Connect with us

Africa & Middle East

ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်း ဆက်တိုက် ဆိုးရွားလာပြီး လူဦးရေပေါင်း သန်း ၂၉၀ ကျော် ငတ်မွတ်ခေါင်းပါးမှုနှင့် ဆိုးရွားစွာ ကြုံတွေ့နေရဟု ကုလသမဂ္ဂ အစီရင်ခံစာ ဆို

ပါလက်စတိုင်းပြည်သူများက ဂါဇာမြို့ရှိ အစားအစာပေးဝေရာ နေရာတစ်ခုတွင် အခမဲ့အစားအစာများ ရယူနေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ မေ ၁၇ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ စားနပ်ရိက္ခာမဖူလုံမှုနှင့် ဆိုးရွားစွာ ရင်ဆိုင်နေရသူ အရေအတွက်နှင့် အာဟာရချို့တဲ့သည့် ကလေးသူငယ် လူဦးရေသည် ၂၉၅ သန်းကျော်ရှိပြီး ၂၀၂၃ ခုနှစ်ထက် ၁၄ သန်း နီးပါး တိုးပွားလာကြောင်း၊ “ကပ်ဘေးအသွင်” ငတ်မွတ်ခေါင်းပါးမှု ရင်ဆိုင်ရသူ လူဦးရေသည် သမိုင်းစံချိန်သစ်တင်ခဲ့ကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းက မေ ၁၆ ရက်တွင် ထုတ်ပြန်သည့် “၂၀၂၅ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်း အစီရင်ခံစာ” တွင်ဖော်ပြထားသည်။

တစ်ကမ္ဘာလုံးတွင် “ကပ်ဘေးအသွင်” ငတ်မွတ်ခေါင်းပါးမှု ရင်ဆိုင်နေရသည့် လူဦးရေသည် ၁.၉ သန်း အထိ မြင့်တက်လာပြီး မှတ်တမ်းရှိသည့်အချိန်မှစ၍ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်ဟု အစီရင်ခံစာအရ သိရသည်။ ၎င်းအနက် ဆူဒန်နိုင်ငံ၌ ငတ်မွတ်ခေါင်းပါးမှုရှိသည်ကို အတည်ပြုပြီးဖြစ်ကာ ဂါဇာကမ်းမြောင်ဒေသ၊ တောင်ဆူဒန်၊ ဟေတီနှင့် မာလီစသည့် ဒေသများတွင်လည်း လူဦးရေအများအပြားသည် ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်တွင် ၅ နှစ်အောက် ကလေးငယ် ၃၈ သန်းကျော်သည် အရေးပေါ် အာဟာချို့တဲ့မှု အခြေအနေဖြစ်နေပြီး ၎င်းတို့သည် အဓိကအားဖြင့် ဂါဇာ၊ မာလီ၊ ဆူဒန်နှင့် ယီမင် စသည့် အာဟာရအကျပ်အတည်း ဖြစ်ပွားသည့် ဒေသနှင့်နိုင်ငံ ၂၆ ခုတွင် စုစည်းတည်ရှိနေသည်။

ဒေသတွင်းပဋိပက္ခ၊ စီးပွားရေးထိုးနှက်မှု၊ အစွန်းရောက်ရာသီဥတုနှင့် နေရပ်စွန့်ခွာရမှုတို့သည် စားနပ်ရိက္ခာ မဖူလုံမှုနှင့် အာဟာရချို့တဲ့မှုကို ဖြစ်စေသည့် အဓိကအကြောင်းအချက်များဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်လားရာသည် ဆိုးရွားစွာ လမ်းကြောင်းလွဲချော်နေကြောင်း အဆိုပါအစီရင်ခံစာက ထပ်မံဖော်ပြနေသည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောကြားခဲ့သည်။ တစ်ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှု အကူအညီရန်ပုံငွေ သိသိသာသာ လျော့နည်းသွားခြင်းသည် စနစ်အရကျရှုံးမှုဖြစ်ရုံသာမက လူသားချင်းစာနာမှုစိတ်ဓာတ်၏ ပျက်ကွက်မှုလည်း ဖြစ်ကြောင်း၊ ၂၁ ရာစုနှစ်တွင် ဖြစ်ပွားသည့် ဆာလောင်မွတ်သိပ်မှုတွင် အကြောင်းပြချက်မရှိဟု ၎င်းက သတိပေးပြောကြားခဲ့သည်။

