Connect with us

Media

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဓိက ပင်လယ်ဆိပ်ကမ်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း တရုတ်ကူညီ

ဒါကာ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကြားမှ တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပညာရှင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ပင်လယ်ဆိပ်ကမ်းကြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး Chattogram ပင်လယ်ဆိပ်ကမ်းတွင် ကုန်စည်သယ်ယူပို့ဆောင်မှု ကျပ်တည်းလာသည့် အနေအထားကြောင့် နိုင်ငံခြား သင်္ဘောလုပ်ငန်းများစွာသည် Mongla ဆိပ်ကမ်းကို အစားထိုးအဖြစ် ပြောင်းလဲသုံးစွဲလာခဲ့ကြသည်။

နိုင်ငံ၏ အကြီးဆုံး Padma တံတားနှင့် Padma ရထားလမ်းကွန်ရက်တည်ဆောက်နေခြင်းကြောင့် Mongla ဆိပ်ကမ်းသည် စိတ်ဝင်စားဖွယ် တံခါးပေါက်တစ်ခုအဖြစ်ပေါ်ထွက်လာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အဆိုပါ အဓိကကျသည့် စီမံကိန်းကြီးနှစ်ခု‌ဖြင့် နိုင်ငံ၏ မြို့တော် ဒါကာနှင့် ဆိပ်ကမ်းကို ချိတ်ဆက်နိုင်ရန်မျှော်လင့်ခဲ့ကြသည်။

သို့သော် ဆိပ်ကမ်းမှာ ၎င်း၏ အဓိက ကျသည့် Pashur မြစ်လမ်းကြောင်း၏ သင်္ဘောနှင့် လှေများ သွားလာရန်ခက်ခဲသည့်ပြဿနာကြောင့် လက်ရှိတွင် အပြည့်အဝ သုံးစွဲနိုင်ခြင်းမရှိပေ။

အဆိုပါအခြေအနေကို ကိုင်တွယ်ရန် Mongla ဆိပ်ကမ်းအာဏာပိုင်များနှင့် တရုတ်နိုင်ငံ မြို့ပြအင်ဂျင်နီယာလုပ်ငန်းတည်ဆောက်ရေးကော်ပိုရေးရှင်း (CCECC) တို့ အကြား သဘောတူညီမှုတစ်ခုလုပ်ဆောင်ခဲ့သည်။

၎င်းတို့သည် ၂၀၂၀ ပြည့်နှစ်တွင် သဘောတူညီချက်တစ်ခုကိုလက်မှတ်ရေးထိုးခဲ့ပြီး Mongla ဆိပ်ကမ်း၏ မြစ်ချောင်း အတွင်းနံရံကို ပြန်လည်ဆယ်ယူပြီး ကွန်တိန်နာတင်သင်္ဘောများ ရေအနက် ၁၀ မီတာအထိ ကျောက်ချနိုင်စေရန်ပြုပြင်မည်ဖြစ်သည်။ လက်ရှိ ရေအနက်မှာ ၅.၅ မီတာပင်မပြည့်ဘဲ ဒီရေတက်ချိန်တွင် ရေအနက် ၇မီတာမှ ၇.၅ မီတာ အထိသာ သင်္ဘောများဆိုက်ကပ်နိုင်ခဲ့သည်။

တရုတ်နိုင်ငံမှ ဖက်စပ်အကျိုးတူလုပ်ငန်းအဖြစ် CCECC နှင့် Jianshu Haihong Construction Engineering Company Limited တို့က သောင်တူးခြင်းစီမံကိန်းကို ပူးတွဲတာဝန်ယူထားသည်။

စီမံကိန်း ညှိနှိုင်းရေးမှူး ဖြစ်သူ ABU SUFYAN က

“သောင်တူးဖော်ရေးလုပ်ငန်းမှာ  တရုတ်ဝန်ထမ်းပေါင်း ