Connect with us

Latin America

“BRICS ပူးပေါင်းဆောင်ရွက်မှု” ဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့တွင် BRICS နိုင်ငံခေါင်းဆောင်များ ၁၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ ကြိုဆိုရေး ဆိုင်းဘုတ်များအား ၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်ကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ ဒေသစံတော်ချိန် ဇူလိုင် ၁၆ ရက်က ကျင်းပခဲ့ရာ ဆင်ဟွာသတင်းဌာန နိုင်ငံတော်အဆင့်မြင့် တတ်သိပညာရှင်များ သုတေသနအဖွဲ့မှ ရေးသားသည့် “‘BRICS ပူးပေါင်းဆောင်ရွက်မှု’ ဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း လက်တွဲအတူ တက်လှမ်းမှုအပေါ် တွန်းအားပေးခြင်း” တတ်သိပညာရှင် အစီရင်ခံစာတစ်ရပ်အား ကမ္ဘာတစ်ဝန်းသို့ ထုတ်ပြန်ကြေညာခဲ့သည်။ အစီရင်ခံစာတွင် BRICS ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံဖြစ်စဉ်များကို အနှစ်ချုပ်ထားပြီး BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ယန္တရား၏ တောက်ပြောင်သော အောင်မြင်မှုနှင့် ခေတ်ကာလတန်ဖိုးကို စနစ်တကျ ဖော်ပြထားရာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများက ရှုပ်ထွေးသည့် နိုင်ငံတကာအခြေအနေတွင် အတူတကွ စည်ပင်ဝပြောမှုကို ဖော်ဆောင်ရန်အတွက် အရေးကြီးသည့် လက်တွေ့လမ်းကြောင်းကို ပံ့ပိုးပေးခဲ့သလို BRICS နိုင်ငံများ ကမ္ဘာ့တောင်ဘက်ခြမ်း၏ ဦးဆောင်သူ တာဝန်ထမ်းဆောင်မှုကို အပြည့်အဝ ပြသခဲ့သည်။

BRICS ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ပြန့်သည့် အလားအလာကို ဖွင့်လှစ်ပေးပေသည်။ ၂၀၀၆ ခုနှစ်တွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးများက BRICS နိုင်ငံများ ပထမအကြိမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပပြီး BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို စတင်ဖွင့်လှစ်ခဲ့သည်။ ကနဦးဖြစ်သည့် စီးပွားရေးတွေ့ဆုံဆွေးနွေးမှု ပလက်ဖောင်းမှသည် ယနေ့အခါ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ သိပ္ပံနည်းပညာ၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍများ လွှမ်းခြုံပါဝင်သော အထွေထွေ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားအထိ BRICS နိုင်ငံများသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံအုပ်စု၏ ဦးမော့လာမှုအတွက် အဓိကမဏ္ဏိုင်ဖြစ်လာရုံသာမက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပိုမို တရားမျှတ၊ ကျိုးကြောင်းဆီလျော်သည့် ဦးတည်ရာသို့ ဖွံ့ဖြိုးတိုးတက်အောင် ပို၍ပင် တွန်းအားပေးခဲ့ပေသည်။

BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ယန္တရား၏ ဩဇာသက်ရောက်မှု စဉ်ဆက်မပြတ် မြင့်တက်လာခြင်းနှင့်အတူ “BRICS မိသားစုကြီး” သည်လည်း တစ်စတစ်စ ပို၍ အင်အားတောင့်တင်းလာခဲ့သည်။ ကနဦးဖြစ်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် အဖွဲ့ဝင်နိုင်ငံ ၄ နိုင်ငံမှသည် ယနေ့အခါ “Greater BRICS” အခင်းအကျင်းအထိ BRICS သည် တံခါးဖွင့်မှု၊ အားလုံးပါဝင်မှု သဘောထားဖြင့် အဖွဲ့ဝင်များကို စဉ်ဆက်မပြတ် တိုးချဲ့ခဲ့သည်။ တောင်အာဖရိက၊ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ယူအေအီး၊ အီရန်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား စသည့်နိုင်ငံများမှာ BRICS တရားဝင်အဖွဲ့ဝင်များ ဖြစ်လာကြရာ အာရှတိုက်၊ အာဖရိကတိုက်၊ အရှေ့အလယ်ပိုင်း၊ လက်တင်အမေရိက စသည့် ဒေသများကို လွှမ်းခြုံထားသော ကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှု ကွန်ရက် ဖြစ်တည်လာခဲ့သည်။

