Connect with us

North America

အမေရိကန် အထက်လွှတ်တော်က “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” အခွန်နှင့် အသုံးစရိတ် ဥပဒေမူကြမ်း အတည်ပြု

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ လွှတ်တော် အဆောက်အအုံကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
နယူးယောက်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
 
အမေရိကန်အထက်လွှတ်တော်က “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” အခွန်နှင့် အသုံးစရိတ် ဥပဒေမူကြမ်းကို ထောက်ခံမဲ ၅၁ မဲ၊ ကန့်ကွက်မဲ ၅၀ မဲရလဒ်ဖြင့် ဇူလိုင် ၁ ရက်တွင် အတည်ပြုခဲ့သည်။
 
အဆိုပါဥပဒေမူကြမ်းအကြောင်းအရာတွင် အမေရိကန် သမ္မတ ထရမ့်က ၎င်း၏ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း ၂၀၁၇ ခုနှစ်၌ အတည်ပြုခဲ့သော ကုမ္ပဏီလုပ်ငန်းနှင့် တစ်ဦးချင်း အခွန်လျှော့ချခြင်းအစီအမံကို သက်တမ်းတိုးခြင်း၊ မုန့်ဖိုးပေးငွေနှင့် အချိန်ပိုကြေးလစာတို့ကို အခွန်ကင်းလွတ်စေခြင်း၊ ကျန်းမာရေးအာမခံနှင့် အာဟာရထောက်ပံ့မှုအစီအစဉ်များတွင် အသုံးစရိတ်လျှော့ချခြင်းတို့ပါဝင်ပြီး တစ်ချိန်တည်းတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများတိုက်ဖျက်ရေးနှင့် ကာကွယ်ရေးကဏ္ဍအတွက် ရန်ပုံငွေ ကန်ဒေါ်လာ ဘီလီယံရာနှင့်ချီ၍ ပံ့ပိုးပေးရန် ခွင့်ပြုခဲ့သည်။
 
အမေရိကန်အထက်လွှတ်တော် အတည်ပြုခဲ့သော ဤဥပဒေမူကြမ်းဗားရှင်းက အမေရိကန်အနေဖြင့် ယခုနှစ် စက်တင်ဘာ ၃၀ ရက်မှစ၍ လျှပ်စစ်မော်တော်ကားများအတွက် အခွန်သက်သာခွင့်များ ပေးတော့မည်မဟုတ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ၂၀၂၇ ခုနှစ် နှစ်ကုန်ပိုင်းမတိုင်မီ ရင်းနှီးထုတ်လုပ်ခဲ့သော လေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းများသာ အခွန်သက်သာခွင့် ခံစားနိုင်မည်ဖြစ်သည်ဟု သတ်မှတ်ထားသည်။
 
ထို့အပြင် အမေရိကန် ကြွေးမြီအကန့်အသတ်ကို ကန်ဒေါ်လာ ၅ ထရီလီယံအထိ တစ်ဆင့်တိုး မြှင့်တင်ပြီး ယခင် အောက်လွှတ်တော်ဗားရှင်း ပမာဏထက်များကြောင်း အထက်လွှတ်တော်ဗားရှင်း ဥပဒေမူကြမ်းက ခန့်မှန်းထားသည်။
 
အောက်လွှတ်တော် ဗားရှင်းနှင့် အထက်လွှတ်တော်ဗားရှင်း၏ ဥပဒေမူကြမ်းသည် ၂၀၂၅ ခုနှစ်မှ ၂၀၃၄ ခုနှစ်အထိ အမေရိကန် လိုငွေပြမှုကို ကန်ဒေါ်လာ ၂.၈ ထရီလီယံမှ ၃.၃ ထရီလီယံအထိ အသီးသီးတိုးလာနိုင်စေကြောင်း၊ ထို့အပြင် အထက်လွှတ်တော်ဗားရှင်း ဥပဒေမူကြမ်း၌ ဆေးကုသရေးဆိုင်ရာ အထောက်အပံ့နှင့် လက်လှမ်းမီသော ဆေးကုသပေးရေးဆိုင်ရာ ဥပဒေမူကြမ်းကို ပြင်ဆင်လိုက်ခြင်းသည် ၂၀၃၄ ခုနှစ်တွင် အမေရိကန်၌ ကျန်းမာရေး အာမခံ မရှိသူဦးရေ ၁၂ သန်းနီးပါး တိုးပွားလာစေနိုင်ကြောင်း အမေရိကန်လွှတ်တော်ဘတ်ဂျက်ရုံး၏ ခန့်မှန်းတွက်ချက်မှုအရ သိရသည်။
 
အထက်လွှတ်တော်ဗားရှင်း ဥပဒေမူကြမ်းသည် “ချမ်းသာသူများကို ကူညီရန် ဆင်းရဲသားများထံမှ ဓားပြတိုက်ခြင်း” ဖြစ်သည်ဟု အချို့သော ဒီမိုကရက်တစ်ပါတီဝင် လွှတ်တော်အမတ်များက ပြစ်တင်ဝေဖန်ခဲ့သည်။ ဤဥပဒေမူကြမ်းသည် “ဘီလျံနာလူကုံထံလူတန်းစားတွေကို ပေးတဲ့လက်ဆောင်” ဖြစ်သည်ဟု Vermont ပြည်နယ် ဖက်ဒရယ်အထက်လွှတ်တော်အမတ် Bernie Sanders က ပြောကြားခဲ့သည်။ ဤဥပဒေမူကြမ်းသည် “ဆင်ခြင်တုံတရားကင်းမဲ့ပြီး တာဝန်ယူမှုလည်းမရှိ” ကြောင်း မီချီဂန်ပြည်နယ် ဖက်ဒရယ်အထက်လွှတ်တော်အမတ် Gary Peters က ပြောကြားခဲ့သည်။
 
