Europe
ဂျာမနီ နိုင်ငံ အစိုးရ က ကျေးလက်ဒေသ ရှိ ဆေးရုံ ၁၂၀ အား ကူညီထောက်ပံ့သည့် အနေဖြင့် ယူရို သန်း ၅၀ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်
ဘာလင် ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
ဂျာမနီ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန က ကျေးလက် ပြည်သူလူထု တို့ အရေးပေါ် ကုသမှု ခံယူနိုင်ရန် အတွက် ကျေးလက်ဒေသ ရှိ ဆေးရုံ ၁၂၀ အား ဂျာမနီ အစိုးရ မှ ကူညီထောက်ပံ့သည့် အနေဖြင့် ယူရို သန်း ၅၀ ရင်းနှီးမြှုပ်နှံမှု ပြုလုပ် သွားမည် ဖြစ်ကြောင်း ဇူလိုင် ၈ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။
ဂျာမနီ နိုင်ငံ အစိုးရ အနေဖြင့် ၂၀၂၀ ခုနှစ် မှ စတင်၍ လူသူနည်းပါးသော ကျေးလက် ဒေသ ရှိ ဆေးရုံ ၁၂၀ အား ဆေးရုံ တစ်ရုံလျှင် ယူရို ၄ သိန်း ထည့်သွင်းရင်းနှီးမြှုပ်နှံပေး သွားမည် ဖြစ်ကြောင်း ၊ ကူညီထောက်ပံ့မှု ရရှိမည့် ဆေးရုံ များ က ဒေသတွင်း အရေးပေါ် ကုသမှု နှင့် သားဖွားမီးယပ် ဝန်ဆောင်မှု ပေးနိုင်သည့် ဆေးရုံများ ဖြစ်ရမည် ဖြစ်ကြောင်း ၊ ယခု ကဲ့သို့ ဆောင်ရွက်ခြင်း က ကျေးလက် ဒေသရှိ ပြည်သူလူထု တို့မှ အရေးပေါ် ကုသမှု ရရှိစေရန် နှင့် ခရီးဝေးလံခြင်း ကြောင့် ရောဂါကုသမှု အတွက်အနှောင့်အယှက် မဖြစ်စေရန် ဖြစ်ကြောင်း သိရှိရသည်။
ဂျာမနီ နိုင်ငံ ဆေးရုံများ အဖွဲ့အစည်း ၊ အမျိုးသား ကျန်းမာရေး အာမခံ အဖွဲ့အစည်း နှင့် ပုဂ္ဂလိက ကျန်းမာရေး အာမခံ အဖွဲ့အစည်း တို့ က အတူတကွ လာမည့်နှစ် တွင် ထောက်ပံ့မှု ရရှိမည့် ပထမ အသုတ် ဆေးရုံ စာရင်း ကို အတည်ပြု နိုင်ခဲ့ပြီး အဆိုပါ စာရင်း က နှစ်စဉ် ပြောင်းလဲမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ထောက်ပံ့မှု ရရှိမည့် ဆေးရုံများ အနေဖြင့် အထွေထွေ ရောဂါကုသမှု ၊ ခွဲစိတ်ကုသမှု သို့မဟုတ် သားဖွားမီးယပ် အထူးကု ဝန်ဆောင်မှု ပေးနိုင်သည့် ဆေးရုံ ဖြစ်ရမည် ဖြစ်ပြီး တစ် စတုရန်း ကီလိုမီတာ အတွင်း လူ ၁၀၀ အောက်ရှိ ဒေသ မှ ဆေးရုံ ဖြစ်ရမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)