Connect with us

Asia

အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးအား မေလ ၁၂ ရက်မှ ၁၃ ရက်အထိ ပြန်လည်စီစဉ်သတ်မှတ်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ video conference မှတစ်ဆင့် ပြုလုပ်သော ၃၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်သော ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်အား ၂၀၂၀ ပြည့်နှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် အမေရိကန်နိုင်ငံတို့အကြား ထိပ်သီးအစည်းအဝေးတစ်ခုကို အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ဒီစီ၌ မေလ ၁၂ ရက်မှ ၁၃ ရက်အထိ ပြုလုပ်ရန် ပြန်လည်စီစဉ်သတ်မှတ်ခဲ့ကြောင်း ဧပြီ ၁၆ ရက် နှောင်းပိုင်းက ထုတ်ပြန်ခဲ့သည့် အာဆီယံဥက္ကဋ္ဌ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သည်။
“အာဆီယံခေါင်းဆောင်တွေနဲ့ သမ္မတ ဂျိုးဘိုင်ဒန်တို့က COVID-19 ရောဂါတုံ့ပြန်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလုံခြုံမှု ၊ ရာသီဥတုပြောင်းလဲမှု ၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု ၊ ပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်မှု ၊ လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်မှု ၊ ပညာရေး နဲ့ ပြည်သူအချင်းချင်း ဆက်ဆံရေးတို့အပြင် ကွန်ရက်ချိတ်ဆက်မှုနဲ့ စီးပွားရေး ထိတွေ့ဆက်စပ်မှုတို့အပါအဝင် နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုတေွ အားကောင်းလာစေရေး ဆွေးနွေးဖို့ နည်းလမ်းတွေနဲ့ ရည်ရွယ်ချက်တွေ ကိုက်ညီမှုရှိစေမှာဖြစ်ပါတယ်” ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အာဆီယံ နှင့် အမေရိကန်နိုင်ငံ ခေါင်းဆောင်များသည် အာဆီယံ-အမေရိကန် ဆက်ဆံရေး၏ အနာဂတ်ဦးတည်ချက်ကို ပုံဖော်သွားမည် ဖြစ်ပြီး အာဆီယံ နှင့် အမေရိကန်နိုင်ငံတို့ရှိ ပြည်သူများ၏ အပြန်အလှန်အကျိုးကျေးဇူးများအတွက် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြှင့်တင်ရန် ကြိုးပမ်းရှာဖွေသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

ခေါင်းဆောင်များအနေဖြင့် ရှိနှင့်ပြီးသော အာဆီယံဦးဆောင်သည့် ယန္တရားများမှတစ်ဆင့် အာဆီယံ ဗဟိုပြုမှုနှင့် စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး နှင့် သာယာဝပြောရေးတို့ကို ထိန်းသိမ်းရေးအတွက် အပြန်အလှန်ယုံကြည်မှုနှင့် စိတ်ချမှုအား မြှင့်တင်ရန် မျှဝေထားသော ကတိကဝတ်ကိုလည်း ထပ်လောင်းပြောကြားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးအား မူလက မတ်လ ၂၈ ရက်မှ ၂၉ ရက်အထိ ပြုလုပ်ရန် သတ်မှတ်ထားသော်လည်း အာဆီယံခေါင်းဆောင်အချို့က အစည်းအဝေးတက်ရောက်ရန် အဆင်မပြေမှုနှင့် မဖြစ်နိုင်မှုတို့ကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
၁၉၇၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် အာဆီယံတွင် အဖွဲ့ဝင်နိုင်ငံများအဖြစ် ဘရူနိုင်း ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ လာအို ၊ မလေးရှား ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ စင်ကာပူ ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြသည်။ (Xinhua)
#Cambodia #ASEAN #U.S #summit #ကမ္ဘောဒီးယား #အာဆီယံ #အမေရိကန် #ထိပ်သီးအစည်းအဝေး #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar

————————–
(English Version)
ASEAN-U.S. summit rescheduled for May 12-13
PHNOM PENH, April 17 (Xinhua) — A summit between the Association of Southeast Asian Nations (ASEAN) and the United States is rescheduled for May 12-13 in the U.S. capital city of Washington, according to an ASEAN chair’s press statement released late on Saturday.
Cambodia is the ASEAN chair for 2022.
“ASEAN leaders and President Joe Biden will meet to discuss ways and means to intensify cooperation in various areas, including COVID-19 response and global health security, climate change, sustainable development, maritime cooperation, human capital development, education and people-to-people ties, as well as connectivity and economic engagement,” the statement said.
“The leaders of ASEAN and the United States will chart the future direction of ASEAN-U.S. relations and seek to further enhance strategic partnership for the mutual benefits of the peoples of ASEAN and the United States,” it added.
The leaders will also reiterate their shared commitment to uphold ASEAN centrality and unity through the existing ASEAN-led mechanisms, as well as to foster mutual trust and confidence to maintain peace, stability and prosperity in the region, the statement said.
The summit was originally slated for March 28-29 but postponed due to the inconvenience and impossible attendance of some ASEAN leaders.
Founded in 1967, ASEAN groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam. Enditem
Photo – Cambodian Prime Minister Samdech Techo Hun Sen attends the 36th Association of Southeast Asian Nations (ASEAN) summit via video conference in Phnom Penh, Cambodia on June 26, 2020. Hun Sen told ASEAN leaders on Friday that collective responses and solidarity are crucial to win the fight against the COVID-19 pandemic. (Photo by Sovannara/Xinhua) 」

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.