ဈေးကွက်၏ အမေရိကန် ဘဏ္ဍာရေး ရေရှည်တည်တံ့မှုအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ကန်ဒေါ်လာနှင့် ယူရိုငွေ လဲလှယ်နှုန်းသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစ၍ အနိမ့်ဆုံးအမှတ်သို့ ထိုးဆင်းစေခဲ့ကြောင်း၊ ကန်ဒေါ်လာနှင့် အဓိက ငွေကြေးခြောက်မျိုး လဲလှယ်နှုန်းကို တိုင်းတာသော ကန်ဒေါ်လာအညွှန်းကိန်းသည် ဇူလိုင် ၁ ရက် နံနက်အစောပိုင်းတွင် ၉၆.၅၀ အောက်သို့ ကျဆင်းသွားခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းမှစ၍ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ကြောင်း အမေရိကန် မီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။ 
 
“ဘဏ္ဍာရေးလိုငွေပြမှု၊ အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းမှု၊ ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ဆက်ခံမယ့်သူ မသေချာမှု၊ (ထရမ့်က) ဗဟိုဘဏ် သီးခြားရပ်တည်နိုင်မှုအပေါ် သံသယရှိမှု၊ ဒါတွေ အားလုံးက ဒေါ်လာရဲ့ လုံခြုံစိတ်ချရတဲ့အနေအထားအပေါ် အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေတယ်” ဟု အမေရိကန် Duke သက္ကသိုလ် ပါမောက္ခ Anna Cieslak က ပြောကြားခဲ့သည်။
 
ရီပက်ဘလစ်ကန် လွှတ်တော်အမတ်အများစု ပါဝင်သော အမေရိကန် အောက်လွှတ်တော်တွင် မေ ၂၂ ရက်က ၁ မဲ အားသာချက်ဖြင့် “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” ဥပဒေမူကြမ်းကို ခဲယဉ်းစွာ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ အထက်လွှတ်တော်က အဆိုပါဥပဒေမူကြမ်းအပေါ် ပြင်ဆင်မှု ကြီးမားသောကြောင့် အထက်လွှတ်တော် အတည်ပြုခဲ့သော ဗားရှင်းအား အောက်လွှတ်တော်က ထပ်မံအတည်ပြုပြီးမှသာ အမေရိကန် သမ္မတ လက်မှတ်ရေးထိုးပြီး ဥပဒေဖြစ်လာရန် တင်သွင်းရမည် ဖြစ်သည်။ မကြာသေးမီရက်က ထရမ့်သည် ဇူလိုင် ၄ ရက်မတိုင်မီ ဤဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုရန် လွှတ်တော်အား တိုက်တွန်းခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် သမ္မတ ထရမ့်အား ၂၀၂၅ ခုနှစ် ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(Chinese Version)
美国参议院通过“大而美”税收与支出法案 
新华社纽约7月1日电(记者刘亚南)美国国会参议院1日以51票赞成、50票反对的表决结果通过“大而美”税收与支出法案。   
法案内容包括延长美国总统特朗普在其第一个任期内于2017年通过的企业和个人减税措施,让小费和加班工资收入免于纳税,削减在医疗保险和营养补助项目的投入,同时授权在打击非法移民和国防方面提供数千亿美元资金等。   
参议院通过的这版法案还规定,美国从今年9月30日起将不再为电动汽车提供税收抵免,同时只有在2027年底前投产的风电和太阳能项目可享受税收抵免。   
此外,参议院版本的法案预计将美国债务上限进一步提高5万亿美元,高于此前众议院版本的数额。   
据美国国会预算办公室估算,众议院版本和参议院版本的法案从2025年到2034年将分别使美国赤字增加2.8万亿美元和近3.3万亿美元。此外,参议院版本法案中对医疗补助和平价医疗法案的修改将导致到2034年美国无保险人数增加近1200万。  
一些民主党参议员指责参议院版本法案是“劫贫济富”。佛蒙特州联邦参议员伯尼·桑德斯说,该法案是“给亿万富豪阶层的礼物”。密歇根州联邦参议员加里·彼得斯说,该法案“鲁莽且不负责任”。
美国媒体报道,市场对美国财政可持续性的担忧正将美元对欧元汇率推向自2021年9月以来的最低点。衡量美元对六种主要货币汇率的美元指数1日凌晨跌至96.50下方,为2022年2月下旬以来的最低水平。  
美国杜克大学教授安娜·西斯拉克说:“财政赤字、美元贬值、美联储主席继任者的不确定性以及(特朗普)对美联储独立性的质疑,都对美元的避风港地位产生负面影响。”  
共和党议员占多数的美国国会众议院5月22日以一票优势艰难通过“大而美”法案。由于参议院对该法案有较大修改,参议院通过的版本还需要得到众议院的再次通过才能提交给美国总统签字并成为法律。特朗普日前呼吁国会在7月4日前通过这一法案。(完)
图说:这是1月18日在美国华盛顿拍摄的国会大厦。新华社记者吴晓凌摄
图说:6月27日,美国总统特朗普在华盛顿白宫出席记者会。新华社记者胡友松摄