China
တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ပညာလေ့လာသင်ယူနေသော အီဂျစ်လူငယ်

ထျန်းကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ပို့ဆောင်ဆက်သွယ်ရေး နည်းပညာကောလိပ်မှ ပထမဆုံးအသုတ် လူပန်းအလုပ်ရုံ ပညာတော်သင်ကျောင်းသားများသည် မကြာသေးမီရက်က ဘွဲ့ရခဲ့ကြသည်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှလာသည့် အသက် ၂၀ အရွယ် လူငယ် ကောကျန့်ခိုင်ကလည်း တရုတ်နိုင်ငံတွင် ၎င်း၏ ဘွဲ့လက်မှတ်ကို အဆင်ပြေချောမွေ့စွာ ရရှိခဲ့သည်။
၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် အသက် ၁၄ နှစ်အရွယ် ကောကျန့်ခိုင်သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ အဆင့်မြင့်ပြုပြင်မွမ်းမံရေးနည်းပညာကျောင်း၌ ပညာသင်ကြားနေပြီး အီဂျစ်နိုင်ငံ လူပန်းအလုပ်ရုံစီမံကိန်း ပြင်ဆင်မှု စတင်ရေးနှင့် တိုက်ဆိုင်ခဲ့ရာ ၎င်း၏ပညာသင်ကြားမှုဘဝသည် ထိုအချိန်မှစ၍ လူပန်းအလုပ်ရုံနှင့် ရေစက်ဆုံခဲ့သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာတွင် တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ပို့ဆောင်ဆက်သွယ်ရေး နည်းပညာကောလိပ်သည် ထျန်းကျန်း အသေးစားစက်မှုလုပ်ငန်း သက်မွေး နည်းပညာကောလိပ်နှင့်အတူလက်တွဲပြီး အီဂျစ်နိုင်ငံ Ain Shams တက္ကသိုလ်၊ ကိုင်ရို အဆင့်မြင့် ပြုပြင်မွမ်းမံရေးနည်းပညာကျောင်းနှင့် ပူးပေါင်းကာ လူပန်းအလုပ်ရုံ နှစ်ခု ဖွင့်လှစ်ခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ကောကျန့်ခိုင်သည် အီဂျစ်နိုင်ငံတွင် လူပန်းအလုပ်ရုံ၌ သင်ခန်းစာအားလုံး ပြီးမြောက်ပြီးနောက် ဘွဲ့ရရှိခဲ့သည်။ သို့သော် ၎င်းက ဒေသတွင်းတွင် အလောတကြီး လုပ်ငန်းခွင်မဝင်ဘဲ လူပန်းအလုပ်ရုံ စတင်ပေါက်ဖွားရာနေရာ တရုတ်နိုင်ငံ ထျန်းကျန်းမြို့သို့ လာရောက်ပြီး စွမ်းအင်သစ်မော်တော်ယာဉ် နည်းပညာ ပညာရပ်အား ဆက်လက်လေ့လာသင်ယူရန် ရွေးချယ်ခဲ့သည်။
