Africa & Middle East
အီသီယိုးပီးယားနိုင်ငံက ဦးစားပေးကဏ္ဍများတွင် နောက်ထပ်တရုတ်ရင်းနှီးမြှုပ်နှံမှုများအား စိတ်ဝင်စား
အဒစ်အဘာဘာ ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)
အီသီယိုးပီးယားနိုင်ငံက ဦးစားပေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍအသီးသီး၌ တရုတ်ရင်းနှီးမြှုပ်နှံမှုများ အရေအတွက် တိုးပွားလာရေးအား မျှော်လင့်ကြောင်း အဆင့်မြင့် အီသီယိုးပီးယားအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အီသီယိုးပီးယားရင်းနှီးမြှုပ်နှံမှုကော်မရှင်(EIC) ကော်မရှင်နာ Lelise Neme က အီသီယိုးပီးယားနိုင်ငံသည် အဓိကအားဖြင့် ရွေးချယ်ထားသည့် ဦးစားပေးရင်းနှီးမြှုပ်နှံမှုကဏ္ဍအသီးသီး၌ နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဂေဟစနစ်ကို လွယ်ကူချောမောစေခြင်း နှင့် ဖြေလျော့ခြင်းတို့ဖြင့် အလားအလာရှိသည့် တရုတ်ရင်းနှီးမြှုပ်နှံသူများအား ပိုမိုဆွဲဆောင်နိုင်ရေးအတွက် အမျိုးမျိုးသောရှုထောင့်များအား ဗျူဟာချခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။
“အီသီယိုးပီးယားနိုင်ငံမှာ ကြီးမားတဲ့ အလားအလာရှိတဲ့အတွက်ကြောင့် နောက်ထပ်တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံအတွင်းကို ရောက်လာမယ်လို့ ယုံကြည်ပါတယ်။ကျွန်မတို့က အာဖရိကအတွက် တံခါးပေါက်တစ်ခုလည်း ဖြစ်ပါတယ်။အဲဒါတင်မကဘူး။ ကျွန်မတို့ရဲ့ စည်းမျဉ်းတွေ ၊ ကြေညာချက်တွေကို ပြောင်းလဲခြင်းအားဖြင့် နောက်ထပ် ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ရေးအတွက် ရှုထောင့်အမျိုးမျိုးကို ဗျူဟာချမှတ်ခဲ့ပါတယ်။”ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ရေတိုကာလတွင် အီသီယိုးပီးယားအစိုးရအဖွဲ့သည် နိုင်ငံတစ်ဝှမ်း တည်ဆောက်ထားသည့် စက်မှုလုပ်ငန်းဆိုင်ရာဇုန်များအတွင်း ရင်းနှီးမြှုပ်နှံရန် အလားအလာရှိသည့် တရုတ် နှင့် အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်ရန် လုပ်ဆောင်နေကြောင်း EIC ကော်မရှင်နာ၏ ပြောကြားချက်အရ သိရသည်။
“နောက်ထပ် တရုတ်ရင်းနှီးမြှုပ်နှံသူတွေက သူတို့ရဲ့ အရင်းအနှီးငွေကို ယူလာပြီး သူတို့ရဲ့ နည်းပညာ နဲ့ စက်မှုလက်မှုအတတ်ပညာကို ကျွန်မတို့ရဲ့ နိုင်ငံအတွက် မျှဝေပေးမယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။လိုလားပါတယ်။ ကျွန်မတို့ရဲ့နိုင်ငံက သူတို့ကို ဆွဲဆောင်ဖို့ နဲ့ လက်ခံဖို့ အဆင်သင့်ပါပဲ။”ဟု ကော်မရှင်နာ Lelise Neme က ပြောကြားခဲ့သည်။
အီသီယိုးပီးယားအစိုးရအဖွဲ့သည် အထူးသဖြင့် ဆေးဝါး ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ နှင့် ထုတ်လုပ်မှုကဏ္ဍများတွင် အလားအလာရှိသော တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် စက်မှုလုပ်ငန်းဇုန်များအတွင်း အဆင်သင့်အသုံးပြုနိုင်သည့် ပတ်ဝန်းကျင်တစ်ခုအား ပံ့ပိုးပေးထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီသီယိုးပီးယားအစိုးရသည် စိုက်ပျိုးရေး ၊ ထုတ်လုပ်ရေး ၊ ခရီးသွားလုပ်ငန်း ၊ သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာ(ICT) နှင့် သတ္တုတွင်းလုပ်ငန်းကဏ္ဍများ ပါဝင်သည့် ဦးစားပေးရင်းနှီးမြှုပ်နှံမှုကဏ္ဍ ငါးခုအား ဖော်ပြထားကြောင်း သိရသည်။
“ကဏ္ဍငါးခုလုံးက တရုတ်အတွက် အလွန်အရေးပါပါတယ်။ ကျွန်မတို့သတ်မှတ်ထားတဲ့ အဲဒီဦးစားပေးကဏ္ဍငါးခုမှာ သူတို့တွေ ဝင်ရောက်လာမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။”ဟု Neme က ပြောကြားခဲ့သည်။
သို့သော် တရုတ်ရင်းနှီးမြှုပ်နှံသူများသည် အီသီယိုးပီးယားနိုင်ငံ၏ ဦးစားပေးကဏ္ဍများတွင် အများအပြားရှိရုံသာမက နိုင်ငံတကာဈေးကွက်အတွင်း ၎င်းတို့၏ ဗျူဟာမြောက်တည်နေရာနှင့်အညီ ကျယ်ပြန့်သော တိုက်ကြီးများ နှင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်အား ထိုးဖောက်ရန် အီသီယိုးပီးယားနိုင်ငံ၏ အလားအလာများအတွင်း အသုံးချနိုင်ကြောင်းလည်း ၎င်းက အခိုင်အမာပြောကြားခဲ့သည်။
“အဲဒီမှာ နေ့စဉ်နဲ့အမျှ ရှာဖွေတွေ့ရှိနေတဲ့ ကြီးမားတဲ့နည်းပညာသစ်တစ်ခု ရှိပါတယ်။ ဒီတော့ ကျွန်မတို့ရဲ့ နိုင်ငံကို ရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ထင်မြင်ချက် ဒါမှမဟုတ် ရှုထောင့်တွေနဲ့အတူ လာနိုင်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လတွင် မြို့တော် အဒစ်အဘာဘာမြို့၌ အီသီယိုးပီးယားရင်းနှီးမြှုပ်နှံမှုကော်မရှင်(EIC) ၊ အီသီယိုးပီးယားနိုင်ငံရှိ တရုတ်နိုင်ငံသံရုံး နှင့် တရုတ်နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီတို့က ပူးတွဲကျင်းပခဲ့သည့် တရုတ်-အီသီယိုးပီးယား ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ၌ EIC က တရုတ်ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့်အတူ ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ(MOU)အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ယင်းနားလည်မှုစာချွန်လွှာ(MOU)သည် တရုတ်-အီသီယိုးပီးယား နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်ခြင်းကို တွန်းအားသစ် ဖြည့်သွင်းကာ ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်ရေးယန္တရားအသစ်တစ်ရပ်အနေဖြင့် ဖြည့်ဆည်းပေးလိမ့်မည် ဖြစ်ကြောင်း EIC ကော်မရှင်နာ၏ ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲ(FOCAC)၏ ၈ ကြိမ်မြောက် ဝန်ကြီးအဆင့် ညီလာခံ၌ ကြေညာခဲ့သော တရုတ်နိုင်ငံ၏ လာမည့်သုံးနှစ်အတွင်း အာဖရိက၌ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံထက်မနည်း ရင်းနှီးမြှုပ်နှံရေးအတွက် ၎င်းတို့၏ လုပ်ငန်းများအား အားပေးသွားရန် ကတိကဝတ် ပေးခဲ့သည်။အီသီယိုးပီးယားနိုင်ငံအစိုးရသည် ဘုံဦးစားပေးကဏ္ဍများအောက်တွင် နောက်ထပ်တရုတ်ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်ရန် ဆန္ဒပြင်းပြနေကြောင်း Neme က ပြောကြားခဲ့သည်။
“အီသီယိုးပီးယားအနေနဲ့ အာဖရိကအတွက် ရည်စူးသတ်မှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုရဲ့ အဓိကရှယ်ယာတွေကို ရယူလိုတဲ့အတွက်ကြောင့် အဓိကဦးစားပေးကဏ္ဍတွေနဲ့အတူ ရရှိဖို့ ကျွန်မတို့ ရည်မှန်းထားတဲ့ မတူညီတဲ့ကဏ္ဍတွေဆီ နောက်ထပ်ရင်းနှီးမြှုပ်နှံသူတွေ ဆွဲဆောင်နိုင်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
အီသီယိုးပီးယားနိုင်ငံ၌ ရင်းနှီးမြှုပ်နှံသူများ ၎င်းတို့ ထိတွေ့ဆက်ဆံမှုများအတွင်း ကြုံတွေ့ရသည့် စိန်ခေါ်မှုအချို့အား သက်သာစေရေးအတွက် အီသီယိုးပီးယားအစိုးရသည် တက်ကြွထက်သန်စွာ လုပ်ဆောင်ထားကြောင်း ၎င်းက ထပ်မံအလေးပေး ပြောကြားခဲ့သည်။
