Connect with us

Asia

ပေထုံတန်၏ တရုတ်နိုင်ငံအလည်အပတ်ခရီးစဉ်က နှစ်ဦးနှစ်ဖက်ဆက်ဆံရေးကို တစ်ဆင့်တိုး မြှင့်တင်ရန်ဖြစ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အသစ် Paetongtarn Shinawatra ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ယခုနှစ်သည် တရုတ်-ထိုင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၅၀ ပြည့်ဖြစ်သည်။ နှစ်သစ်အစတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ထရာသည် ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် လာရောက်မည်ဖြစ်သည်။ ယင်းသည် ဝန်ကြီးချုပ်အဖြစ် ပေထုံတန် တာဝန်ထမ်းဆောင်ပြီးနောက် တရုတ်နိုင်ငံသို့ ပထမအကြိမ် တရားဝင်ခရီးစဥ် လာရောက်ခြင်းဖြစ်သည်။ ယခုအကြိမ်ခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန် မျှော်လင့်ထားကြောင်း၊ တရုတ်ခရီးသွားများအနေဖြင့် ထိုင်းနိုင်ငံသို့ လာရောက်ရန်ယုံကြည်ချက်ကို ပြန်လည်တည်ဆောက်ရန် မျှော်လင့်ကြောင်း ထိုင်းဘက်က ဆိုသည်။

နိုင်ငံခြားရေးမူဝါဒတွင် လက်တွေ့ထိရောက်မှုရလဒ်ကို အလေးထား
၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ ပေထုံတန်သည် ယခင်ဝန်ကြီးချုပ် ဆေထာထဝီဆင် ကာလ ထိုင်းနိုင်ငံအစိုးရ၏ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကိုင်စွဲထားသည်။ ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စများတွင် ကြားနေရပ်တည်ကာ နိုင်ငံကြီးများအကြား ဟန်ချက်ညီမှုကို ထိန်းသိမ်း၍ အနီးတစ်ဝိုက်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးကို အလေးထားပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ခြင်းဖြင့် ထိုင်းနိုင်ငံ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သော ပြင်ပပတ်ဝန်းကျင်ကို ကြိုးပမ်းဖန်တီးလျက်ရှိသည်။

ဇန်နဝါရီလ ၂၀ ရက်မှ ၂၄ ရက်အထိ ပေထုံတန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့သို့သွားရောက်၍ ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်ခဲ့သည်။ ဒါဗို့စ်မြို့တွင် ပေထုံတန်သည် နိုင်ငံများစွာမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှု သို့မဟုတ် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး ဥရောပ လွတ်လပ်စွာ ကုန်သွယ်ရေးအသင်း (EFTA) နှင့် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ထို့ပြင် Nestle ၊ Coca Cola ၊ Bayer ၊ AstraZeneca ၊ Google ၊ Pepsi စသည့် နာမည်ကျော် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆွေးနွေးကာ လာရောက်ရင်းနှီးမြှုပ်နှံရန်လည်း ဖိတ်ခေါ်ခဲ့သည်။

ဒါဗို့စ်သို့ ရောက်ရှိနေသည့်ကာလအတွင်း မိတ်ဆက် အခမ်းအနားများကျင်းပ၍ ထိုင်းနိုင်ငံအနုပညာ၊ ယဉ်ကျေးမှုနှင့် ရသာမွန် စားသောက်ဖွယ်များအား တင်ဆက်ပြသရန် ပေထုံတန်က ထိုင်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို တောင်းဆိုခဲ့သည်။ ထိုင်းနိုင်ငံအစိုးရသည် အဆိုပါနိုင်ငံများ၏ အရေးကြီး Soft Power ပြောင်းလဲမှုကို တစ်ဆင့်တိုး တွန်းအားပေး၍ ကုန်ပစ္စည်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် နိုင်ငံအတွက် ဝင်ငွေဖန်တီးပေးကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး ဖော်ဆောင်ပြီး Soft Power ကို နိုင်ငံ့စီးပွားတိုးတက်မှု၏ မောင်းနှင်အားအသစ်ဖြစ်အောင် လုပ်ဆောင်သွားမည်ဟု ၎င်း၏ပြောကြားချက်အရ သိရသည်။

