China
တရုတ်-အမေရိကန် စည်းကြပ်ခွန်လျှော့ချခြင်းက နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ နာလန်ထူမှုကို တိုးတက်မှုရှိစေ

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံကြား စည်းကြပ်ခွန်များ သိသိသာသာလျှော့ချခြင်းက နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်ရေးနှင့် ကမ္ဘာ့စီးပွားရေးနာလန်ထူမှုအတွက် အကျိုးဖြစ်ထွန်းစေကြောင်း တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရို (NBS) အရာရှိတစ်ဦးက မေ ၁၉ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
လက်ရှိ နိုင်ငံတကာဝန်းကျင်သည် တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ မြင့်တက်လာခြင်းဖြင့် ရှုပ်ထွေးကာ ပြင်းထန်နေဆဲဖြစ်ပြီး နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးစည်းစနစ်အား အပြင်းအထန်စိန်ခေါ်မှုများရှိနေသလို ကမ္ဘာ့စီးပွားရေးတိုးတက်မှုကိုလည်း ဘောင်ကျဉ်းလာစေကြောင်း NBS ပြောခွင့်ရပုဂ္ဂိုလ် ဖုလျင်ဟွေးက ပြောကြားခဲ့သည်။
သို့ရာတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရေစီးကြောင်းမှာ ပြောင်းလဲမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ၏ တံခါးဖွင့်လှစ်ရေး တိုးချဲ့ဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်မှုမှာလည်း ဆက်လက် ခိုင်မြဲနေမည်ဖြစ်ကြောင်း ဖုလျင်ဟွေးက ထပ်လောင်းပြောခဲ့သည်။
တရုတ်နိုင်ငံ၏ ကဏ္ဍစုံလင်လှသော နိုင်ငံခြားကုန်သွယ်မှုမှာ ပုံမှန်တိုးတက်လျက်ရှိပြီး ပြည်ပကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအတွက် ရည်ရွယ်ထားသော မူဝါဒများအနေဖြင့်လည်း ရလဒ်များ စဉ်ဆက်မပြတ် ထွက်ပေါ်လျက်ရှိကြောင်း ဖုလျင်ဟွေးက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
China-U.S. tariff cut good for bilateral trade growth, global recovery: spokesperson
BEIJING, May 19 (Xinhua) — The significant reduction of tariffs between China and the United States is beneficial for trade growth between the two countries and global economic recovery, an official with the National Bureau of Statistics (NBS) said at a press conference on Monday.
The current international environment remains complex and severe, with a rise in unilateralism and protectionism, which poses serious challenges to the international economic and trade order and constrains global economic growth, NBS spokesperson Fu Linghui said.
However, the trend of international cooperation for win-win outcomes will not change, Fu noted, adding that China’s commitment to expanding its opening up will remain steadfast.
The country’s diversification of foreign trade is being steadily advanced, and the policies aimed at promoting foreign trade development are yielding continuous results, which will continue to support the steady growth of foreign trade, Fu added.