အီသီယိုးပီးယားအစိုးရသည် ရင်းနှီးမြှုပ်နှံသူများနှင့်အတူ လက်တွဲလုပ်ဆောင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ဆို့ကြန့်ကြာနေသောအဆင့်များအား ဖြေလျော့ရန် ရည်ရွယ်သည့် After-Care မဟာဗျူဟာဟု အမည်ပေးထားသည့် ဆန်းသစ်သောမဟာဗျူဟာတစ်ရပ်အား ယခုနှစ် အစောပိုင်းတွင် ကြေညာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီသီယိုးပီးယားအစိုးရသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံသူများ ဖြေရှင်းပေးသည့်နည်းပညာကော်မတီအား တည်ထောင်ခဲ့ပြီး ယင်းကော်မတီတွင် EIC နှင့် အီသီယိုးပီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် သက်ဆိုင်သည့် အစိုးရအဖွဲ့ဝန်ကြီးများနှင့် အဖွဲ့အစည်းများအားလုံး ပါရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် နှစ်ပေါင်းများစွာဆက်တိုက် အီသီယိုးပီးယားနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် နှင့် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ် ဖြစ်ခဲ့သည်။
အီသီယိုးပီးယားနိုင်ငံသည် တရုတ်နိုင်ငံ နှင့် ကမ္ဘာတစ်ဝှမ်းရှိ အခြားနေရာများသို့ ၎င်းတို့၏ ပို့ကုန်အလားအလာများအား မြှင့်တင်ရန် တရုတ်ရင်းနှီးမြှုပ်နှံသူများထံ ချိတ်ဆက်နေကြောင်းလည်း သိရသည်။
အီသီယိုးပီးယားရင်းနှီးမြှုပ်နှံမှုကော်မရှင်(EIC)၏ အချက်အလက်များအရ COVID-19 ရောဂါသက်ရောက်မှုများ ရှိနေသော်လည်း ဇူလိုင် ၇ ရက်တွင် ပြီးဆုံးမည့် လက်ရှိ ၂၀၂၁/၂၂ အီသီယိုးပီးယား ဘဏ္ဍာရေးနှစ်၏ ပထမ ၉ လအတွင်း အီသီယိုးပီးယားနိုင်ငံ၌ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၃၀ ခန့်သည် အကောင်အထည်ဖော်မှုစတင်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံသည် အီသီယိုးပီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာသန်း ၃၇၀ နီးပါးရှိသော ကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး နှစ်အလိုက် ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း EIC အချက်အလက်များအရ သိရသည်။ (Xinhua)
……………………………
(English Version)
Ethiopia eyes more Chinese investments on priority sectors
Source: Xinhua Editor: huaxia 2022-06-14 19:06:14
Ethiopia expects a growing number of Chinese investments across various priority development sectors, including agriculture, manufacturing, tourism, ICT and mining, a senior government official has said.
ADDIS ABABA, June 14 (Xinhua) — Ethiopia expects a growing number of Chinese investments across various priority development sectors, a senior Ethiopian government official has said.
Lelise Neme, Commissioner for the Ethiopian Investment Commission (EIC), told Xinhua that the East African country has strategized different perspectives toward attracting more potential Chinese investors by facilitating and easing the country’s investment ecosystem, mainly across selected priority investment sectors.