ပေထုံတန်၏ သံတမန်ဆက်ဆံရေးသည် လက်တွေ့ထိရောက်မှုရလဒ်ကို အလွန်အလေးထားသည်။ ထိုင်းနိုင်ငံသည် ပထဝီဝင်တည်နေရာ သာလွန်ကောင်းမွန်ကြောင်း၊ အစိုးရက ဒစ်ဂျစ်တယ်စီးပွားရေး၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူရည်ချွန်ပျိုးထောင်မှု၊ စားသောက်ကုန် ဘေးကင်းလုံခြုံရေး အာမခံမှု မူဝါဒ စသည့် ကဏ္ဍများ ဖော်ဆောင်ရာတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးရှိသော ပတ်ဝန်းကျင် ဖန်တီးပေးထားကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကို ဆက်လက်ပံ့ပိုးအားပေးကာ ထိုင်းနိုင်ငံ စီးပွားရေး စဉ်ဆက်မပြတ်ဖြစ်သော၊ အားလုံးပါဝင်လက်ခံနိုင်သော တိုးတက်မှုကို တွန်းအားပေး ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။

ပေထုံတန်က တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးသည့် မူဝါဒကို ဆက်လက်ကျင့်သုံး၍ တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ဆက်ဆံမှုကို မြှင့်တင်ရန် မျှော်လင့်လျက်ရှိသည်။ တရုတ်နိုင်ငံ၏ အောင်မြင်စွာ ဖွံ့ဖြိုးတိုးတက်သော အတွေ့အကြုံများကို လေ့လာသင်ယူ မှီငြမ်းပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ်မြှင့်တင်ကာ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှုကို နီးကပ်စွာဖော်ဆောင်၍ အစဉ်အလာချစ်ကြည်မှုနက်ရှိုင်းစေရေးကို လုပ်ဆောင်သွားလိုသည်။ ထို့ပြင် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံစုံမူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ လွတ်လပ်စွာကုန်သွယ်ရေးစနစ်ကို အတူတကွ ထိန်းသိမ်းစောင့်ရှောက်သွားလိုကြောင်း သိရသည်။

တရုတ်-ထိုင်း နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိသည့် အိမ်နီးချင်းကောင်း၊ သွေးချင်းနီးကြသည့် ဆွေမျိုးကောင်း၊ အေးအတူပူအမျှဖြစ်သည့် မိတ်ဖက်ကောင်းများဖြစ်သည်။ “တရုတ်-ထိုင်း မိသားစုသဖွယ် ချစ်ကြည်ရင်းနှီးမှု” အယူအဆသည် နှစ်နိုင်ငံပြည်သူများ စိတ်နှလုံးတွင် အမြစ်တွယ်လျက်ရှိသည်။ ထိုင်း-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၅၀ ပြည့် အခါသမယသည် နှစ်နိုင်ငံက ပိုမိုတည်ငြိမ်သော၊ ပိုမိုစည်ပင်ဝပြောသော၊ ပိုမိုစဉ်ဆက်မပြတ်ဖြစ်သော တရုတ်-ထိုင်း အေးအတူပူအမျှအသိုက်အဝန်း အဖြစ် တက်လှမ်းနိုင်ရေးအတွက် ကောင်းမွန်သော အခွင့်အလမ်း ဖန်တီးပေးမည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်-ထိုင်း စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေ

ယခုအကြိမ်ခရီးစဉ်သည် ပေထုံတန် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ပေထုံတန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ သွားရောက်၍ မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (၈) ကြိမ်မြောက် ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ထိုင်း-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေး တစ်ဆင့်တိုး နက်ရှိုင်းစေရေးသည် ပေထုံတန် ယခုအကြိမ်ခရီးစဉ်တွင် အဓိကဂရုပြုမည့် အချက်များအနက် တစ်ချက်ဖြစ်လိမ့်မည်ဟု ထိုင်းနိုင်ငံ Kasikorn ဘဏ် အဆင့်မြင့် ဒုတိယဥက္ကဋ္ဌ Wichai Kinchong Choi က ယူဆသည်။

