုံမှတ်များတွင် အစ္စရေးနှင့် ဟားမက်စ်အကြား အကြိမ်ပေါင်းများစွာ သဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းမှာ ကာလကြာရှည် စစ်ရေးရင်ဆိုင်မှုများကြောင့် နှစ်ဖက်အပြန်အလှန် ယုံကြည်မှု ဆုံးရှုံးနေသည်ကို ဖော်ပြကြောင်း ပြောခဲ့သည်။ နှစ်ဖက်လွန်ဆွဲစမ်းသပ်မှုများက အဆက်မပြတ်ရှိနေဆဲဖြစ်ပြီး ဤသို့ စမ်းသပ်မှုက “အတိုင်းထက်လွန်” သွားလျှင် သို့မဟုတ် တစ်ဖက်၏ “အတိုင်းထက်လွန်” သော တုံ့ပြန်မှု ဖြစ်လာလျှင် အပစ်ရပ်ရေး သဘောတူညီချက် ပြိုပျက်နိုင်သည်ဟု ရာဒီက ယူဆသည်။

ရှန်ဟိုင်း နိုင်ငံခြားဘာသာ တက္ကသိုလ် အရှေ့အလယ်ပိုင်းရေးရာ သုတေသနဌာန ဒုတိယ ပါမောက္ခ ကျောက်ကျွင်းက သမိုင်းတွင် ပါလက်စတိုင်း-အစ္စရေး အပစ်ရပ်ရေး သို့မဟုတ် ပြန်လည်သင့်မြတ်ရေး သဘောတူညီချက် မနည်းရှိခဲ့ရာ နောက်ဆုံးတွင် ပျက်ပြယ်ခဲ့ရကြောင်း၊ ယခုအကြိမ် နှစ်ဖက်အနေဖြင့် သဘောတူညီချက်ပါအကြောင်းအရာများကို ဘက်စုံ အကောင်အထည် ဖော်နိုင်မှု ရှိမရှိမှာ စမ်းသပ်စစ်ဆေးရန် လိုအပ်သေးကြောင်း ပြောကြားခဲ့သည်။ တစ်ဖက်တွင် အစ္စရေးက အချိန်မရွေး အကြောင်းပြချက်ရှာ၍ စစ်ရေးလှုပ်ရှားနိုင်သလို ဟားမက်စ်ကလည်း သဘောတူညီချက် ဖော်ဆောင်စဉ်တွင် အစ္စရေးအား တန်ပြန်တိုက်ခိုက်မှု ဖြစ်နိုင်ကြောင်း ၊ အခြားတစ်ဖက်တွင်လည်း ပြင်ပ အကြောင်းရင်းများကို လျစ်လျူရှု၍ မရဖြစ်ရာ အမေရိကန် အစိုးရသစ်က “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို ထောက်ခံသူ မဟုတ်ခြင်းကြောင့် အပစ်ရပ်ရေးသဘောတူညီချက် အဆင့်အလိုက် အကောင်အထည်ဖော်ရာတွင် မရေရာမှု ဖြစ်စေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုမတိုင်မီ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ၎င်းမှာ “ယာယီအပစ်ရပ်ခြင်း” သာ ဖြစ်ပြီး “လိုအပ်လျှင် စစ်ပွဲ ပြန်စတင်နိုင်ခွင့်” ထားရှိကြောင်း ပြောကြားခဲ့သလို ဟားမက်စ်ဘက်ကလည်း အပစ်ရပ်ရေး အကောင်အထည်ဖော်နိုင်မှု ရှိမရှိမှာ အစ္စရေးက “ကတိကဝတ်ကို အကောင်အထည်ဖော်မှု” ရှိမရှိပေါ်တွင် မူတည်ကြောင်း သတိပြေားပြောကြားခဲ့သည်ဟု မီဒီယာများ၏ သတင်းများအရ သိရသည်။

