China
CIIE ပြပွဲတွင် တရုတ်နိုင်ငံ၏ ကြီးမားကျယ်ပြန့်သော ဈေးကွက်အခွင့်အလမ်းများကို အပြည့်အဝ ထုတ်ဖော်ပြသထား
ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ၈ နှစ်ဆက်တိုက် ပါဝင်ခဲ့သော ကမ္ဘာ့အကြီးဆုံး ဆေးဘက်ဆိုင်ရာကိရိယာထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Medtronic က ယခုနှစ်ပြပွဲတွင် ဆန်းသစ်တီထွင်ထားသော ထုတ်ကုန်နှင့် ကုထုံး ၅၀၀ ကျော်ကို မိတ်ဆက်ပြသခဲ့ပြီး ယင်းတို့အနက် ၇၀ ကျော်မှာ ဈေးကွက်၌ ပထမဆုံးမိတ်ဆက်မှုဖြစ်ကြောင်း သိရသည်။
Medtronic ကုမ္ပဏီအနေဖြင့် ယင်းကုန်စည်ပြပွဲ၏ အရှိန်အဟုန်ကို လိုက်ပါစီးမျောလျက် အထင်ကရ ပြပွဲပစ္စည်းများကို စီးပွားဖြစ်ထုတ်ကုန်များအဖြစ် အသွင်ပြောင်းလဲခဲ့ရာ တရုတ်နိုင်ငံရှိ လူနာအများအပြားအတွက် အကျိုးကျေးဇူးရရှိစေသည်ဟု Medtronic Greater China ၏ ကော်ပိုရေးရှင်းနှင့် ဆက်ဆံရေး ကိစ္စရပ်များဆိုင်ရာ ဒုတိယဥက္ကဋ္ဌဖြစ်သူ ချောင်ရှန်းက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သည့် ၈ ကြိမ်မြောက် CIIE ပြပွဲ၌ Medtronic စသော ပိုမိုများပြားလာသည့် စီးပွားရေးလုပ်ငန်းများက ရှန်ဟိုင်းမြို့က ပေးစွမ်းနိုင်သော ငွေကြေးသုံးစွဲမှုနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကြီးမားသော အလားအလာများကို ဖော်ထုတ်အသုံးချရန် အုံနှင့်ကျင်းနှင့် ရောက်ရှိလာခဲ့ကြသည်။
ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် CIIE ဗျူရိုမှ တာဝန်ရှိသူတစ်ဦး၊ ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် Medtronic ကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦးတို့က တရုတ်နိုင်ငံ၏ တံခါးဖွင့်လှစ်မှုနှင့် ကြီးမားကျယ်ပြန့်သော ဈေးကွက်တို့က ဖန်တီးပေးသည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ ၎င်းတို့၏ အသိအမြင်များကို မျှဝေပေးခဲ့ခြင်းဖြစ်ပြီး ယင်းအခွင့်အလမ်းများမှာ CIIE ပြပွဲတွင် ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။
အားလုံးအတွက် ကြီးမားသောဈေးကွက်ဆီသို့ တံခါးပေါက်
CIIE ပြပွဲမှာ အဆင့်အတန်းမြင့်မားသော တံခါးဖွင့်လှစ်မှု အဆင့်သစ်အတွက် တွန်းအားပေးလုပ်ဆောင်မည့် တရုတ်နိုင်ငံ၏ အရေးကြီးမူဝါဒ၏ မြင်သာထင်သာရှိသော အစိတ်အပိုင်းတစ်ခုအဖြစ် အကျိုးပြုသကဲ့သို့ တရုတ်နိုင်ငံအနေဖြင့် ယင်း၏ ကြီးမားကျယ်ပြန့်သော ဈေးကွက်အား ကမ္ဘာကြီးအတွက် တံခါးဖွင့်လှစ်ပေးမှုကို စတင်လုပ်ဆောင်ရာတွင်လည်း အရေးပါသော အခွင့်အလမ်းတစ်ခုကို ဆောင်ကြဉ်းပေးလျက်ရှိသည်။
ယခုနှစ်ပြပွဲ၌ ကမ္ဘာတစ်ဝန်းမှ ပြပွဲပြသသူ ၄,၁၀၈ ဦး ပါဝင်ခဲ့ကာ ၎င်းတို့အနက် Fortune Global 500 စာရင်းဝင်ကုမ္ပဏီနှင့် စက်မှုလုပ်ငန်းနယ်ပယ်မှ ဦးဆောင်ပလေယာ (player) ၂၉၀ ပါဝင်ကြောင်း သိရသည်။
“ဒါဟာ နိုင်ငံတကာအသိုင်းအဝိုင်းက ယုံကြည်မှုအပြည့်ရှိတယ်ဆိုတာကို ပြတ်ပြတ်သားသား ပြသလိုက်တာပါပဲ” ဟု CIIE ဗျူရို၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် လီကော်ချင်းက မှတ်ချက်ပြုခဲ့ကာ ယင်းကုမ္ပဏီများအနေဖြင့် တရုတ်ဈေးကွက်အတွက် ရေရှည်ကတိကဝတ်ပြုရန် ဆန္ဒရှိနေခြင်းကို အလေးထားပြောဆိုခဲ့သည်။
ထိုကဲ့သို့ ဆွဲဆောင်မှုအားကောင်းခြင်းမှာ အရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်တို့တွင် တရုတ်နိုင်ငံ၏ သူမတူသော အားသာချက်များကြောင့်ဖြစ်သည်ဟု လီက ယူဆလျက်ရှိသည်။
တရုတ်နိုင်ငံ ရန်မင်တက္ကသိုလ် ချုံယန်ဘဏ္ဍာရေးဆိုင်ရာ လေ့လာရေးအင်စတီကျု အကြီးအကဲ ဝမ်ဝန်ကလည်း လီ၏ယူဆချက်ကို ထောက်ခံဆွေးနွေးခဲ့ပြီး တရုတ်ဈေးကွက်မှာ မျက်မှောက်ကမ္ဘာတွင် အရှားပါးဆုံး အရင်းအမြစ်ဖြစ်သည်ဟု ဆိုသည်။
ကုန်သွယ်ရေးဆိုင်ရာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် ကမ္ဘာ့စီးပွားရေး ပေါင်းစည်းချိတ်ဆက်မှုအား လျှော့ချခြင်းတို့ အရှိန်မြင့်တက်နေသည့်တိုင် တရုတ်နိုင်ငံ၏ ရေရာသေချာသော ဖွံ့ဖြိုးတိုးတက်မှုနှင့် တံခါးဖွင့်လှစ်မှုတို့က ပြင်ပမှ မရေရာမှုများကို ခုသာခံသာရှိစေသလို တရုတ်နိုင်ငံ၏ အရွယ်အစားအလွန်ကြီးမားသော ဈေးကွက်ကိုလည်း ကမ္ဘာကြီး၏ အခွင့်အလမ်းအဖြစ် ဖန်တီးပေးလျက်ရှိကြောင်း၊ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော သွင်းကုန်အသားပေး ကုန်စည်ပြပွဲဖြစ်သော CIIE ပြပွဲမှာ တရုတ်နိုင်ငံ၏ တံခါးဖွင့်လှစ်မှုကို အဓိပ္ပာယ်ဖွင့်ဆိုပေးသော အမှတ်သညာတစ်ခုဖြစ်လာကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/75A

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် ၈ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ၌ ရဝမ်ဒါနိုင်ငံပြခန်းတွင် စကားပြောဆိုနေသူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………..
(English Version)
Xinhua Headlines: China’s vast market opportunities on full display at CIIE
SHANGHAI, Nov. 9 (Xinhua) — Having participated in the China International Import Expo (CIIE) for eight consecutive years, Medtronic, one of the largest medical device companies in the world, has showcased more than 500 innovative products and treatments at this event, with over 70 of them making their market debuts.
Riding the expo’s momentum, Medtronic has turned these flagship exhibits into commercial products, benefiting many patients in China, said Cao Shan, vice president of corporate affairs and communications of Medtronic Greater China.
The 8th CIIE, which runs from Nov. 5 to 10, has seen an ever-growing number of enterprises, like Medtronic, flocking to Shanghai to tap the great potential of consumption and innovation on offer there.
In the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency, an official from the CIIE Bureau, a scholar, and the Medtronic representative shared their insights on the opportunities created by China’s opening up and vast market — as displayed at the ongoing CIIE.
GATEWAY TO BIG MARKET FOR ALL
The CIIE serves as a tangible part of China’s major policy to push for a new round of high-standard opening up, and provides a significant opportunity for China to take the initiative in opening its huge market to the world.
This year’s expo has attracted 4,108 global exhibitors — among which are 290 Fortune Global 500 firms and leading industry players.
“This is a clear vote of confidence cast by the international community,” noted Li Guoqing, deputy director-general of the CIIE Bureau, highlighting their willingness to make a long-term commitment to the Chinese market.
Li attributed this magnet effect to China’s unique advantages in capital, technology and market.
His view was echoed by Wang Wen, dean of Chongyang Institute for Financial Studies at the Renmin University of China, who described market as “the most scarce resource” in today’s world.
Despite the escalating trade protectionism and deglobalization, the certainty of China’s development and opening up offsets external uncertainties and makes its super-large market a global opportunity, said Wang, adding that, as the world’s only import-themed national trade expo, the CIIE has become a defining symbol of China’s openness.
English Caption 1
Visitors view Hexagon’s industrial humanoid robot AEON demonstrating the three-dimensional scanning, which is the first exhibition of industrial automation application scenarios of AEON in China, during the 8th China International Import Expo (CIIE) in east China’s Shanghai, Nov. 5, 2025. (Xinhua/Fang Zhe)
English Caption 2
People talk at the pavilion of Rwanda during the 8th China International Import Expo (CIIE) in east China’s Shanghai, Nov. 7, 2025. (Xinhua/Ren Pengfei)
