Connect with us

MYANMAR

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ် ရေးအတွက် CITIC Group မှ ဆန်တန်ချိန် ၃၀ နှင့် ပိုးသတ်ဆေးဖြန်းစက် ၁၀ လုံး လှူဒါန်း

တရုတ် နိုင်ငံ CITIC Group မှ လှူဒါန်းပေးသည့် ဆန် နှင့် ပိုးသတ်ဆေးဖြန်းစက် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၇ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရှိ ပြည်သူများ COVID-19 ရောဂါ ကာကွယ်ရေးအတွက် တရုတ် နိုင်ငံ CITIC Group က ယနေ့ မေ၇ ရက် နေ့လယ်ပိုင်း တွင် ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ဆန်တန်ချိန် ၃၀ နှင့် ပိုးသတ်ဆေးဖြန်းစက် ၁၀ လုံးအား  ကျောက်ဖြူမြို့နယ် အလှူလက်ခံရေး ကော်မတီ ကိုယ်စားလှယ် ဦးအေးစံ ထံသို့ လွှဲပြောင်းပေးအပ် ခဲ့ပြီး အခမ်းအနား သို့ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ထန်ဆူးဖူ (Tan Shufu) နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တက်ရောက် ခဲ့ကြကြောင်းသိရသည်။

အခမ်းအနား တွင် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ထန်ဆူးဖူ က တရုတ်-မြန်မာ နှစ်နိုင်ငံ သည် တောတောင်ရေမြေချင်းထိဆက်နေသည့် ဆွေမျိုးပေါက်ဖော် သံယောဇဉ် တည်ရှိသော နိုင်ငံများ ဖြစ်ကြကြောင်း ၊ မြန်မာ နိုင်ငံ ၌ ကပ်ရောဂါ ကူးစက်ခံရသူ တစ်နေ့တစ်ခြား ပိုမိုများပြားလာချိန်တွင် တရုတ် နိုင်ငံ CITIC Group အနေဖြင့် ထပ်သူခံစားရသဖြင့် ပြည်သူများ၏ လိုအပ်ချက်ပေါ် မူတည်၍ မြန်မာ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ၊ CITIC Group အနေဖြင့် လက်တွေ့ဆောင်ရွက်မှု ပြုလုပ်ကာ တရုတ်-မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ကူညီထောက်ပံ့သည့် ကံကြမ္မာအကျိုးတူအသိုက်အဝန်း စိတ်ဓာတ် ကို ဖော်ဆောင်ပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ CITIC Group မှ လှူဒါန်းပေးသည့် ဆန် နှင့် ပိုးသတ်ဆေးဖြန်းစက် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ CITIC Group မှ လှူဒါန်းပေးသည့် ဆန် နှင့် ပိုးသတ်ဆေးဖြန်းစက် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

 

 တရုတ် နိုင်ငံ CITIC Group မှ လှူဒါန်းသည့် ဆန် နှင့် ပိုးသတ်ဆေးဖြန်းစက်များအား လွှဲပြောင်းပေးအပ်နေစဉ်(ဆင်ဟွာ)

 

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ထန်ဆူးဖူ (Tan Shufu) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

CITIC Myanmar ၏ Deputy Managing Director Mr. Sun Tiejun က CITIC Group ၏ ယခုအကြိမ်လှူဒါန်းမှု သည် CITIC Myanmar နှင့် CITIC ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး သုတေသန ဖောင်ဒေးရှင် မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အတတ်နိုင်ဆုံး လိုအပ်ချိန်တွင် ကူညီထောက်ပံ့မှု ဆောင်ရွက်ပေးခဲ့ကြောင်း ၊ လှူဒါန်းပေးခဲ့သည့် ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများ သည်လည်း ကျောက်ဖြူမြို့တွင် လက်တွေ့အရေးပေါ် လိုအပ်နေသည့် ပစ္စည်းများ ဖြစ်ပြီး ကပ်ရောဂါကြောင့် ဒေသတွင်း ဖြစ်ပွား နေသည့် အခက်အခဲ များကို ဖြေလျှော့ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကျောက်ဖြူမြို့နယ် အလှူလက်ခံရေး ကော်မတီ ကိုယ်စားလှယ် ဦးအေးစံ က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှုအား ဖြေကြားနေစဉ်(ဆင်ဟွာ)

ကျောက်ဖြူမြို့နယ် အလှူလက်ခံရေး ကော်မတီ ကိုယ်စားလှယ် ဦးအေးစံ က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် COVID-19 ရောဂါ သည် ကမ္ဘာ့ကပ်ရောဂါ ဖြစ်သောကြောင့် မြန်မာ နိုင်ငံ တွင်လည်း ကပ်ရောဂါ ခံစားနေရကြောင်း ၊ ယခုကဲ့သို့ ခက်ခဲနေသည့် အချိန်တွင် တရုတ် နိုင်ငံ ၏ ယခုကဲ့သို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ဆောင်ရွက်ပေးခြင်း သည် မြန်မာ့ ယဉ်ကျေးမှု နှင့် ကိုက်ညီပြီး ဆွေမျိုးပေါက်ဖော် သဘောလည်း သက်ရောက်ကြောင်း ၊ ထို့ကြောင့် ကျောက်ဖြူမြို့နယ် မြို့မိမြို့ဖ ကိုယ်စား တရုတ် နိုင်ငံ အား ကျေးဇူးတင်လိုကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ CITIC Group မှ လှူဒါန်းသည့် ဆန်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ CITIC Group မှ လှူဒါန်းသည့် ဆန်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

CITIC Myanmar ၏ Deputy Managing Director Mr. Sun Tiejun ပြောကြားနေစဉ်(ဆင်ဟွာ)

ယခင်နှစ်များအတွင်းတွင်လည်း CITIC Group အနေဖြင့် အကျိုးအမြတ်ပဓာန မထားသော လူထုအကျိုးပြုလုပ်ငန်းများ(CSR)ကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြောင်း ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအား

စတင်အကောင်အထည်ဖော် သည့် တစ်ချိန်တည်းမှာပင် CITIC Group အနေဖြင့် ကျေးလက်ရံပုံငွေစီမံကိန်း၊ ရေဘေးကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ခြင်းနှင့် လေကြောင်းဖြင့် ကူညီထောက်ပံ့ရေးအစီအစဉ်များ၊ မေတ္တာကျောပိုးအိတ်နှင့် ရှပ်အင်္ကျီများလှူဒါန်းခြင်း၊ ကျောက်ဖြူYouth Capacity Building စီမံကိန်းများစသည်တို့တွင် အမေရိကန်‌ဒေါ်လာ ၄,၀၀၀,၀၀၀ ခန့် ကို ကျောက်ဖြူဒေသနှင့် ဒေသခံများ၏အကျိုးအတွက် အသုံးပြုထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)