တရုတ်-ထိုင်း နှစ်နိုင်ငံသည် အပြန်အလှန် အရေးပါသော ကုန်သွယ်ရေးမိတ်ဖက်များဖြစ်သည်။ တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) က ဇန်နဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် တရုတ်-ထိုင်း နှစ်ဖက် ကုန်သွယ်ရေးပမာဏသည် အမေရိကန်ဒေါ်လာ ၁၃၃.၉၈၁၅ ဘီလီယံဖြစ်ပြီး ယမန်နှစ် ကာလတူထက် ၆ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာသည်။ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ (BOI) က ဇန်နဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ တရုတ်နိုင်ငံ (ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသ မပါ) သည် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်နိုင်ငံဖြစ်ပြီး စီမံကိန်း ၈၁၀ ခုတွင် ရင်းနှီးမြှုပ်နှံရန် လျှောက်ထားပြီး ရင်းနှီးမြှုပ်နှံရန် လျှောက်ထားသည့်ပမာဏမှာ ထိုင်းဘတ် ၁၇၄.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံခန့်) ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် Narit Therdsteerasukdi က ဆင်ဟွာသတင်းထောက်၏ သီးသန့်မေးမြန်းမှုကို ဖြေကြားရာတွင် တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အကြီးဆုံး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသည့်ကဏ္ဍများတွင် လျှပ်စစ်ပစ္စည်း အစိတ်အပိုင်း၊ ဆားကစ်ဘုတ်၊ စမတ်အိမ်သုံး လျှပ်စစ်ပစ္စည်း၊ ဒေတာစင်တာ၊ လျှပ်စစ်ကား စသည်တို့ပါဝင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများသည် ထိုင်းနိုင်ငံ၏ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုတးက်မှုလားရာနှင့် အလွန်ကိုက်ညီပြီး ထိုင်းနိုင်ငံအစိုးရက အင်တိုက်အားတိုက် ဖော်ဆောင်လျက်ရှိသည့် နယ်ပယ်လည်းဖြစ်သဖြင့် နှစ်နိုင်ငံအကြား အလွန်နီးစပ်သည့် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်သွယ်မှုကို ပေါ်လွင်စေသည်ဟု ၎င်းကဆိုသည်။

မော်တော်ကားနယ်ပယ်တွင် တရုတ်- ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အောင်မြင်မှုစံနမူနာ ဖြစ်ကြောင်း Narit က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ကား “နိုင်ငံခြားသို့ တင်ပို့ခြင်း” အကျိုးအမြတ်အပေါ် ခံစားနေပြီး တရုတ်နိုင်ငံ ကားကုမ္ပဏီလုပ်ငန်းအများအပြားက ထိုင်းနိုင်ငံကို ထုတ်လုပ်ရေးအခြေစိုက်စခန်းအဖြစ် ရွေးချယ်ကာ ထိုင်းနိုင်ငံ မော်တော်ကားဂေဟစနစ်၏ အသွင်ကူးပြောင်းရေးကို တက်ကြွစွာတွန်းအားပေးပြီး မော်တော်ကား ထုတ်လုပ်မှု၊ အစိတ်အပိုင်းထုတ်လုပ်မှုစသည့် ကဏ္ဍများတွင် ထိုင်းနိုင်ငံအား ပြီးပြည့်စုံသော ထုတ်လုပ်ရေးကွင်းဆက် ဖြစ်ပေါ်စေရန် အထောက်အကူပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ပြင်းထန်သော ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ထိန်းထားနိုင်စေရန် တရုတ်နိုင်ငံနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားရန် လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ၎င်း၏ စီးပွားရေး အရည်အသွေးမြင့်စွာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် တရုတ်နိုင်ငံမှ လာသော အဆင့်မြင့် နည်းပညာအသစ်များ၊ အစိမ်းရောင် ပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ သိပ္ပံနည်းပညာ၊ အင်တာနက် စသည့်နယ်ပယ်များ၏ ရင်းနှီးမြှုပ်နှံမှု လိုအပ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံ စီးပွားရေး၏ အဓိက မဏ္ဍိုင်များအနက် တစ်ခုဖြစ်သော ပို့ကုန်လုပ်ငန်း တိုးတက်မှုသည် ကြီးမားလှသော တရုတ်နိုင်ငံဈေးကွက်ကို တစ်ဆင့်တိုး တိုးချဲ့ခြင်းအပေါ် မှီခိုနေရကြောင်း Wichai Kinchong Choi က ယူဆသည်။

စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် တရုတ်-ထိုင်း နှစ်ဖက်အနေဖြင့် တိုးတက်မှုအသစ်များ ရှာဖွေရန် လိုအပ်သည်။ ထိုင်း- တရုတ် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ ထိုးဖောက်ကျော်လွှားမှုသည် အရည်အသွေးသစ်ကုန်ထုတ်စွမ်းအားပေါ်တွင် မူတည်ပြီး အဓိကအားဖြင့် အဆင့်မြင့် သိပ္ပံနည်းပညာ ထုတ်လုပ်မှု လုပ်ငန်း၊ စွမ်းအင်သစ် ထုတ်လုပ်မှုနှင့် ဒစ်ဂျစ်တယ် စီးပွားရေး လုပ်ငန်း၏ ပူးပေါင်းဆောင်ရွက်မှု၊ ဆန်းသစ်ဖန်တီးမှု၊ အဆင့်မြင့် သိပ္ပံနည်းပညာ၊ တန်ဖိုးမြှင့် ထုတ်ကုန်လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နှစ်နိုင်ငံ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး ဘုံဦးတည်ချက်ဖြစ်လာမည်ဖြစ်ကြောင်း ထိုင်း- တရုတ် “ရပ်ဝန်းနှင့် ပိုးလမ်းမ” သုတေသနဌာန အကြီးအကဲ Wirun Phichaiwongphakdee က ထင်မြင်သည်။

တရုတ်ခရီးသွားဧည့်သည်များ၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ခြင်း

တရုတ်- ထိုင်း နှစ်နိုင်ငံအကြား လူမှုယဉ်ကျေးမှု ဖလှယ်မှုများအား မြှင့်တင်ခြင်းသည် ပေထုံတန်၏ ယခုအကြိမ် တရုတ်နိုင်ငံ ခရီးစဉ်အပေါ် နောက်ထပ်အာရုံစိုက်မှုတစ်ခုဖြစ်မည်ဟု မျှော်မှန်းထားသည်။ တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် ကုန်သွယ်စီးပွား ဖလှယ်ရေး၊ ပညာရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုဖလှယ်ရေး စသည့် နယ်ပယ်များစွာကို အလုံးစုံ လွှမ်းခြုံခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအနက် လူမှုယဉ်ကျေးမှု ဖလှယ်မှုသည် အဓိက နေရာတွင် အစဉ်ရှိကြောင်း ထိုင်းနိုင်ငံ ထိုင်း-တရုတ် ယဉ်ကျေးမှုနှင့် စီးပွားရေးအသင်းဥက္ကဋ္ဌ၊ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဖြစ်သည့် Pokin Polakul က သတင်းထောက်အား ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်အဖြစ်တာဝန်ယူပြီးနောက် ပေထုံတန် က ထိုင်း-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုသည် နက်ရှိုင်းပြီး၊ အပြန်အလှန်ယုံကြည်မှုနှင့် လေးစားမှု၊ သာယာဝပြောမှုနှင့် တိုးတက်မှု၏ ဘုံအမြင်နှင့် မိသားစုတစ်စုကဲ့သို့ ရင်းနှီးကြသော နှစ်နိုင်ငံပြည်သူများအကြား သံယောဇဉ်ဆက်နွယ်မှုကို အခြေခံကြောင်း၊ ၎င်းက နှစ်နိုင်ငံကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အထူး ဖော်ပြခဲ့သည်။ တရုတ်နွေဦးပွဲတော်အကြိုနေ့တွင် ပေထုံတန်သည် ဆင်ဟွာသတင်းအေဂျင်စီမှတဆင့် တရုတ်ဘာသာဖြင့် နှစ်သစ်ဆုတောင်းစကား ပေးပို့ခဲ့သည်။ နွေဦးပွဲတော်သည် ထိုင်း-တရုတ်လူမျိုးများအကြား ထိုင်း-တရုတ်ပြည်သူများအကြား “ကာလကြာရှည်လှသည့် ယဉ်ကျေးမှုချိတ်ဆက်ခြင်း” ကို ကိုယ်စားပြုနေခြင်းဖြစ်ပြီး ယင်းချိတ်ဆက်ခြင်းသည် စဉ်ဆက်မပြတ် အားဖြည့်ကာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေသလို နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မကြာသေးမီက ထိုင်းနိုင်ငံတွင် တရုတ်သရုပ်ဆောင်တစ်ဦး ပျောက်ဆုံးသွားခဲ့မှုကြောင့် လူအများ အာရုံစိုက်မှု ကျယ်ကျယ်ပြန့်ပြန့် ခံခဲ့ရသည်။ ပေထုံတန်၏ ကြားဝင်ဆောင်ရွက်မှုဖြင့် အဆိုပါ တရုတ်သရုပ်ဆောင်ကို လျင်မြန်စွာ ကယ်ထုတ်ပြီး တရုတ်နိုင်ငံသို့ ပြန်ပို့ခဲ့သည်။ ထို့နောက် ပေထုံတန် သည် နယ်စပ်ဖြတ်ကျော်ပြစ်မှုများကို ပြတ်ပြတ်သားသား နှိမ်နင်းပြီး ခရီးသွားဧည့်သည်များ ဘေးကင်းစေရန် လက်တွေ့ကျ အာမခံချက်ပေးမည်ဟု ကြိမ်ဖန်များစွာ ပြောဆိုခဲ့သည်။

