North America
အမေရိကန်အစိုးရ မူဝါဒများက ကန်ဒေါ်လာ “ဘေးကင်းရာ” အနေအထားကို အန္တရာယ်ဖြစ်စေဟု ဗြိတိန်မီဒီယာများက ဆို

လန်ဒန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
အမေရိကန်အစိုးရက “အလွန်အကျွံ တိုးချဲ့သည့် ဘဏ္ဍာရေးမူဝါဒများ အသုံးပြုခြင်း” စသည့် လုပ်ရပ်များက ကန်ဒေါ်လာ ပိုင်ဆိုင်မှု၏ “ကမ္ဘာလုံးဆိုင်ရာ ဘေးကင်းရာ” အနေအထားကို မကြုံစဖူး သံသယဖြစ်စေမည် ဖြစ်ကြောင်း ဗြိတိန် Financial Times သတင်းဝက်ဘ်ဆိုက်၏ မကြာသေးမီက ထုတ်ပြန်သော ဆောင်းပါးတွင် ထောက်ပြထားသည်။ အနာဂတ် ငါးနှစ်မှ ဆယ်နှစ်အတွင်း အမေရိကန်ဒေါ်လာပိုင်ဆိုင်မှုသည် ကမ္ဘာ့ဘေးကင်းရာကိရိယာအဖြစ် ဆက်လက်တည်ရှိနိုင်မည်လော ဆိုသည့်အပေါ် တွေ့ဆုံမေးမြန်းခဲ့သည့် စီးပွားရေးပညာရှင်များက စိုးရိမ်ကြသည်။ ဆောင်းပါး၏ အနှစ်ချုပ်အကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည်။
အမေရိကန်အစိုးရက “အလားတူစည်းကြပ်ခွန်” ဟူသည်ကို ဖော်ဆောင်မည်ဟု ကြေညာပြီးနောက် ကမ္ဘာတစ်ဝန်း စတော့ဈေးကွက်တွင် အချိန်အတိုင်းအတာတစ်ခုအထိ စတော့ရှယ်ယာ အများအပြား ထုတ်ရောင်းမှုများ ဖြစ်ပွားခဲ့ရာ ကန်ဒေါ်လာတန်ဖိုးမတက်ဘဲ ကျဆင်းခဲ့သည်။ ယင်းမှာ “ဈေးကွက်တုန်လှုပ်ခြောက်ခြားမှုဖြစ်ချိန်တွင် အရင်းအနှီးများ ကန်ဒေါ်လာသို့ စီးဝင်ခြင်း” ဟူသည့် ပုံမှန်အနေအထားနှင့် ဆန့်ကျင်ဘက်ဖြစ်နေပေသည်။ အမေရိကန် တက္ကဆက်တက္ကသိုလ် အော်စတင်ကျောင်းခွဲ လက်ထောက်ပါမောက္ခ Saroj Bhattarai က “အမေရိကန် မူဝါဒ မတည်ငြိမ်မှုက ဈေးကွက်အန္တရာယ် ပရီမီယံ (Risk Premium) ကို မြင့်တက်စေတယ်။ အဲဒီကတစ်ဆင့် အမေရိကန် ရေရှည်ငွေချေးစာချုပ်ရဲ့ ဝင်ငွေနှုန်းကို မြှင့်တင်လိုက်ပြီး ကန်ဒေါ်လာဈေးကို နိမ့်ကျစေတယ်” ဟု ဆိုသည်။
လက်ရှိ ကန်ဒေါ်လာ ငွေလဲနှုန်းမှာ ယခုနှစ်များအတွင်း အနိမ့်ဆုံး ဖြစ်နေရာ ရင်းနှီးမြှုပ်နှံသူများက အမေရိကန်ဘဏ္ဍာရေး၏ စဉ်ဆက်မပြတ်ဖြစ်မှုနှင့် အမေရိကန် ဗဟိုဘဏ်၏ လွတ်လပ်မှုအပေါ် စိုးရိမ်မှုများ ထပ်တိုးလာသည်။
