Europe
အမေရိကန်၏ စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုအား ကန့်ကွက်ကြောင်းနှင့် မိမိအကျိုးစီးပွားကို ကာကွယ်သွားမည်ဟု ဥရောပသမဂ္ဂဆို
![](https://xinhuamyanmar.com/wp-content/uploads/2025/02/11f01.jpg)
ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်သို့တင်သွင်းသော သံမဏိနှင့် အလူမီနီယံထုတ်ကုန် အားလုံးအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံသွားမည်ဟု ကြေညာခြင်းနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂအနေဖြင့် မိမိ၏အကျိုးစီးပွားအား ကာကွယ်ရန် အခြေအနေအရ တုံ့ပြန်မှုအစီအမံများ လုပ်ဆောင်သွားမည်ဟု ဥရောပကော်မရှင်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
“ဥရောပသမဂ္ဂမှ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံတာဟာ လျော်ကန်မှုမရှိဘူးလို့ ဥရောပသမဂ္ဂက ယူဆပါတယ်။ လျော်ကန်မှုမရှိတဲ့ အစီအမံကြောင့် ဥရောပတိုက် ကုမ္ပဏီတွေ၊ လုပ်သားတွေနဲ့ စားသုံးသူတွေရဲ့ အကျိုးစီးပွားကို သက်ရောက်မှုရှိခြင်းမှ ကာကွယ်ရန် ကျွန်တော်တို့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားပါမယ်” ဟု ဥရောပကော်မရှင်က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အမေရိကန်ဘက်က စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံခြင်းသည် “တရားမဝင်သလို စီးပွားရေးအတွက်လည်း အကျိုးမပြုပါဘူး”၊ “အမေရိကန်က ကိုယ့်နိုင်ငံသားတွေအပေါ် အခွန်တိုးမြှင့်ကောက်ခံတာ” နှင့် တူညီကြောင်း၊ အမေရိကန်ကုမ္ပဏီများ၏ အရင်းအနှီးကို တိုးပွားလာစေပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာစေရန် တွန်းအားပေးကာ “စီးပွားရေးအရ မရေရာမှုကို တိုးမြင့်စေပြီး ကမ္ဘာ့ဈေးကွက်ရဲ့ ထိရောက်မှု၊ ပေါင်းစပ်မှုကို ပျက်စီးစေပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် အလေးထားဖော်ပြထားသည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barro က ဖေဖော်ဝါရီ ၁၀ ရက်တွင်ပင် ပြင်သစ်မီဒီယာ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်က ၎င်းအပေါ် တိုးမြှင့်ကောက်ခံသည့် မည်သည့်စည်းကြပ်ခွန်ကိုမဆို တန်ပြန်လုပ်ဆောင်သွားမည်ဖြစ်ပြီး “ကျွန်တော်တို့ရဲ့ အကျိုးစီးပွားကို တုံ့ဆိုင်းခြင်းမရှိဘဲ ကာကွယ်သွားမယ်” ဟုပြောကြားခဲ့သည်။
Jean-Noël Barro က ထရမ့်အနေဖြင့် ပထမသမ္မတသက်တမ်းကာလအတွင်း စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံပြီးနောက် “ကျွန်တော်တို့ကလည်း တန်ပြန်လုပ်ဆောင်တဲ့ အစီအမံတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီတစ်ခေါက်လည်း ကျွန်တော်တို့ နောက်တစ်ကြိမ် တုံ့ပြန်သွားမှာဖြစ်ပါတယ်” ဟုလည်း ဆိုခဲ့သည်။
အမေရိကန်သို့ တင်သွင်းသည့် သံမဏိနှင့် အလူမီနီယံထုတ်ကုန်အားလုံးအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမည်ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ကုန်သွယ်ရေးမိတ်ဖက်များအပေါ် “တန်းတူညီမျှသော စည်းကြပ်ခွန်” ကောက်ခံသွားမည်ကို အစောဆုံးအနေဖြင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် ကြေညာသွားမည် ဖြစ်ကြောင်း ထရမ့်က ဖေဖော်ဝါရီ ၉ ရက်တွင် သမ္မတအထူးလေယာဉ်ပေါ်၌ မီဒီယာသတင်းထောက်များကို ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်က ထရမ့်၏ ပထမသမ္မတသက်တမ်းကာလအတွင်း “အမျိုးသားလုံခြုံရေး ကာကွယ်ထိန်းသိမ်းခြင်း” ဟူသည့် အကြောင်းပြချက်ဖြင့် ဥရောပသမဂ္ဂနှင့် အခြားဒေသမှ တင်သွင်းသော ယူရို ၆.၄ ဘီလီယံ တန်ဖိုးရှိ သံမဏိနှင့် အလူမီနီယံထုတ်ကုန်များအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံခဲ့သည်။ ဥရောပသမဂ္ဂကမူ ယူရို ၂.၈ ဘီလီယံ တန်ဖိုးရှိ အမေရိကန်ထုတ်ကုန်များအပေါ် “ပြန်လည်ချိန်ညှိမှုစည်းကြပ်ခွန်” ကောက်ခံကာ လက်တုံ့ပြန်ခဲ့သည်။