အပစ်အခတ်ရပ်စဲမှုက နေတန်ယာဟု အာဏာအပေါ် ရိုက်ခတ်မှု ဖြစ်စေ

ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသက်ဝင်မှုသည် နေတန်ယာဟု၏ အာဏာအုတ်မြစ်ကို အတိုင်းအတာတစ်ခုထိ အားနည်းစေမည်ဟု လေ့လာသုံးသပ်သူများက ယူဆကြသည်။ သဘောတူညီချက် အသက်ဝင်မှု မရှိခင် အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အကြီးအကဲ Ben Gerber က ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး ၎င်းဦးဆောင်သော လက်ယာစွန်းနိုင်ငံရေးပါတီ Otzma Yehudit ပါတီသည် နေတန်ယာဟု ဦးဆောင်သော အာဏာရညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်း- အစ္စရေး ပဋိပက္ခ အသစ်တစ်ဖန် ဖြစ်ပွားပြီးနောက် အကယ်၍ အစ္စရေးနှင့် ဟားမက်စ်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပါက Otzma Yehudit ပါတီသည် အာဏာရညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်မည်ဖြစ်ကြောင်း Ben Gerber က အကြိမ်ကြိမ် ခြိမ်းခြောက်ပြောဆိုခဲ့သည်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အသက်ဝင်မှုက နေတန်ယာဟုသည် “အကြမ်းဖက် သဘောတူညီချက်ကို လိုက်လျောခြင်း ဖြစ်ပြီး အယူဝါဒအနီရောင်စည်းမျဉ်းကို ကျော်လွန်” ခြင်းဖြစ်သည်ကို ပြသနေသည်ဟု Ben Gerber က နေတန်ယာဟုထံ စာရေးဖော်ပြခဲ့ကြောင်း အစ္စရေးမီဒီယာက ဇန်နဝါရီ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

Otzma Yehudit ပါတီသည် အစ္စရေးညွန့်ပေါင်းအစိုးရတွင် နေရာ ၆ ခုရရှိထားပြီး နုတ်ထွက်ပြီးနောက် နေတန်ယာဟု ဦးဆောင်သော အာဏာရညွန့်ပေါင်းအဖွဲ့သည် လွှတ်တော်ရှိ အမတ်နေရာ ၁၂၀ ခုတွင် မပြောပလောက်အောင်သာ များမည် ဖြစ်သည်။ Ben Gerber ၏ နုတ်ထွက်ခြင်းသည် နေတန်ယာဟု၏ အုပ်ချုပ်ရေးအုတ်မြစ်ကို အားနည်းစေကြောင်း၊ အကယ်၍ ပိုမိုများပြားသော လက်ယာစွန်း လွှတ်တော်အမတ်များ အတုယူပါက နေတန်ယာဟု ဦးဆောင်သော အာဏာရညွန့်ပေါင်းအဖွဲ့သည် လွှတ်တော်တွင် နေရာအများစုကို ဆုံးရှုံးမည်ဖြစ်ရာ ရွေးကောက်ပွဲ မဖြစ်မနေ ကြိုတင် ကျင်းပရမည် ဖြစ်ကြောင်း မီဒီယာနှင့် လေ့လာသုံးသပ်သူအများအပြားက ထောက်ပြခဲ့သည်။

Ben Gerber ၏ နုတ်ထွက်ခြင်းက နေတန်ယာဟုအစိုးရ သက်တမ်းတိုစေနိုင်ခြေရှိကြောင်း အစ္စရေးနိုင်ငံ ပညာရှင်အဖွဲ့ ဂျူးလူမျိုးဝါဒ သုတေသနဌာန အကြီးတန်း ပညာရှင် Shmuel Rosner က ပြောကြားခဲ့သည်။

နောက်တစ်ခု ပစ်မှတ်မှာ ဟူသီလက်နက်ကိုင်များ ဖြစ်မည်လား

ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသက်ဝင်ပြီးနောက် အစ္စရေးနှင့် ဟူသီလက်နက်ကိုင်များကြား ပဋိပက္ခသည်လည်း ဒေသတွင်း အာရုံစိုက်စရာအသစ် ဖြစ်လာသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှစ၍ အစ္စရေးနှင့် ဟူသီလက်နက်ကိုင်များကြား အပြန်အလှန်တိုက်ခိုက်မှု အကြိမ်အရေ မြင့်တက်လာခဲ့သည်။ နောင်လာမည့် အချိန်ကာလတစ်ခုတွင် နှစ်ဖက် ပဋိပက္ခသည် ပြေလျော့သွားနိုင်သော်လည်း အကယ်၍ အပစ်အခတ်ရပ်စဲမှုသဘောတူညီချက် ပျက်ပြယ်သွားပါက နှစ်ဖက်အနေဖြင့် တိုက်ခိုက်မှုများပြန်လည်စတင်ပြီး ပဋိပက္ခ အရှိန်အဟုန် မြင့်လာနိုင်သည်ဟု လေ့လာသုံးသပ်သူများက ယူဆကြသည်။

ဟူသီလက်နက်ကိုင်များက အစ္စရေးကို တိုက်ခိုက်ခြင်းသည် အဓိကအားဖြင့် ပါလက်စတိုင်းအပေါ် ထောက်ခံကြောင်း ပြသရန်ဖြစ်သလို ပင်လယ်နီရေပြင်ရှိ အမေရိကန် စစ်သင်္ဘောကို ဟူသီလက်နက်ကိုင်များက တိုက်ခိုက်ရခြင်းသည် အမေရိကန်က အစ္စရေးကို ပံ့ပိုးကူညီသည်သာမက ဟူသီလက်နက်ကိုင် ပစ်မှတ်များကိုလည်း လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ယီမင်မဟာဗျူဟာရေးရာ သုတေသနပညာရှင် Mustafa Naji က ပြောကြားခဲ့သည်။