“(အမေရိကန်) အလွန်အကျွံ တိုးချဲ့တဲ့ ဘဏ္ဍာရေးမူဝါဒတွေကြောင့် ကမ္ဘာတစ်ဝန်း ရင်းနှီးမြှုပ်နှံသူတွေက ကန်ဒေါ်လာပိုင်ဆိုင်မှုရဲ့ ဆွဲဆောင်အားကို ပြန်လည်သုံးသပ်လာနိုင်ပါတယ်” ဟု အမေရိကန် ဂျွန်ဟော့ကင်းတက္ကသိုလ် စီးပွားရေးပညာရှင် Robert Barbera က ပြောကြားခဲ့သည်။
အကယ်၍ ဤအခြေအနေသည် အမှန်တကယ်ဖြစ်လာပြီး အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powell ကို ရာထူးမှဖြုတ်ချသည်ဖြစ်စေ၊ ၎င်းနေရာ၌ ရုပ်သေးတစ်ဦး အစားထိုးခန့်အပ်၍ စီမံခိုင်းသည်ဖြစ်စေ အမေရိကန်ဗဟိုဘဏ်ကို အိမ်ဖြူတော် လက်လွှဲစီမံလိုက်ခြင်းနှင့် ထပ်ပေါင်းလိုက်မည်ဆိုလျှင် “ဒါက ကျွန်တော့်ကို အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်စေလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
အမေရိကန် Duke တက္ကသိုလ် စီးပွားရေးပညာရှင် Anna Cieslak က “ဘဏ္ဍာရေးလိုငွေ၊ အစိုးရက အမေရိကန်အရင်းအနှီး ဘဏ်အကောင့်များကို ရည်ရွယ်ချက်ရှိရှိ လျှော့ချခြင်း၊ ကန်ဒေါ်လာတန်ဖိုးနိမ့်အောင် လုပ်ဆောင်ခြင်း၊ အမေရိကန်ဗဟိုဘဏ် ဆက်ခံသူ မသေချာမရေရာခြင်းနှင့် လွတ်လပ်မှုရှိခြင်းတို့က သံသယဖြစ်ခံရတယ်။ ဒီအကြောင်းရင်းအားလုံးက ကန်ဒေါ်လာ ဘေးကင်းရာ ပိုင်ဆိုင်မှုဆိုတဲ့ အနေအထားကို ယုတ်လျော့စေတာပဲ” ဟု ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
全球瞭望|英媒:美政府政策危及美元“避风港”地位
新华社伦敦6月30日电(记者赵小娜)英国《金融时报》网站日前刊文指出,美国政府“采取过度扩张性财政政策”等做法,正令美元资产的“全球避风港”地位受到前所未有的质疑。受访经济学家担忧,未来五到十年,美元资产能否继续充当全球避险工具。文章摘要如下:
美国政府宣布实施所谓“对等关税”后,全球股市一度出现大幅抛售,而美元不升反降。这与“市场恐慌时资金流入美元”的常态相悖。美国得克萨斯大学奥斯汀分校助理教授萨罗杰·巴特拉伊说:“美国政策不确定性导致市场风险溢价上涨,从而推高美国长期债券收益率,压低美元价格。”
当前,美元汇率处于几年来低点,投资者对美国财政可持续性以及美联储独立性的担忧加剧。
“(美国)过度扩张的财政政策很可能促使全球投资者重新评估美元资产的吸引力。”美国约翰斯·霍普金斯大学经济学家罗伯特·巴伯拉表示,如果这一情况成为现实,加之白宫接管美联储的事实——不管是解雇美联储主席鲍威尔还是任命一个傀儡来接替他,“那会让我极度担忧”。
美国杜克大学经济学家安娜·切斯拉克表示:“财政赤字、政府刻意缩减美国资本账户和让美元贬值的行动、美联储继任安排的不确定性以及独立性遭质疑,所有这些因素都在削弱美元的避险资产地位。”(完)
1. File photo shows a worker counts the U.S. dollars at a bank in Tancheng County of Linyi City, east China’s Shandong Province. (Xinhua/Zhang Chunlei)