MYANMAR
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃) ဦးထပ်မံတွေ့ရှိ
ရန်ကုန် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၂၉ ရက်) နံနက် ၈ နာရီ တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃) ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ထို့ကြောင့်လက်ရှိအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း(၆၅၆) ဦး ရှိလာကြောင်း သိရသည်။
အဆိုပါလူနာသစ်များတွင် ၁၂ ဦးသည် ရခိုင်ပြည်နယ်မှ ဖြစ်ပြီး ကျန်တစ်ဦးမှာ ရှမ်းပြည်နယ် (တောင်ပိုင်း) မှဖြစ်ကြောင်း၊ ပြည်ပခရီးသွားရာဇဝင်မရှိကြောင်း၊ ၎င်းတို့ထဲမှ ၆ဦးသည် COVID-19 အတည်ပြုလူနာ နှင့် ထိတွေ့မှု ရှိခဲ့ကြောင်း သိရသည်။
သြဂုတ် ၂၈ ရက် ည ၈နာရီ အချိန်အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်းများ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၃၄၉) ဦး ရှိကြောင်း၊ ၎င်းတို့အနက် (၃၃၉) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ (Xinhua)