ဟူသီလက်နက်ကိုင်များသည် ရေရှည်၊ အလုံးစုံစစ်ပွဲဆင်နွှဲရန် ရည်ရွယ်ချက်ကို ပြသခြင်းမရှိခဲ့ကြောင်း၊ တစ်ချိန်တည်းတွင်ပင် အစ္စရေး၏ အဓိကမဟာဗျူဟာမှာလည်း ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ်၊ လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အီရန်တို့ထံ၌သာ ရှိနေကြောင်း၊ အလားတူ အမေရိကန်ကလည်း အရှေ့အလယ်ပိုင်း အခြေအနေကို ဟူသီလက်နက်ကိုင်များကြောင့် ထိန်းမနိုင်သိမ်းမနိုင်ဖြစ်မည်ကို မလိုလားကြောင်း၊ အထူးသဖြင့် ပင်လယ်နီရေကြောင်းကုန်ပစ္စည်းပို့ဆောင်ရေး ဘေးကင်းမှုကို သေချာစေရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟူသီလက်နက်ကိုင်များ အနေဖြင့် ဘက်စုံစစ်ပွဲ ဖြစ်ပွားသည့် အလားအလာနည်းသော်လည်း လက်ရှိတွင် ပဋိပက္ခအရှိန်အဟုန် တိုးတက်လာနိုင်သည့်အရာများ ရှိနေသေးကြောင်း Naji က ထောက်ပြခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး အသက်ဝင်ပြီးနောက် အစ္စရေးအား တိုက်ခိုက်မှုကို ရပ်တန့်မည်ဖြစ်သော်လည်း ကနဦးလိုအပ်ချက်မှာ အစ္စရေးသည် အပစ်အခတ်ရပ်စဲရေး ကတိကဝတ်များကို လိုက်နာရမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်များက ယင်းမတိုင်မီ ပြောကြားခဲ့ကြောင်း၊ အကယ်၍ အစ္စရေးသည် သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲခံရပါက အဆိုပါအဖွဲ့အစည်းသည် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ဟူသီလက်နက်ကိုင်များနှင့် အီရန် ဆက်ဆံရေးသည် နီးကပ်ပြီး အစ္စရေးက အီရန်ကို ၎င်း၏ အဓိက ခြိမ်းခြောက်မှုအဖြစ် ကာလရှည်ကြာစွာ သတ်မှတ်ထားကြောင်း၊ အကယ်၍ အီရန်အနေဖြင့် ဟူသီလက်နက်ကိုင်များအပေါ် တိုးချဲ့ပံ့ပိုးပေးပါက အစ္စရေးက ဟူသီလက်နက်ကိုင်များကို ၎င်း၏ တိုက်ရိုက် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ပြီး ပိုမိုပြင်းထန်သော လှုပ်ရှားမှုများ လုပ်ဆောင်နိုင်သည်ဟု ၎င်းက ထောက်ပြခဲ့သည်။ (Xinhua)