“I believe that more Chinese investments will come to Ethiopia because Ethiopia has a big potential. We are a gateway for Africa as well. Not only that, we have strategized different perspectives of attracting more investors by changing our regulations and proclamation,” Neme told Xinhua.
According to the EIC Commissioner, in the short term, the Ethiopian government is working to attract potential Chinese and other foreign investors to invest inside the premises of industrial parks that were built across the East African country.
“We believe and want more Chinese investors to bring their capital, and share their technology and know-how to our country. Our country is ready to attract them and accept them,” Neme said.
She said the Ethiopian government has facilitated “a plug-and-play environment” in the industrial parks for potential Chinese investors, particularly in the pharmaceutical, medical equipment and manufacturing sectors.
The Ethiopian government has outlined five priority investment sectors that include agriculture, manufacturing, tourism, information communication technology (ICT) and the mining sectors.
“All the five sectors are critical for Chinese; and I hope they will come with those five priority sectors that we are setting,” Neme said.
She, however, affirmed that Chinese investors not only abounded in Ethiopia’s priority sectors, and they can also tap into Ethiopia’s potential to penetrate the wider continental and global market in line with its strategic location within the international market.
“There is a huge new technology that is being discovered every day. So, we believe they can come with their opinion or perspective of investment so that they can invest in our country,” she said.
Last month, the EIC had signed a Memorandum of Understanding (MOU) on Investment Cooperation with its Chinese counterpart at a China-Ethiopia Investment and Trade Cooperation Forum that was co-hosted by the EIC, the Chinese Embassy in Ethiopia and the Investment Promotion Agency of the Ministry of Commerce of China in Addis Ababa, the Ethiopian capital.
According to the EIC Commissioner, the latest MOU will serve as a new cooperation mechanism to promote investment cooperation and inject new impetus to the collaboration of the two countries.
Recalling China’s commitment to encouraging its businesses to invest no less than 10 billion U.S. dollars in Africa in the next three years that was announced at the Eighth Ministerial Conference of the Forum on China-Africa Cooperation (FOCAC) in November last year, Neme said the Ethiopian government aspires to attract more Chinese investors under the common priority sectors.
“We, as Ethiopia, want to take the major share of the investment that has been dedicated for Africa so that we can attract more investors towards the different sectors that we are aiming to have with the major priority sectors,” she said.
Neme further emphasized that the Ethiopian government has been working aggressively to alleviate some of the challenges that investors encounter in their engagements in Ethiopia.
Neme said the Ethiopian government had earlier this year launched an innovative strategy, dubbed an “After-Care Strategy,” that aimed to ease investment bottlenecks by working hand-in-hand with the investors.
She said the Ethiopian government has also established foreign direct investors solution provider technical committee, which is led by the EIC and the Ethiopian Ministry of Foreign Affairs, and brings together all government ministries and institutions that are related to foreign investors.
China has been Ethiopia’s largest trading partner and biggest source of investment for many consecutive years. Ethiopia is also tapping into Chinese investors to boost its export potential both to China and elsewhere across the globe.
According to figures from the EIC, despite the impact of COVID-19, some 30 Chinese investment projects have commenced implementation in Ethiopia during the first nine months of the current 2021/22 Ethiopian fiscal year which will end on July 7.
In 2021, China imported commodities of nearly 370 million U.S. dollars from Ethiopia, a year-on-year increase of 8.1 percent, according to EIC data. ■
Photo 1 – Lelise Neme, Commissioner for the Ethiopian Investment Commission (EIC), speaks during an interview in Addis Ababa, Ethiopia, on June 8, 2022. (Xinhua/Michael Tewelde)
Photo 2 – Lelise Neme, Commissioner for the Ethiopian Investment Commission (EIC), speaks during an interview in Addis Ababa, Ethiopia, on June 8, 2022. (Xinhua/Michael Tewelde)
Photo 3 – Representatives cut the ribbon during the inauguration of Mekanisa Abo Link Road in Addis Ababa, Ethiopia, on May 25, 2022. (Xinhua/Wang Ping)
Photo 4 – Photo taken on Feb. 21, 2022 shows Furi-Lebu Railway Station of Addis Ababa-Djibouti Railway in Addis Ababa, Ethiopia. (Xinhua)