ဇန်န၀ါရီလ ၂၂ ရက်တွင် ထိုင်းဝန်ကြီးချုပ်ရုံးက ဉာဏ်ရည်တု (AI) နည်းပညာအသုံးပြု၍ တရုတ်ဘာသာစကားဖြင့် ပေထုံတန် မိန့်ခွန်းပြောကြားနေသော ဗီဒီယိုဖိုင်တစ်ခု ထုတ်ပြန်ခဲ့သည်။ လတ်တလောတွင် တရုတ်နိုင်ငံသားများ ထိုင်းနိုင်ငံ အနီးဝန်းကျင်ဒေသများရှိ လိမ်လည်မှုလုပ်ဆောင်နေသည့်စခန်းများသို့ လိမ်လည်လှည့်ဖြားခံရသည့် သတင်းများက တရုတ်ခရီးသွားအများအပြားအား ထိုင်းနိုင်ငံ လုံခြုံရေးနှင့် လူကုန်ကူးမှုပြဿနာများအပေါ် စိုးရိမ်ပူပန်စေသည်ဟု ၎င်းက ဗီဒီယိုတွင် ပြောကြားခဲ့သည်။ “ထိုင်းဝန်ကြီးချုပ်အနေနဲ့ ကျွန်မ အာမခံနိုင်တာက ခရီးသွားဧည့်သည် အားလုံးရဲ့ ဘေးကင်းရေးက ထိုင်းနိုင်ငံ အစိုးရရဲ့ ထိပ်တန်းဦးစားပေးဖြစ်တယ်။ ဒါကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ လုံခြုံရေးစံချိန်စံညွှန်းတွေကို အတူတကွမြှင့်တင်ပြီး အထိရောက်ဆုံးနည်းလမ်းနဲ့ နိုင်ငံဖြတ်ကျော် ပြစ်မှုများကို နှိမ်နင်းဖို့ ကျွန်မ ညွှန်ကြားပြီးပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်- ထိုင်း သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် နှစ်ပတ်လည်ဖြစ်ရာ ပေထုံတန် ယခုအကြိမ် တရုတ်နိုင်ငံခရီးစဉ်၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ ဆက်ဆံရေးကို အားဖြည့်ရန်၊ ထိုင်းနိုင်ငံသို့ လည်ပတ်ရာတွင် တရုတ်ခရီးသွားဧည့်သည်များ၏ ယုံကြည်မှု ပြန်လည်ရရှိစေရန် ဖြစ်သည်ဟု ထိုင်းနိုင်ငံ ခရီးသွားနှင့် အားကစားဝန်ကြီး Sorawong Thienthong က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအစိုးရ၏ ကိန်ဂဏန်းအချက်အလက်များအရ ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံတကာ ခရီးသည် သွားလာမှုအကြိမ်ရေ ၃၅ သန်းကျော်ရှိခဲ့ရာ တရုတ်ခရီးသွားဧည့်သည့်များသည် အများဆုံးဖြစ်ပြီး ခရီးသည် သွားလာမှုအကြိမ်ရေ ၆.၇ သန်းကျော် ရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ ၂၀၂၄ ခုနှစ် ခရီးသွား ကိန်းဂဏန်းအချက်အလက်များက ထိုင်းနိုင်ငံ စီးပွားရေးအတွက် တရုတ်ဈေးကွက်၏ အရေးပါမှုကို ထင်ရှားစေသည်ဟု ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ အကြီးအကဲ Thapanee Kiatphaibool က သတင်းထောက်၏ သီးသန့်မေးမြန်းမှုတွင် ပြောကြားခဲ့သည်။ တရုတ်ခရီးသွားများ တိုးပွားလာမှုသည် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် ဝင်ငွေနှင့် အလုပ်အခွင့်အလမ်းများ ဆောင်ကြဉ်းပေးရုံသာမက ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကိုပါ အပြုသဘောဆောင်သော သက်ရောက်မှုရှိစေပြီး တစ်ချိန်တည်းပင် စိုက်ပျိုးရေး၊ စားသောက်ကုန် ထုတ်လုပ်မှုစသည့် အရေးပါသော စီးပွားရေးကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက်မှုကိုပါ မြှင့်တင်ပေးသည်ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

