Connect with us

China

တရုတ်နိုင်ငံ ပေကျင်း‌မြို့ ချန်အန်းလမ်းမတစ်လျှောက်တွင် ပန်းအလှဆင်မှုများ လုပ်ဆောင်ပြီးစီး

တရုတ်နိုင်ငံ ပေကျင်း‌မြို့ ကျန့်ကော်မန်၌ “ငြိမ်းချမ်းရေးအား တန်ဖိုးထားခြင်း” ပန်းအလှဆင်မှုအား လေ့လာကြည့်ရှုနေသော ပြည်သူများကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
လတ်တလောရက်ပိုင်းတွင် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအတွက် တရုတ်နိုင်ငံ ပေကျင်းမြို့ ချန်အန်းလမ်းမတစ်လျှောက် ပန်းအလှဆင်မှု အစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။
အထိမ်းအမှတ် အခမ်းအနား ကျင်းပသည့် ကာလအတွင် ချန်အန်းမြို့ လမ်းမတစ်လျှောက်တွင် “သမိုင်းအား မှတ်သားခြင်း၊ ကျဆုံးသွားသော အာဇာနည်များအား အောက်မေ့ခြင်း၊ ငြိမ်းချမ်းရေးအား တန်ဖိုးထားခြင်း၊ အနာဂတ် ဖန်တီးဖွင့်လှစ်ခြင်း” ခေါင်းစဉ်ဖြင့် ကျန့်ကော်မန်မှ ဖုရှင်းမန်အထိ ရုပ်လုံးကြွ ပန်းအလှဆင်မှု ၁၀ ခု ဆင်ယင်ထားရှိကာ နှစ်ပေါင်း ၈၀ အတွင်း ကြီးမြတ်သော တရုတ်ပြည်သူများက ရှေ့ဆင့်နောက်ဆင့် မဆုတ်မနစ် ကြိုးပမ်းပြီး အင်အားတောင့်တင်းသောနိုင်ငံ တည်ဆောက်မှု၊ ကြီးမြတ်သော အမျိုးသား ပြန်လည်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း ဖော်ဆောင်မှုအတွက် မလျှော့သောဇွဲဖြင့် ကြိုးပမ်းသည့် ကြီးမြတ်သော စိတ်ဓာတ်ကို သက်ဝင်လှုပ်ရှားစွာ တင်ဆက်ဖော်ပြသွားမည်ဖြစ်ကြောင်း ပေကျင်းမြို့ ဥယျာဉ်စိမ်းလန်းစိုပြည်ရေးဌာန၏ မိတ်ဆက်မှုအရ သိရသည်။
ပန်းအလှဆင်မှုလုပ်ငန်းကို လက်ရှိတွင် လုပ်ဆောင်ပြီးပြီဖြစ်ရာ ပန်းအလှဆင်မှု ၁၀ ခုကို ချန်အန်းလမ်းမတစ်လျှောက်တွင် စတင်ပြသနေပြီဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ ရှီးသန်းခရိုင်တွင် “သိပ္ပံနည်းပညာ အင်အားတောင့်တင်းသော နိုင်ငံ” ပန်းအလှဆင်မှုအား လေ့လာကြည့်ရှုနေသော ပြည်သူများကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
北京长安街沿线花卉布置完成
新华社照片,北京,2025年8月26日
近日,中国人民抗日战争暨世界反法西斯战争胜利80周年纪念活动长安街沿线花卉布置方案公布。
据北京市园林绿化局介绍,纪念活动期间,在长安街沿线以“铭记历史、缅怀先烈、珍爱和平、开创未来”为主题,从建国门至复兴门布置10组立体花坛,生动展现80年来,伟大的中国人民前仆后继、不屈不挠、顽强奋斗,为实现强国建设、民族复兴伟业而不懈努力的伟大精神。
花坛花卉布置工作现已完工,10组花坛已在长安街沿线亮相。
1、8月26日,人们在北京建国门参观“珍爱和平”花坛。 新华社记者 鞠焕宗 摄
2、8月22日,人们在北京西单参观“科技强国”花坛。新华社记者 鞠焕宗 摄