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟု (ဝဲဘက်၊ ဆဋ္ဌမမြောက်) က ဂျေရုဆလမ်မြို့ရှိ ဝန်ကြီးချုပ် ရုံးတွင် လုံခြုံရေး အစိုးရအဖွဲ့ အစည်းအဝေး ခေါ်ယူကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယီမင်နိုင်ငံ ဆန်းနားမြို့လယ်ရှိ စစ်အခြေစိုက်စခန်း တစ်နေရာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် မီးခိုးများ ထွက်ပေါ်လာသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………….
(Chinese Version)
国际观察|加沙停火初生效 持久和平仍脆弱
新华社加沙1月20日电(记者段敏夫 尹炣)当地时间19日11时15分,加沙地带停火换俘协议正式生效。当晚,3名被扣押在加沙地带的以色列人被巴勒斯坦伊斯兰抵抗运动(哈马斯)释放并抵达以色列。20日,搭载巴勒斯坦获释人员的车辆抵达位于约旦河西岸城市拉姆安拉附近的拜图尼亚。
不过,协议生效并非一帆风顺,较原定时间推迟近3小时。原因是以色列一度称未收到哈马斯提供的计划于当天释放的被扣押人员名单。以军炮兵和战机随后袭击了加沙地带北部和中部的多个目标。
分析人士指出,新一轮巴以冲突延宕15个月后,加沙地带终于迎来和平曙光。协议生效历经波折预示其全面执行挑战重重,维系和平的根基依旧脆弱。
停火协议执行挑战多
停火协议生效后,人道救援物资开始通过拉法口岸运往加沙地带。巴勒斯坦安全部门人士告诉新华社记者,19日当天,已有多辆装载人道救援物资的车辆经过以色列方面的检查后进入加沙地带,这些物资将被尽快分发给当地居民。与此同时,成千上万流离失所的巴勒斯坦人踏上了回家的路。
哈马斯在一份声明中重申,将“致力于执行协议条款”并监督人道主义援助进入加沙。据美联社报道,以色列释放了90名巴勒斯坦被扣押人员,其中主要是未成年人和女性。
有关加沙停火能否持久,分析人士指出,停火协议涉及多个阶段,时间跨度大,存在多次交换在押人员及遇难者遗骸的“敏感关键节点”,协议能否全面、平稳落实将考验双方诚意。
巴勒斯坦政治分析人士萨比尔·拉迪说,加沙停火协议的生效时间比原定推迟,在协议达成和生效的关键节点,以色列和哈马斯多次产生分歧,体现出长期军事对立导致双方互信缺失。拉迪认为,双方仍在不断拉扯试探,而这种试探一旦“过度”或引发对方“过度”反应,可能导致停火协议崩盘。
上海外国语大学中东研究所副教授赵军表示,历史上有不少巴以停火或和解的协议以失败告终,此次双方能否全面落实协议条款还有待检验。一方面,以色列可能随时寻找借口发起军事行动,哈马斯也可能在协议执行过程中出现反击以色列的行为;另一方面,外部因素影响不可忽视。美国新一届政府并非“两国方案”的支持者,或将给停火协议分期执行带来不确定性。
据媒体报道,以色列总理内塔尼亚胡此前称,这只是“临时停火”,保留“在必要时恢复战争的权利”。哈马斯则警告说,停火能否实施取决于以色列是否“履行承诺”。
停火冲击内塔尼亚胡执政
有分析认为,加沙停火协议生效在一定程度上削弱了内塔尼亚胡的执政基础。协议生效前,以色列国家安全部部长本-格维尔宣布辞职,他领导的极右翼犹太力量党退出内塔尼亚胡领导的执政联盟。
自新一轮巴以冲突爆发以来,本-格维尔多次威胁称,若以色列与哈马斯达成停火协议,犹太力量党将退出执政联盟。以色列媒体19日报道,本-格维尔致信内塔尼亚胡表示,停火协议生效表明内塔尼亚胡已“向恐怖协议妥协,跨过了意识形态红线”。
犹太力量党在以色列联合政府中占有6个席位,退出后内塔尼亚胡领导的执政联盟仍在议会120个席位中占微弱多数。不少媒体和分析人士指出,本-格维尔的辞职削弱了内塔尼亚胡的执政基础。若引发更多极右翼议员效仿,内塔尼亚胡领导的执政联盟将失去议会多数席位,从而被迫提前举行大选。
以色列智库犹太人政策研究所高级研究员什穆埃尔·罗斯纳说,本-格维尔的离开很可能会缩短内塔尼亚胡政府的“生存时间”。
下个目标是胡塞武装?
加沙停火协议生效后,以色列同胡塞武装之间的冲突成为地区新焦点。2024年12月以来,以色列和胡塞武装互相袭击的频率升高。分析人士认为,未来一段时间双方冲突可能会缓和,但如果停火协议破裂,双方或将重新发起攻击,导致冲突升级。
也门战略事务研究员穆斯塔法·纳吉表示,胡塞武装攻击以色列主要是表达对巴勒斯坦的支持,胡塞武装袭击红海水域的美国军舰是因为美国不但支持以色列,还多次对胡塞武装目标发动空袭。胡塞武装并未展现出追求长期、全面战争的意图。同时,以色列的战略重心仍在应对加沙地带的哈马斯、黎巴嫩真主党以及伊朗。美国同样不希望中东局势因胡塞武装而失控,特别是在保障红海航运安全方面。
纳吉指出,虽然以色列和胡塞武装发生全面战争的可能性较低,但目前仍存在冲突升级的触发点。胡塞武装此前表示,在加沙停火协议生效后,将停止对以色列的攻击,但前提是以色列必须履行停火承诺。如果以色列被控违反协议,该组织将继续采取军事行动。此外,胡塞武装与伊朗关系密切,而以色列长期将伊朗视作主要威胁。倘若伊朗加大对胡塞武装的支持,可能促使以色列把胡塞武装视为更直接的威胁,进而采取更激烈的行动。
1. 1月19日,在加沙地带,巴勒斯坦民众迎接装载人道救援物资的车辆。新华社发(里泽克·阿卜杜勒贾瓦德摄)
2. 1月17日,以色列总理内塔尼亚胡(左六)在位于耶路撒冷的总理办公室召开安全内阁会议。新华社发(以色列政府新闻办公室供图)
3. 2024年12月31日,也门萨那市中心一处军事基地遭到空袭后冒出浓烟(手机照片)。 新华社发