ထိုင်းနိုင်ငံ ဆမွတ်ပရာခန်ပြည်နယ်၌ ကျင်းပသော မီးပုံးပွဲတော်သို့ လာရောက်ကြည့်ရှုကြသော ခရီးသွားဧည့်သည်များကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………
(Chinese Version)
列国鉴·泰国|记者观察:佩通坦访华,寻求进一步加强双边关系
新华社曼谷2月4日电(记者林昊 高博 陈家宝)今年适逢中泰两国建交50周年。新春伊始,泰国总理佩通坦·钦那瓦应邀访华。这是佩通坦就任总理后首次正式访华,泰方表示,希望借此访加强两国关系、期待重塑中国游客赴泰旅游信心。
对外政策注重实效
自2024年8月出任总理以来,佩通坦基本延续前任总理赛塔·他威信时期泰国政府独立自主的对外政策,在地区和国际事务中保持中立立场,维持大国平衡,重视周边外交,参与区域合作,努力为泰国经济社会发展营造良好的外部环境。
1月20日至24日,佩通坦率团赴瑞士达沃斯出席世界经济论坛。在达沃斯,佩通坦与多国领导人举行会见或非正式会谈,与欧洲自由贸易联盟签署自贸协议,与雀巢、可口可乐、拜耳、阿斯利康、谷歌、百事等知名企业接洽以招商引资。
在达沃斯期间,佩通坦要求泰国代表团举办推广活动,展示泰国艺术、文化和美食。按她的说法,政府将进一步推动这些国家重要软实力转化,以商品等多种方式为国家创造收入并推动经济发展,让软实力成为国家经济增长的新引擎。
佩通坦的外交非常注重实效。她对外界说,泰国地理位置优越,政府在推动数字经济、技术发展和人才培养、食品安全保障政策等方面为投资者创造了有利环境,并将致力于继续支持投资,推动泰国经济实现可持续和包容性增长。
佩通坦延续对华友好政策,期待同中方加强高层往来,学习借鉴中方成功发展经验,持续推进“一带一路”合作,密切人文交流,深化传统友谊,同中方加强多边框架协作,共同维护自由贸易体系。
中泰两国是山水相连的好邻居,血脉相融的好亲戚,命运与共的好伙伴。“中泰一家亲”理念在两国深入人心。泰国外交部表示,期待泰中两国纪念建交50周年为两国迈向更为稳定、更加繁荣、更可持续的中泰命运共同体提供良好契机。
深化中泰经贸合作
本次访问是佩通坦担任总理后首次正式访华。2024年11月,佩通坦曾赴云南昆明出席大湄公河次区域经济合作第八次领导人会议。泰国开泰银行高级副总裁蔡伟才认为,进一步深化泰中两国间经贸投资关系预计是佩通坦此访的重点之一。
中泰两国互为对方重要贸易伙伴。据中国海关总署1月18日发布的数据,2024年中泰双边贸易额为1339.815亿美元,同比增长6.1%。泰国投资委员会1月13日发布的数据显示,中国(不含港澳台)是泰国第二大外资来源国,申请投资810个项目,申请投资金额1746亿泰铢(约合51亿美元)。
