North America
“အလားတူ စည်းကြပ်ခွန်” ဥပဒေ ချိုးဖောက်မှုအတွက် ဖက်ဒရယ်အစိုးရကို အမေရိကန်ပြည်နယ် ၁၂ ခုက ပူးတွဲတရားစွဲဆို

ဆန်ဖရန်စစ္စကို၊ မတ် ၂၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံရှိ ပြည်နယ် ၁၂ ခုက မဟာမိတ်အဖွဲ့ဖွဲ့စည်း၍ ဧပြီ ၂၃ ရက်တွင် ထရမ့်အစိုးရအား ပူးတွဲ တရားစွဲဆိုကာ ၎င်း၏ စည်းကြပ်ခွန်မူဝါဒမှာ ဥပဒေ ချိုးဖောက်သည်ဟု စွပ်စွဲခဲ့သည်။
ထရမ့်အစိုးရ၏ စည်းကြပ်ခွန် မူဝါဒသည် “ခဏတာ စိတ်လိုက်မာန်ပါလုပ်ခြင်းဖြစ်ပြီး တရားဝင်လုပ်ပိုင်ခွင့်၏ မှန်ကန်သော လုပ်ဆောင်မှု မဟုတ်ကြောင်း”၊ တရားရုံးအနေဖြင့် “အလားတူ စည်းကြပ်ခွန်” မှာ တရားမဝင်ကြောင်း ကြေညာကာ အဆိုပါ အစီအမံကို တားဆီးပေးရန် တောင်းဆိုကြောင်း အရီဇိုးနား၊ ကော်လိုရာဒို၊ ကွန်နက်တီကတ်၊ ဒယ်လာဝဲ၊ အီလီနွိုင်း၊ မိန်း၊ မင်နီဆိုးတား၊ နီဗားဒါး၊ နယူးမက္ကဆီကို၊ နယူးယောက်၊ အိုရီဂွန်၊ ဗားမောင့်ပြည်နယ်များ၏ ရှေ့နေချုပ်များက အဆိုပါနေ့တွင် နယူးယောက်မြို့ရှိ အမေရိကန် နိုင်ငံတကာကုန်သွယ်ရေးတရားရုံးထံ တရားစွဲဆိုခဲ့သည်။
အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စည်းကြပ်ခွန် သတ်မှတ်ခွင့်မှာ လွှတ်တော်၌သာရှိပြီး ပြည်ပနိုင်ငံများ၏ “ပုံမှန်မဟုတ်သော၊ ထူးခြားသော ခြိမ်းခြောက်မှုများ” နှင့် ရင်ဆိုင်ရချိန်မှသာလျှင် သမ္မတအနေဖြင့် အရေးပေါ် အခြေအနေ ဥပဒေများကို ကိုးကားနိုင်မည်ဖြစ်ကြောင်း၊ ထရမ့်အစိုးရသည် အမေရိကန်သို့ တင်သွင်းသော မည်သည့် ကုန်ပစ္စည်းများအပေါ် မဆို တန်ဖိုးကြီးမား၍ စဉ်ဆက်မပြတ် ပြောင်းလဲနေသော စည်းကြပ်ခွန်များ ကောက်ခံခဲ့ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေစနစ်ကို ကမောက်ကမလုပ်ခြင်းဖြစ်ပြီး အမေရိကန်စီးပွားရေးကို ဝရုန်းသုန်းကားဖြစ်စေကြောင်း တရားစွဲဆိုမှုတွင် ထောက်ပြခဲ့သည်။
“လွှတ်တော်က သမ္မတကို ဒီလိုမျိုး စည်းကြပ်ခွန်များ ဖော်ဆောင်ဖို့ လုပ်ပိုင်ခွင့်ကို ဘယ်သောအခါကမှ ပေးအပ်ထားခြင်း မရှိဘူး။ အစိုးရက အုပ်ချုပ်ရေးအမိန့်၊ လူမှုမီဒီယာတွင် ရေးသားဖော်ပြခြင်း စသည်တို့မှတစ်ဆင့် ဒီစည်းကြပ်ခွန်တွေကို ဖော်ဆောင်ခြင်းဟာ ဥပဒေ ချိူးဖောက်ရာရောက်တယ်” ဟု နယူးယောက်ပြည်နယ် ရှေ့နေချုပ် Letitia James ၏ ရုံးခန်းက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထရမ့်အစိုးရ၏ တရားမဝင် စည်းကြပ်ခွန်မူဝါဒသည် ရပ်တန့်ခြင်းမရှိပါက ပိုမိုဆိုးရွားသော ငွေကြေးဖောင်းပွခြင်း၊ အလုပ်အကိုင်မဲ့ခြင်းနှင့် စီးပွားရေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း James က ပြောကြားခဲ့သည်။
နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Kathy Hochul က “ထရမ့်အစိုးရရဲ့ မဆင်မခြင် စည်းကြပ်ခွန် အစီအမံတွေကြောင့် ဝယ်ယူစာသုံးသူကို ကုန်ကျစရိတ်တွေ မြှင့်တက်လာစေတဲ့အပြင် နိုင်ငံတစ်ဝန်းလုံး စီးပွားရေးကမောက်ကမ ဖြစ်စေတယ်” ဟု အဆိုပါနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
တရားစွဲဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Kush Desai က အစိုးရသည် “အမေရိကန် ထုတ်လုပ်မှုလုပ်ငန်းကို ဖျက်ဆီးနေတဲ့၊ ကျွန်တော်တို့ အလုပ်သမားတွေ ပြန်လည်တုံ့ပြန်နိုင်စွမ်းမရှိတဲ့ နိုင်ငံအရေးပေါ်အခြေအနေအတွက် ဆက်လက်ကြိုးပမ်းနေတုန်းပဲ၊ စည်းကြပ်ခွန်ကနေ စေ့စပ်ညှိနှိုင်းမှုအထိ ကျွန်တော်တို့အနေနဲ့ ရသမျှ နည်းလမ်းအားလုံးကို သုံးသွားပါမယ်” ဟု ပြောကြားခဲ့သည်။
ထရမ့်သည် “နိုင်ငံတကာ အရေးပေါ် စီးပွားရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ ဥပဒေ (IEEPA)” ကို ကိုးကား၍ ဧပြီ ၂ ရက်တွင် အမိန့်ကြေညာချက် လက်မှတ်ရေးထိုးကာ အမေရိကန်နိုင်ငံ အရေးပေါ်အခြေအနေသို့ ရောက်ရှိကြောင်း ကြေညာခဲ့ပြီး ကုန်သွယ်ရေး မိတ်ဖက်အားလုံးအပေါ် “အလားတူ စည်းကြပ်ခွန်” ဟူသော အစီအမံကို ဖော်ဆောင်ခဲ့သည်။ ဤလုပ်ရပ်သည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အမေရိကန် အလွှာအသီးသီးအား ပြင်းထန်သော ကန့်ကွက်မှုများဖြစ်ပေါ်စေခဲ့ပြီး ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်ကို ကြီးကြီးမားမား တုန်လှုပ်စေခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ခရိုင် ရို့စ်မိဒ်မြို့ရှိ စတိုးဆိုင်တစ်ဆိုင်တွင် ဈေးဝယ်နေသူ တစ်ဦးကို ၂၀၂၅ ခုနှစ် မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………
(Chinese Version)
美国12州共同起诉联邦政府“对等关税”违法
新华社旧金山4月23日电(记者吴晓凌)美国12个州组成联盟于23日共同起诉特朗普政府,指控其关税政策违法。
亚利桑那州、科罗拉多州、康涅狄格州、特拉华州、伊利诺伊州、缅因州、明尼苏达州、内华达州、新墨西哥州、纽约州、俄勒冈州和佛蒙特州的总检察长当天向位于纽约的美国国际贸易法院提起诉讼,称特朗普政府的关税政策为“一时兴起,而非合法权力的正当行使”,要求法院宣布“对等关税”非法,并阻止其实施。
诉讼指出,依据美国宪法,关税设定权专属国会,总统只有在面临来自国外的“异常和特殊威胁”时才能援引紧急状态法律。特朗普政府对任何进入美国的商品征收巨额且不断变化的关税,颠覆了宪法秩序,引发美国经济混乱。
纽约州总检察长利蒂希娅·詹姆斯办公室在声明中表示:“国会从未授予总统实施此类关税的权力。政府通过行政命令、社交媒体发文等实施这些关税已构成违法。”詹姆斯表示,特朗普政府的非法关税政策如果不停止,将导致更严重的通货膨胀、失业和经济损失。 纽约州州长凯茜·霍楚尔当天在声明中表示:“特朗普政府不计后果的关税措施导致消费者成本飙升,并在全国范围内引发了经济混乱。”
白宫发言人库什·德赛回应该诉讼声称,政府“仍然致力于应对这场正在摧毁美国产业、让我们的工人无力应对的国家紧急状态,我们将动用一切手段,从关税到谈判”。
特朗普4月2日签署行政令,援引《国际紧急经济权力法》,宣布美国进入紧急状态,对所有贸易伙伴征收所谓“对等关税”。此举引发国际社会和美国各界强烈反对,导致全球金融市场大幅动荡。(完)
图说 1:4月2日,美国总统特朗普在首都华盛顿白宫展示签署后的关于所谓“对等关税”的行政令。新华社记者胡友松摄
图说 2:3月4日,消费者在美国加利福尼亚州洛杉矶县罗斯米德的一家商店内购物。新华社发(曾慧摄)