ဤကဲ့သို့ ပထဝီအနေအထားအမျိုးမျိုးပါဝင်မှုနှင့် စီးပွားရေးအပြန်အလှန်ဖြည့်စွက်မှုတို့ကြောင့် BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ဘုံသဘောထားစုစည်းသော၊ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်သော ဗဟိုချက်ပလက်ဖောင်းဖြစ်လာရာ ပိုမိုများပြားသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှု၊ နိုင်ငံတကာ ပြောရေးဆိုခွင့်မြှင့်တင်မှုတွင် ပေါင်းစည်းပါဝင်ရန် အခွင့်အရေးများ ပံ့ပိုးပေးလိုက်ပေသည်။

BRICS နိုင်ငံများသည် ပူးပေါင်းဆောင်ရွက်မှုဖြင့် လက်တွေ့ဖော်ဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးခဲ့သည်။ တည်ဆဲ နိုင်ငံတကာစည်းစနစ်၏ မမျှတမှုနှင့် မလျော်ကန်မှုကို ရင်ဆိုင်ရာတွင် BRICS နိုင်ငံများသည် New Development Bank (NDB) စသည့် ယန္တရားများမှတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရည်အသွေးမြင့်၊ ကုန်ကျစရိတ်သက်သာသည့် အခြေခံအဆောက်အအုံ ဘဏ္ဍာငွေ ရင်းနှီးမြှုပ်နှံမှုအား ပံ့ပိုးပေးပြီး အနောက်တိုင်း ဦးဆောင်သည့် ဘဏ္ဍာရေး လက်ဝါးကြီးအုပ်မှုကို ဖြိုခွင်းခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ပြုပြင်ပြောင်းလဲခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်း သတ်မှတ်ရေးဆွဲခြင်း စသည့် အစီအစဉ်များတွင် BRICS နိုင်ငံများက နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်ထိန်းသိမ်းရန်၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ အတားအဆီးကို ဆန့်ကျင်ရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားကို အခိုင်အမာ ကာကွယ်ရန် တစ်ပြေးညီ လက်ကိုင်ထားကြသည်။ ဤကဲ့သို့ တရားမျှတမှု၊ ဓမ္မဓိဋ္ဌာန်ကျမှုဖြင့် ဦးဆောင်သော ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှု ပုံစံသည် နိုင်ငံတကာအရေးကိစ္စများတွင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ကိုယ်စားပြုမှုနှင့် ပြောရေးဆိုခွင့်ကို မြှင့်တင်လိုက်ရုံသာမက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို ပြည့်စုံအောင် ကောင်းမွန်စွာ ဆောင်ရွက်ရာတွင် တွန်းအားသစ် ဖြည့်တင်းပေးလိုက်ခြင်း ပို၍ပင် ဖြစ်ပေသည်။

BRICS ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့တောင်ဘက်ခြမ်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားတောင့်တင်းသည့် အထောက်အပံ့အဖြစ် ပံ့ပိုးပေးသည်။ သိပ္ပံနည်းပညာ ဆန်းသစ်ဖန်တီးမှု ကဏ္ဍတွင် BRICS နိုင်ငံများသည် ပူးတွဲ သုတေသနပြုရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D)၊ နည်းပညာလွှဲပြောင်းမှုနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းမှု ပူးပေါင်းဆောင်ရွက်ခြင်း မှတစ်ဆင့် စမတ်စီးပွားရေးကို ဗဟိုပြုသည့် ပူးပေါင်းဆောင်ရွက်မှု ဂေဟစနစ်ကို တည်ဆောက်ကာ အဖွဲ့ဝင်နိုင်ငံများအား သမားရိုးကျစက်မှုလုပ်ငန်းအသွင် လမ်းကြောင်းကို ကျော်လွှားလျက် ကုန်ထုတ်လုပ်ငန်း အဆင့်မြှင့်ခြင်းနှင့် စီးပွားရေး ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ခြင်းကို ဖော်ဆောင်ခဲ့သည်။ အစိမ်းရောင်စီးပွားရေးကဏ္ဍတွင် BRICS နိုင်ငံများက လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင် စသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးများ ပြုလုပ်ကာ စွမ်းအင်မျှတစွာ အသွင်ပြောင်းရေးကို တွန်းအားပေးခဲ့ပြီး အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှု ယန္တရားမှတစ်ဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် အရင်းအနှီးအာမခံချက်ကို ပံ့ပိုးပေးပေသည်။ ထိုသို့ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင် ထိရောက်စွာ အကျိုးရှိရေးကို မျှတစွာ ဂရုစိုက်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးပုံစံသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ခေတ်မီအသွင်ပြောင်းရေးလမ်းကြောင်းကို ရှာဖွေရာတွင် ကိုးကားနိုင်သည့် နမူနာ အထောက်အပံ့ ဖြစ်ခဲ့သည်။

