Connect with us

Videos

တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံ ၏လျှပ်စစ်ဓါတ်အားပေးလိုင်းများ တည်ဆောက်ရေးအတွက် ထောက်ပံ့

ကန်ဒယ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ငွေကြေးထောက်ပံ့မှုဖြင့် အရှည် ကီလိုမီတာ ၁ဝဝ ရှိသော ဓါတ်အားပေးစနစ်တခုကို ကမ္ဘောဒီးယားနိုင်ငံ တောင်ပိုင်း ကန်ဒယ် ပြည်နယ်တွင် ဧပြီလ ၂၈ ရက်နေ့က စတင်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ဓါတ်အားပေးစနစ်တွင် ဓါတ်အားခွဲရုံ ၂ ခု နှင့် ၂၃ဝ ကီလိုဗို့ ဓါတ်အားပေးလိုင်း တစ်လိုင်းပါဝင်သည်။

တရုတ်နိုင်ငံ China National Heavy Machinery Corporation က တရုတ်နိုင်ငံအစိုးရထံမှ ၉၁ ရာခိုင်နှုန်းကို လျှော့ပေါ့ ချေးငွေဖြင့် အဆိုပါ ဓါတ်အားပေးစနစ်ကို အမေရိကန်ဒေါ်လာသန်းပေါင်း ၈၃.၄ ဒေါ်လာ အကုန် အကျ ခံကာ တည်ဆောက်ပေးခဲ့သည်။ အဆိုပါ ဓါတ်အားပေးစနစ်သည် ရေအားလျှပ်စစ်စက်ရုံများနှင့် ကျောက်မီးသွေး လောင်စာသုံးစက်ရုံများ လည်ပတ်ရန်အတွက် လိုအပ်သည့် လျှပ်စစ်ဓါတ်အား များကို အဓိက ပံ့ပိုးပေးသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.