Connect with us

Latin America

လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများက အခွင့်အလမ်းကို အမိအရဆုပ်ကိုင်၍ တရုတ်နိုင်ငံနှင့် အတူတကွ သာယာဝပြောမှု ဖော်ဆောင်သင့်ကြောင်း ဟွန်ဒူးရပ်စ်မီဒီယာ ဖော်ပြ

တက်ဂူဆီလ်ဂါလ်ပါ၊ မေ ၂၀ ရက် (ဆင်ဟွာ)
ဟွန်ဒူးရပ်စ်မီဒီယာ El Heraldo ၏ ဝက်ဘ်ဆိုက်တွင် မကြာမီရက်ပိုင်းက အဆိုပါသတင်းစာ ဆောင်းပါးရှင် José Adán Castelar ၏ “အတူတကွ သာယာဝပြောသည့် အဆိုပြုချက်တစ်ရပ်” ဆောင်းပါးကို ဖော်ပြခဲ့သည်။ ဆောင်းပါးအကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံ (LAC) နိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အယူအဆကို အဆိုပြုသည်မှာ ၁၀ နှစ်ကျော်ကြာ ရှိပြီဖြစ်သည်။ ၁၀ နှစ်ကျော် အချိန်အတွင်း LAC နှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးသည် ရင်းနှီးမှုရှိပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် နက်ရှိုင်းလာကာ အတွေ့အကြုံများ ဖလှယ်ခြင်းဖြင့် နားလည်သိရှိမှုများကို မြှင့်တင်ခဲ့သည်။ LAC-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ရလဒ်များ ပြည့်ဝပြီး ၂၀၂၄ ခုနှစ် တစ်နှစ်တည်းတွင်ပင် နှစ်ဖက်ကုန်သွယ်ရေးပမာဏသည် ကန်ဒေါ်လာ ၅၀၀ ဘီလီယံကို ကျော်လွန်ခဲ့သည်။

ယခုနှစ် မေလလယ်ပိုင်းတွင် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များသည် မိုင်ထောင်ချီကွာဝေးသော တရုတ်နိုင်ငံ ပေကျင်းမြို့သို့ သွားရောက်၍ တရုတ်-CELAC စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေး တက်ရောက်ခဲ့ကာ ပိုမိုများပြားသော သဘောတူညီချက်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှာဖွေဖော်ဆောင်ခဲ့သည်။ ယုံကြည်မှုသည် အတူတကွ သာယာဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သည့် အဓိကအချက်ဖြစ်ကြောင်း အဆိုပါနိုင်ငံများက နက်ရှိုင်းစွာ သိရှိနားလည်ကြသည်။

သမိုင်းအရ လက်တင်အမေရိကနှင့် ကာရေဘီယံ (LAC) နိုင်ငံများသည် ကိုလိုနီအင်အားကြီးနိုင်ငံများ၏ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရဖူးပြီး စပိန်၊ ဗြိတိန်၊ ပေါ်တူဂီနှင့် အမေရိကန်တို့က အဆိုပါမြေပြင်ထက်တွင် ပြင်းထန်သော အရိုက်အရာများ ချန်ထားခဲ့ဖူးသည်။ ထို့ကြောင့်ပင် LAC နိုင်ငံများက တရုတ်နိုင်ငံ ကျင့်သုံးသည့် ပြည်တွင်းရေးအား အပြန်အလှန် စွက်ဖက်မှုမရှိခြင်း၊ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုအား လေးစားခြင်း၊ နိုင်ငံများက မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း လျှောက်လှမ်းမှုအား ထောက်ခံအားပေးခြင်းဟူသည့် ရပ်တည်ချက်ကို အထူးပင် တန်ဖိုးထားလှသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်ချီကာလများအတွင်း တရုတ်နိုင်ငံသည် ခုန်ပျံကျော်လွှား ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး သိပ္ပံနည်းပညာနှင့် လုပ်ငန်းဆိုင်ရာ သုတေသနပြုမှုတို့သည့် အလွန်မြင့်မားသည့်အဆင့်၌ ရောက်ရှိနေကာ ကမ္ဘာကြီးအတွက် ပစ္စည်းကောင်းမွန်၍ တန်ဖိုးချိုသာသော ထုတ်ကုန်များ ပံ့ပိုးပေးလျက်ရှိသည်။ ၂၀၁၂ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် ဖြစ်လာခဲ့သည်။

လက်ရှိတွင် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများက အဆိုပါသမိုင်းဝင်အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ပြီး အတူတကွ သာယာဝပြောမှု တည်ဆောက်ရေးဟူသည့် ကြီးမြတ်သောအစီအစဉ်တွင် ပါဝင်ရန် မဟာဗျူဟာအမြင်ရှိသည့် ခေါင်းဆောင် အရေးတကြီးလိုအပ်လျက်ရှိပေသည်။ (Xinhua)

———————–
(Chinese Version)
全球瞭望|洪都拉斯媒体:拉美国家应抓住机遇与中国实现共同繁荣
新华社特古西加尔巴5月18日电 洪都拉斯《先驱报》网站日前刊登了该报专栏作家何塞·阿丹的文章《一项共同繁荣的倡议》。文章摘要如下:
构建中拉命运共同体理念提出已有十余年。十多年来,拉中往来频繁,双方不断深化合作、交流经验、增进了解。拉中合作成果丰硕,仅2024年双边贸易额便突破5000亿美元。
今年5月中旬,拉美和加勒比国家共同体(拉共体)成员国领导人远赴万里之遥的中国北京,出席中国-拉共体论坛第四届部长级会议,寻求更多共识与合作。这些国家深知,信任是实现共同繁荣与发展的关键所在。
历史上,拉美曾深受殖民列强之苦——西班牙、英国、葡萄牙和美国都在这片土地上留下沉重烙印。正因此,拉美国家尤为珍视中国所秉持的互不干涉内政、尊重主权和领土完整、支持各国走符合本国国情的发展道路的立场。
过去数十年,中国实现跨越式发展,科技与产业研发处于很高水平,为世界提供物美价优的产品。自2012年起,中国已成为拉美和加勒比地区的第二大贸易伙伴。
当前,拉美亟需有战略眼光的领导人,抓住这一历史机遇,投身于构建共同繁荣的宏伟蓝图之中。(完)