အနာဂတ်ကို ရှုမျှော်ကြည့်ရာတွင် BRICS ပူးပေါင်းဆောင်ရွက်မှုသည် မဟာဗျူဟာ မောင်းနှင်အား အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ကာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများကို ဦးဆောင်၍ ခေတ်မီအသွင်ပြောင်းရေး ခရီးစဉ်သစ်ဆီ လျှောက်လှမ်းသွားမည် ဖြစ်ပေသည်။ “BRICS +” ပုံစံမှတစ်ဆင့် BRICS နိုင်ငံများသည် ပူးပေါင်းဆောင်ရွက်မှု “မိတ်ဆွေအသိုက်အဝန်း” ကို တစ်ဆင့်ထပ်၍ တိုးချဲ့သွားမည် ဖြစ်ပြီး ဘက်ပေါင်းစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုများပြားသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်ရန် ဆွဲဆောင်ကာ ပို၍ တရားမျှတသော၊ အားလုံးပါဝင်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အခင်းအကျင်းကို တည်ဆောက်သွားမည် ဖြစ်သည်။ ယဉ်ကျေးမှု အပြန်အလှန်လေ့လာခြင်းကို အချိတ်အဆက်အဖြစ်ထားရှိကာ BRICS ပူးပေါင်းဆောင်ရွက်မှုက မတူကွဲပြားသည့် ယဉ်ကျေးမှုများ တန်းတူညီမျှ တွေ့ဆုံဆွေးနွေးခြင်းကို တွန်းအားပေး၍ ကမ္ဘာ့တောင်ဘက်ခြမ်း ယဉ်ကျေးမှု သဘောတူညီချက်များကို စုစည်းခြင်းဖြင့် လူသားမျိုးနွယ် ယဉ်ကျေးမှု အမျိုးအစားစုံလင်ခြင်းအတွက် ရေရှည်ရှင်သန်စွမ်းအားကို ဖြည့်တင်းသွားမည် ဖြစ်သည်။

သွေးစည်းညီညွတ်ခြင်း အင်အားသည် ရည်မှန်းချက်များကို အောင်မြင်ထမြောက်အောင် ဆောင်ရွက်နိုင်ပေသည်။ စည်းလုံးညီညွတ်စွာ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် မရှိမဖြစ် လမ်းကြောင်း၊ တံခါးဖွင့်လှစ်မှုနှင့် အားလုံးပါဝင်မှုသည် အတူတကွဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်သည့် အခြေခံအာမခံချက်ဖြစ်သည်ကို BRICS ပူးပေါင်းဆောင်ရွက်မှု၏ အတွေ့အကြုံဖြစ်စဉ်များက သက်သေပြခဲ့သည်။ BRICS ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးကို မုချမသွေ တွန်းအားပေးမည် ဖြစ်ပြီး နိုင်ငံအသီးသီး ယဉ်ကျေးမှု အပြန်အလှန်လေ့လာမှုကို မြှင့်တင်ပေးမည် ဖြစ်သည်။ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများကို ဘက်စုံစွမ်းအားပံ့ပိုးကာ ကမ္ဘာ့တောင်ဘက်ခြမ်း ခေတ်မီအသွင်ပြောင်းရေးကို တွန်းအားပေးပြီး လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ကဏ္ဍသစ်ကို ရေးခြယ်သွားမည်သာ ဖြစ်ပေသည်။ (Xinhua)

အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ၁၀ ကြိမ်မြောက် ဒါရိုက်တာဘုတ်အဖွဲ့ နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားအား ၂၀၂၅ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
新华时评|以“金砖合作”推动全球南方发展
新华社里约热内卢7月16日电 题:以“金砖合作”推动全球南方发展
新华社记者朱文哲
当地时间7月16日,在巴西里约热内卢举行的金砖国家媒体智库高端论坛上,由新华社国家高端智库课题组撰写的《“金砖合作”推动全球南方携手共进》智库报告面向全球发布。报告全面总结了金砖合作历程,系统性地展现了金砖国家合作机制的辉煌成就与时代价值,为全球南方国家在复杂国际局势中实现共同繁荣提供了重要实践路径,充分彰显了金砖国家作为全球南方领航者的责任担当。
金砖合作为全球南方国家发展开辟广阔空间。2006年,巴西、俄罗斯、印度、中国外长举行金砖国家首次外长会晤,启动金砖国家合作序幕。从最初的经济对话平台,到如今涵盖政治、安全、经济、科技、人文等领域的综合性战略合作机制,金砖国家不仅成为全球南方国家群体性崛起的重要支柱,更推动全球治理体系朝着更加公正合理方向发展。
随着金砖国家合作机制的影响力持续提升,“金砖大家庭”也在逐步壮大。从最初的巴西、俄罗斯、印度、中国4个成员国到如今的“大金砖”格局,金砖国家以开放包容的姿态不断扩员,南非、沙特阿拉伯、埃及、阿联酋、伊朗、埃塞俄比亚、印度尼西亚陆续成为金砖国家正式成员,形成覆盖亚洲、非洲、中东、拉美等区域的广泛合作网络。这种地缘多样性和经济互补性,使金砖国家合作机制成为全球南方国家凝聚共识、协同发展的核心平台,为更多发展中国家提供了融入全球经济治理、提升国际话语权的契机。
金砖国家以合作实践推动全球经济治理体系变革。面对既有国际秩序的不平等与不合理,金砖国家通过新开发银行等机制,为发展中国家提供高质量、低成本的基础设施融资,打破西方主导的金融垄断;在世贸组织改革、全球贸易规则制定等议题上,金砖国家一致主张维护多边主义,反对保护主义壁垒,坚定捍卫发展中国家利益。这种以公平正义为引领的协作模式,不仅提升了全球南方在国际事务中的代表性和话语权,更为完善全球治理体系注入了新的动力。
金砖合作为全球南方可持续发展提供强大支撑。在科技创新领域,金砖国家通过联合研发、技术转移与数字转型合作,构建以智能经济为核心的合作生态,助力成员国跨越传统工业化路径,实现产业升级与经济韧性提升;在绿色经济领域,金砖国家深化风能、太阳能等可再生能源合作,推动能源公正转型,并通过绿色融资机制为可持续发展项目提供资金保障。这种兼顾经济、社会与环境效益的综合发展模式,为全球南方国家探索现代化道路提供了可资借鉴的范式。
展望未来,金砖合作将继续发挥战略引擎作用,引领全球南方国家迈向现代化新征程。通过“金砖+”模式,金砖国家将进一步扩大合作“朋友圈”,吸引更多发展中国家参与多边协作,构建更加公平、包容的全球治理格局;以文明互鉴为纽带,金砖合作还将推动不同文明平等对话,凝聚全球南方文化共识,为人类文明多样性注入持久活力。
众擎易举,众志成城。金砖合作的历程证明,团结协作是应对全球性挑战的必由之路,开放包容是实现共同发展的根本保障。金砖合作必将推动全球治理变革,促进各国文明互鉴,全面赋能全球南方国家,推动全球南方迈向现代化,为构建人类命运共同体书写崭新篇章。(完)
1. 这是7月3日在巴西里约热内卢拍摄的金砖国家领导人第十七次会晤欢迎标语牌。新华社发(克劳迪娅·马尔提尼摄)
2. 这是6月26日拍摄的亚洲基础设施投资银行第十届理事会年会开幕式现场。新华社记者李鑫摄