Connect with us

China

ဝမ်ရိက ဗြိတိန်နှင့် အိုင်ယာလန်သို့ ခရီးစဉ်သွားရောက်၍ အစည်းအဝေးများ တက်ရောက်မည်

ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy၊ အိုင်ယာလန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး၊ ကုန်သွယ်ရေးဝန်ကြီး Simon Harris၊ မြူးနစ်လုံခြုံရေးအစည်းအဝေး ဥက္ကဋ္ဌ Dr. Christoph Heusgen တို့၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၇ ရက်အတွင်း ဗြိတိန်သို့ ခရီးစဉ်သွားရောက်ကာ ဗြိတိန်နှင့်အတူ ၁၀ ကြိမ်မြောက် တရုတ်-ဗြိတိန် မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်း၊ အိုင်ယာလန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်ခြင်း၊ ဂျာမနီနိုင်ငံသို့ သွားရောက်ကာ ၆၁ ကြိမ်မြောက် မြူးနစ်လုံခြုံရေးအစည်းအဝေး တက်ရောက်၍ “တရုတ်သီးသန့်အစည်းအဝေး” တွင် မိန့်ခွန်းပြောကြားသွားမည်ဖြစ်ရာ အစည်းအဝေးခေါင်းစဉ်နှင့် ပေါင်းစပ်၍ အဓိကနိုင်ငံတကာ အရေးကိစ္စများတွင် တရုတ်နိုင်ငံ၏သဘောထားကို မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဖေဖော်ဝါရီလ အလှည့်ကျဥက္ကဋ္ဌနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ဖေဖော်ဝါရီ ၁၈ ရက်တွင် “နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ (Multilateralism) လက်တွေ့ဖော်ဆောင်၍ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ပြည့်စုံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲခြင်း” ခေါင်းစဉ်ဖြင့် လုံခြုံရေးကောင်စီ အဆင့်မြင့်အစည်းအဝေးအား ကျင်းပသွားမည်ဖြစ်ရာ ဝမ်ရိသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ သွားရောက်၍ လုံခြုံရေးကောင်စီအစည်းအဝေးအား ကြီးမှူးကျင်းပသွားမည်ဖြစ်သည်။
ထို့ပြင် G20 အဖွဲ့ ဥက္ကဋ္ဌနိုင်ငံ၊ တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး Ronald Lamola ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၁ ရက်အထိ တောင်အာရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့တွင် ကျင်းပမည့် G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………….
(Chinese Version)
王毅将访问英国、爱尔兰并出席第61届慕尼黑安全会议、主持联合国安理会高级别会议、出席二十国集团外长会
新华社北京2月10日电
外交部发言人10日宣布:应英国外交大臣拉米、爱尔兰副总理兼外交贸易部长哈里斯、慕尼黑安全会议主席霍伊斯根邀请,中共中央政治局委员、外交部长王毅将于2月12日至17日访问英国并同英方举行第十次中英战略对话,访问爱尔兰,赴德国出席第61届慕尼黑安全会议并在“中国专场”发表演讲,结合会议主题就重大国际问题介绍中方立场。
中国作为联合国安理会2月轮值主席国,将于2月18日举办以“践行多边主义,改革完善全球治理”为主题的安理会高级别会议,王毅外长将赴纽约主持安理会会议。
应二十国集团主席国南非外长拉莫拉邀请,王毅外长将于2月20日至21日出席在南非约翰内斯堡举行的二十国集团外长会。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.