“လူပန်းအလုပ်ရုံက တရုတ်နိုင်ငံကနေ စတင်တာဆိုတော့ အကောင်းဆုံး သင်ယူမှုပုံစံကလည်း တရုတ်နိုင်ငံမှာပဲ ရှိမှာသေချာတယ်။ နှစ်ဖက်ရဲ့ လေ့ကျင့်ရေးစက်ပစ္စည်းတွေက အကုန်အတူတူပဲ၊ တွဲဖက်လုပ်ဆောင်နိုင်စွမ်း မြင့်မားပါတယ်” ၊ “တရုတ်နိုင်ငံရဲ့ စွမ်းအင်သစ်ကားလုပ်ငန်းက အရှိန်အဟုန်နဲ့ တိုးတက်နေတာ။ ဒီနေရာမှာ ကျွန်တော်က ပိုရှေ့ပြေးဖြစ်တဲ့ ဗဟုသုတနဲ့ လက်တွေ့လုပ်ဆောင်မှု အတွေ့အကြုံတွေကို လေ့လာသင်ယူနိုင်ပါတယ်” ဟု ကောကျန့်ခိုင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၌ လေ့လာသင်ယူရာ၌ လစ်ဟာမှုမရှိ ချိတ်ဆက်နိုင်ရန် ၎င်းက အီဂျစ်နိုင်ငံတွင် ကျောင်းတက်စဉ်ကတည်းက တရုတ်ဘာသာစကားကို လေ့လာသင်ယူခဲ့သည်။ အာရပ်ဘာသာစကားနှင့် တရုတ်ဘာသာစကားတို့ ကွာခြားမှုသည် သိသာထင်ရှားကြောင်း၊ တရုတ်စာလုံးများ ရေးသားမှုနှင့် အသံအနေအထားပြောင်းလဲမှုသည် အခက်အခဲဆုံးအချက်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော မတူသော အသံအနေအထားသည် မတူသောအဓိပ္ပာယ်ကို ဆိုလိုနေခြင်းကြောင့်ဖြစ်သည်ဟု ၎င်းက ပွင့်လင်းစွာ ဆိုခဲ့သည်။
တစ်နှစ်ကြာ ကျွမ်းကျင်စွာလေ့လာသင်ယူပြီးနောက် တရုတ်နိုင်ငံတွင် ဆရာနှင့် ကျောင်းနေဖက်များ၏ ဂရုတစိုက်ကူညီမှုဖြင့် ကောကျန့်ခိုင်သည် စက်ပစ္စည်းအား ကိုယ်တိုင်ထိန်းချုပ်လုပ်ဆောင်နိုင်ပြီဖြစ်ကာ စွမ်းအင်သစ်ကား ချို့ယွင်းမှုအကဲဖြတ်မှုနှင့် ပြုပြင်မှုသက်ဆိုင်ရာ နည်းပညာစွမ်းရည်များအား ပိုင်နိုင်ကျွမ်းကျင်နေပြီဖြစ်သည်။
ယနေ့တွင် အီဂျစ်နိုင်ငံ လမ်းမများတွင် ပိုမိုများပြားသော တရုတ်အမှတ်တံဆိပ် စွမ်းအင်သစ်ကားများ သွားလာနေပြီဖြစ်ကာ တရုတ်လုပ်ငန်းကုမ္ပဏီများကလည်း အီဂျစ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံ၍ စက်ရုံတည်ဆောက်နေကြသည်။
“လူပန်းအလုပ်ရုံစီမံကိန်းက အီဂျစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရမ်းအရေးကြီးပါတယ်” ၊ “စွမ်းအင်သစ်ကား နည်းပညာကို လေ့လာသင်ယူတာက ကျွန်တော်တို့ အီဂျစ်ကိုပြန်သွားရင် ပိုမိုအလားလာကောင်းတဲ့ လုပ်ငန်းခွင်ဝင်မှုကို ပိုင်ဆိုင်ရရှိစေပါတယ်” ဟု ကောကျန့်ခိုင်က ပြောကြားခဲ့သည်။
ယခုနှစ် ဇွန်လအထိ တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ပို့ဆောင်ဆက်သွယ်ရေး နည်းပညာကောလိပ် တည်ဆောက်လည်ပတ်သော အီဂျစ်နိုင်ငံ လူပန်းအလုပ်ရုံများသည် အီဂျစ်နိုင်ငံမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂,၀၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ အပြန်အလှန် သွားရောက်ကာ ကူးလူးဖလှယ်မှု အကြိမ်ရေ ၂၄၃ ကြိမ် လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ အီဂျစ်နိုင်ငံ ကားလုပ်ငန်း အဆင့်မြှင့်တင်မှုအတွက် နည်းပညာကျွမ်းကျင်လူရည်ချွန်များ စဉ်ဆက်မပြတ် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ပို့ဆောင်ဆက်သွယ်ရေး နည်းပညာကောလိပ် ကားအင်ဂျင်နီယာကျောင်း လက်တွေ့လေ့ကျင့်ရေးစင်တာ၌ ကောကျန့်ခိုင်က ဆရာ ကျုးဖန်၏ လမ်းညွှန်မှုဖြင့် ယာဉ်ချို့ယွင်းမှုရှာဖွေရန် ချို့ယွင်းမှုရှာဖွေရေးစက်အား အသုံးပြုနေသည်ကို ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ပို့ဆောင်ဆက်သွယ်ရေး နည်းပညာကောလိပ် ကားအင်ဂျင်နီယာကျောင်း လက်တွေ့လေ့ကျင့်ရေးစင်တာ၌ ကောကျန့်ခိုင်က ဆရာ ကျုးဖန်၏ လမ်းညွှန်မှုဖြင့် ယာဉ်ချို့ယွင်းမှုရှာဖွေရန် ချို့ယွင်းမှုရှာဖွေရေးစက်အား အသုံးပြုနေသည်ကို ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ပို့ဆောင်ဆက်သွယ်ရေး နည်းပညာကောလိပ်တွင် ဘွဲ့နှင်းသဘင် အခမ်းအနား တက်ရောက်နေသော ကောကျန့်ခိုင် (ဝဲဘက်) အား ဇွန် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
埃及青年 师出津城
新华社照片,天津,2025年7月1日
近日,天津交通职业学院首批埃及鲁班工坊留学生毕业。来自埃及开罗的20岁青年郭振凯,顺利拿到了他的毕业证书。
2019年初,14岁的郭振凯就读于埃及开罗高级维修技术学校,恰逢埃及鲁班工坊项目筹备启动,他的学习生涯自此与鲁班工坊结缘。2020年11月,天津交通职业学院携手天津轻工职业技术学院,与埃及艾因夏姆斯大学、开罗高级维修技术学校合作建成两所鲁班工坊。
2024年,郭振凯在埃及顺利完成鲁班工坊所有课程后毕业。他没有急于在当地就业,而是选择来到天津,继续深造新能源汽车技术专业。
“鲁班工坊源自中国,最好的学习方式自然也在中国。两边的培训设备完全相同,匹配度极高。”郭振凯说,“中国新能源汽车产业蓬勃发展,在这里我能学到更前沿的知识和实践经验。”
为了无缝衔接在中国的学习,他在埃及读书期间便自学中文。他坦言,阿拉伯文和汉语差异显著,汉字书写和声调变化是最大的难点,因为不同的声调往往意味着不同的含义。
经过一年的专业学习,在中国老师和同学的悉心帮助下,郭振凯已能独立操作设备,掌握了新能源汽车故障诊断与维修的相关技能。
如今,越来越多的中国品牌新能源汽车行驶在埃及街头,不少中国企业也纷纷在埃及投资建厂。“鲁班工坊项目对埃及的发展至关重要,”郭振凯说,“学习新能源汽车技术,让我们回国后拥有更具潜力的职业前景。”
截至今年6月,由天津交通职业学院建设运营的埃及鲁班工坊,已累计培训埃及师生2000余名,师生互访交流243人次,持续为埃及汽车产业升级输送技术技能人才。
1:在天津交通职业学院汽车工程学院实训中心,郭振凯对车辆进行检测(6月27日摄)。 新华社记者 孙凡越 摄
2、3:在天津交通职业学院汽车工程学院实训中心,郭振凯在教师周璠指导下操作故障诊断仪,排查车辆故障(6月27日摄)。新华社记者 孙凡越 摄
4:郭振凯(左)在天津交通职业学院参加毕业典礼(6月29日摄)。新华社记者 孙凡越 摄