မြန်မာ-ENG
လက်ဘနွန် တောင်ပိုင်းတွင် အစ္စရေး၏ အခြေချတပ်စွဲမှုကို အဆုံးသတ်မည်ဟု ဟစ်ဇ်ဘိုလာ ကတိပြု

ဘေရွတ်၊ မတ် ၁၀ ရက် (ဆင်ဟွာ)
ဟစ်ဇ်ဘိုလာအဖွဲ့အနေဖြင့် လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် အစ္စရေး၏ အခြေချတပ်စွဲမှုကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ဟစ်ဇ်ဘိုလာ အထွေထွေအတွင်းရေးမှူး နာအင်း ကာဆမ်က မတ် ၉ ရက်၌ ထပ်လောင်းပြောကြားခဲ့ပြီး လက်ဘနွန်အား ကာကွယ်ရန်အတွက် ဟစ်ဇ်ဘိုလာ၏ ခိုင်မာသောအင်အားနှင့် စိတ်ပိုင်းဖြတ်မှုတို့ကို အလေးအနက်ပြောကြားခဲ့သည်။
ဟစ်ဇ်ဘိုလာအနေဖြင့် အပစ်အခတ်ရပ်ရန် သဘောတူထားစဉ်အတွင်း စစ်ဆင်ရေးများကို ရပ်ဆိုင်းထားသော်လည်း စစ်ရေးအရ အသင့်ရှိစေရန် အပြည့်အဝ ပြင်ဆင်ထားကြောင်း al-Manar ရုပ်သံနှင့် အင်တာဗျူးတစ်ခု၌ ကာဆမ်က ဖွင့်ဟပြောဆိုခဲ့သည်။
“လွန်ခဲ့တဲ့ ရက် ၆၀ အတွင်းမှာ အစ္စရေးဘက်က ချိုးဖောက်မှုအများအပြား လုပ်ဆောင်ခဲ့ပါတယ်။ အစ္စရေးအနေနဲ့ လီတာနီမြစ်တစ်ဖက်ကို ကျော်လွန်တဲ့အထိ ဆုတ်ခွာပေးရမယ်လို့ သဘောတူညီချက်မှာ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဟစ်ဇ်ဘိုလာအနေဖြင့် နိုင်ငံရေး၊ စစ်ရေးကိစ္စရပ်များတွင် ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သလို အစ္စရေး၏ ခြိမ်းခြောက်မှုများ ရှိနေသရွေ့ ခုခံတွန်းလှန်မှုများ ဆက်ရှိနေမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………………………………………………….
(English Version)
Hezbollah vows to end Israeli presence in S. Lebanon
BEIRUT, March 9 (Xinhua) — Hezbollah Secretary General Naim Qassem reaffirmed on Sunday that the group will not permit any Israeli presence in southern Lebanon, emphasizing Hezbollah’s enduring strength and commitment to Lebanon’s defense.
In a televised interview with al-Manar TV, Qassem disclosed that during the ceasefire agreement, Hezbollah ceased operations but maintained full military readiness.
“Over the past 60 days, Israel has committed numerous violations. The agreement clearly stipulates that Israel must retreat beyond the Litani River,” he added.
He emphasized Hezbollah’s continued role in political and military affairs, asserting that “resistance” will persist as long as Israeli threats remain.
English Caption
A screen shows Hezbollah’s new leader Sheikh Naim Qassem delivering a televised speech on Oct. 30, 2024. (Xinhua/Bilal Jawich)