ထရမ့်၏ စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံသည့် အစီအစဉ်သည် ပြည်တွင်းပြည်ပတွင် ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ခြင်းခံရကြောင်း သိရသည်။ အမေရိကန်က ဥရောပတိုက်ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံပါက ဥရောပသမဂ္ဂသည် “တစ်နာရီအတွင်း” တုံ့ပြန်မှုလုပ်ဆောင်နိုင်သည်ဟု ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz က ခရစ်ယာန် ဒီမိုကရက်တစ်ယူနီယံ (CDU) ပါတီခေါင်းဆောင် Friedrich Merz နှင့် ရွေးကောက်ပွဲမတိုင်မီ စကားစစ်ထိုးပွဲလုပ်ဆောင်ရာတွင် သတိပေးပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz က ထိုမတိုင်မီ ဂျာမနီမီဒီယာများ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် “ကမ္ဘာ့စီးပွားရေးက ပိုများတဲ့ ကုန်သွယ်ရေးအတားအဆီးတွေ လုပ်ဆောင်တာမဟုတ်ဘဲ ကုန်သွယ်ရေး အတားအဆီးတွေ လျှော့ချဖို့လိုတာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ အမေရိကန်ဘက်က ဥရောပသမဂ္ဂအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံခြင်းသည် “ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု” ဖြစ်လာနိုင်ပြီး နောက်ဆုံးတွင် အမေရိကန် စားသုံးသူများကသာ ကျခံရမည်ဖြစ်ကြောင်းလည်း Olaf Scholz က သတိပေးခဲ့ဖူးသည်။
အမေရိကန် CNN သတင်းဌာနက ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်လွှင့်သည့် တွေ့ဆုံမေးမြန်းမှုတွင် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်က စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံခြင်းသည် အမေရိကန်၏ စီးပွားရေးကို ထိခိုက်စေပြီး အမေရိကန်ပြည်တွင်း ငွေကြေးဖောင်းပွမှု မြင့်တက်လာစေရန် တွန်းအားဖြစ်စေလိမ့်မည်ဟု သတိပေး ပြောကြားခဲ့သည်။
အမေရိကန်က လိုအပ်သည့် သံမဏိ၏ လေးပုံတစ်ပုံသည် သွင်းကုန်ကို အားကိုးရကြောင်း၊ ၎င်းအနက် အများစုမှာ အိမ်နီးချင်းနိုင်ငံဖြစ်သည့် မက္ကဆီကို၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဂျာမနီ စသည့် နိုင်ငံများမှရရှိကြောင်း၊ လိုအပ်သည့် အလူမီနီယံ၏ တစ်ဝက်ခန့်သည်လည်း သွင်းကုန်ကို အားကိုးရပြီး အများစုသည် ကနေဒါမှလာကြောင်း ရိုက်တာသတင်းဌာန ဖော်ပြချက်အရသိရသည်။ (Xinhua)
![](https://xinhuamyanmar.com/wp-content/uploads/2025/02/11f02.jpg)
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေး ခန်းမသို့ ရောက်ရှိလာသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………….
(Chinese Version)
欧盟反对美方加征关税 将保护自身利益
新华社北京2月10日电 欧洲联盟委员会10日表示,针对美国总统唐纳德·特朗普宣布即将对所有进口到美国的钢铝产品加征关税,欧盟将视情采取应对措施以保护自身利益。
欧盟委员会在声明中说:“欧盟认为,对欧盟出口产品加征关税不合理。我们将做出反应,以保护欧洲企业、工人和消费者的利益免受不合理措施的影响。”
声明强调,美方加征关税“不合法,不利于经济”,等同于“向美国本国公民征税”,加重美国企业成本、推高通胀,“加深经济不确定性和破坏全球市场的效率和一体化”。
同一天,法国外交部长让-诺埃尔·巴罗接受法国媒体采访时表示,欧盟将就美国对其加征的任何关税进行反制,“毫不犹豫地捍卫我们的利益”。
巴罗提及,特朗普在首个任期内加征关税后,“我们采取了反制措施,这次我们也会再次回击”。
特朗普9日在总统专机上对媒体记者说,他将在10日宣布对所有进口到美国的钢铝产品加征25%的关税,且最快将于11日宣布对贸易伙伴征收“对等关税”。
2018年,特朗普首任总统时以“维护国家安全”为由,对从欧盟和其他地区进口的64亿欧元钢铝产品加征关税,欧盟则以针对28亿欧元美国商品施加“再平衡关税”,予以回击。
特朗普加征关税的计划在国内外遭到普遍反对。德国总理奥拉夫·朔尔茨9日与德国基督教民主联盟主席弗里德里希·默茨在选前辩论中警告,如果美国对欧洲商品加征关税,欧盟能在“一小时内”作出回应。
朔尔茨先前接受德国媒体采访时说:“世界经济需要减少贸易壁垒,而不是树立更多贸易壁垒。”默茨也曾警告,美方对欧盟加征关税会“适得其反”,最终将由美国消费者买单。
在美国有线电视新闻网9日播出的采访中,法国总统埃马纽埃尔·马克龙警告说,加征关税也会损害美国经济,推升美国国内的通货膨胀。
据路透社报道,美国所需钢材约四分之一依赖进口,其中大部分来自邻国墨西哥和加拿大,以及日本、韩国和德国等;所需的铝大约有一半依靠进口,绝大多数来自加拿大。(赵阳)
图说1:这是2024年10月4日在比利时布鲁塞尔拍摄的欧盟委员会大楼一角。新华社记者赵丁喆摄
图说2:2月3日,在比利时首都布鲁塞尔,德国总理朔尔茨抵达欧盟峰会会场。新华社记者彭子洋摄