အရေးပေါ် စားနပ်ရိက္ခာမဖူလုံမှုသည် ကျေးလက်နေပြည်သူပေါင်း သန်းရာချီ၏ ပုံမှန်အခြေအနေ ဖြစ်လာပြီဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် အရေးပေါ်ပါဝင်လုပ်ဆောင်သည့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခြင်းဖြင့် အရင်းအနှီးအကျိုးစီးပွား ပိုမိုရရှိနိုင်သည့် ရေရှည်သက်ရောက်မှုကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ညွှန်ကြားရေးမှူးချုပ် ချွီထုန်ယွိက အလေးထားပြောကြားခဲ့သည်။

စားနပ်ရိက္ခာအကျပ်အတည်းဖြစ်သည့် ဆိုးရွားသော သံသရာစက်ဝန်းကို ဖြေရှင်းရာတွင် တစ်ကမ္ဘာလုံးဆိုင်ရာ ရင်ဆိုင်မှုယန္တရားကို ဘက်ပေါင်းစုံက အသစ်ပြန်လည်နေရာချထားကာ ရလဒ်ကိုအဓိကထားသည့် လှုပ်ရှားမှုကို အာရုံစိုက်ပြီး သက်ရောက်မှုခံရသော လူမှုအသိုက်အဝန်း၏ ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်ကို မြှင့်တင်ရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် တိုက်တွန်းထားသည်။ လူသားချင်းစာနာမှု အကူအညီများအပြင် ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းနှင့် အာဟာရဝန်ဆောင်မှုအပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုကိုလည်း မြှင့်တင်ရန်လိုအပ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ကမ္ဘာ့ စားနပ်ရိက္ခာ အကျပ်အတည်း အစီရင်ခံစာ” ကို စားနပ်ရိက္ခာအကျပ်အတည်း ရင်ဆိုင်မှုဆိုင်ရာ ကမ္ဘာ့ကွန်ရက် (GNAFC) မှ ထုတ်ပြန်ခြင်းဖြစ်သည်။ GNAFC သည် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့ (IFAD) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) စသည့် အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းဖြစ်ပြီး ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းအား ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိသည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Beit Lahia မြို့တွင် လူများက ကူညီပံ့ပိုးပေးသည့်အစားအစာများ ရယူနေသည်ကို ၂၀၂၅ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————-
(Chinese Version)
联合国报告:全球粮食危机持续恶化 超2.9亿人面临严重饥饿
新华社罗马5月16日电(记者任耀庭)联合国机构16日发布的《2025年全球粮食危机报告》显示,2024年全球面临严重粮食不安全的人数和营养不良的儿童人数超过2.95亿人,比2023年增加近1400万人。面临“灾难性”饥饿的人数创下历史新高。
根据报告,全球面临“灾难性”饥饿的人数增至190万人,达到有记录以来的最高水平。其中,苏丹已被确认出现饥荒,加沙地带、南苏丹、海地和马里等地也有大量人口面临饥荒。
此外,2024年有超过3800万名5岁以下儿童处于急性营养不良状态,主要集中在加沙、马里、苏丹和也门等26个存在营养危机的地区和国家。
报告显示,地区冲突、经济冲击、极端气候和被迫流离失所是促成粮食不安全和营养不良的主要因素。
联合国秘书长古特雷斯表示,这份报告再次表明世界发展方向严重偏离轨道。他警告说,全球人道主义援助资金急剧削减,这不仅是体系的失败,更是人性的失败。发生在21世纪的饥饿是没有借口的。
联合国粮农组织总干事屈冬玉强调,急性粮食不安全已成为数亿农村居民的常态,必须加大对农业紧急干预的投资,以实现更具成本效益的持久影响。
报告呼吁,打破粮食危机的恶性循环需要全方位重置全球应对机制,聚焦以效果为核心的行动,增强受影响社区的韧性。除人道主义援助外,还应加强对本地农业系统和营养服务的投入。
《全球粮食危机报告》由全球应对粮食危机网络发布,该网络是联合国粮食及农业组织、国际农业发展基金会与世界粮食计划署等组织的合作平台,致力于应对全球粮食危机。(完)
图说1:4月24日,巴勒斯坦人在加沙城的一处分发点领取免费食物。 新华社发(马哈茂德·扎基摄)
图说2:3月22日,在加沙地带北部拜特拉希耶,人们领取救助食物。 新华社发(马哈茂德·扎基摄)