泰国投资委员会秘书长那里·特斯迪拉素迪接受新华社记者专访时说,中国是泰国最大的外国直接投资来源国之一,投资领域包括电子元件、电路板、智能家电、数据中心、电动汽车等,这些投资非常符合泰国工业发展方向,也是泰国政府大力推广的领域,显示出两国之间紧密的经贸联系。
那里表示,泰中两国在汽车领域的合作是成功的合作范例。泰国享受中国电动汽车“出海”的红利,不少中国车企选择泰国作为生产基地,积极推动泰国汽车生态系统的转型,在汽车生产、零部件生产等方面助力泰国形成完整的产业链。
蔡伟才认为,泰国需要与中国保持密切合作,以确保在全球激烈的市场环境中保持竞争力。泰国需要来自中国的高新技术、绿色环保、智慧工业、农业科技、互联网等领域的投资以协助本国经济高质量地持续发展。同时,泰国经济重要支柱之一出口业的增长有赖于进一步拓展庞大的中国市场。
在经贸投资领域,中泰双方需要寻找新的增长点。在泰中“一带一路”研究中心主任威伦·披差翁帕迪看来,泰中两国经济合作的突破点在于新质生产力,重点是高科技产业、新能源产业以及数字经济产业的合作,创新、高科技、高附加值产业的发展将成为两国今后发展的共同方向。
重塑中国游客信心
佩通坦此次访华另一个重点预期是促进中泰两国人文交流。泰国泰中文化经济协会会长、前国会主席颇钦·蓬拉军告诉记者,中泰建交以来,双边合作伙伴关系已全面覆盖经贸往来、教育合作、文化交流等诸多领域,其中人文交流始终占据核心地位。
佩通坦就任总理后特别提到,泰中两国友谊深厚,根植于相互信任与尊重、对繁荣与进步的共同愿景以及两国人民亲如一家的情感联系。她致力于推动两国关系发展。春节前夕,佩通坦专门通过新华社以中文拜年。她说,春节象征泰中人民之间由来已久的文化纽带,相信这种纽带将不断加强,深化两国之间的友谊与合作,造福两国人民。
前段时间,一名中国演员在泰国失联引发舆论广泛关注。经佩通坦过问,这名中国演员迅速获救回国。此后,佩通坦多次表示将坚决打击跨境犯罪,切实保障游客安全。
1月22日,泰国总理府发布了用人工智能技术生成的佩通坦讲话中文视频。她在视频中表示,近期关于中国公民被诱骗至泰国周边地区诈骗窝点的新闻,已经引发广大中国游客对泰国安全和人口贩运问题的担忧。“作为泰国总理,我可以向各位保证,泰国政府把所有游客的安全置于首要位置。因此,我已要求有关机构加强合作,共同提升安全标准,并以最有效的方式打击跨国犯罪。”
泰国旅游与体育部长索拉翁·天通表示,今年是中泰建交50周年,佩通坦此访旨在加强双边关系,重塑中国游客赴泰旅游信心。据泰国政府数据,泰国2024年接待国际游客逾3500万人次,中国游客是最大游客群体,超过670万人次。
泰国国家旅游局局长塔佩妮·佳沛本接受记者专访时说,泰国2024年旅游数据凸显了中国市场对泰国经济的重要性。中国游客的增长不仅为泰国旅游业带来了收入和就业机会,还对旅游服务业产生积极影响,同时也促进了农业、食品生产等重要经济领域的发展。
图说1:2024年8月18日,新任泰国总理佩通坦·钦那瓦在曼谷出席新闻发布会。新华社发(拉亨摄)
图说2:2023年1月20日,游客在泰国北榄府举办的灯笼节上参观。新华社发(拉亨摄)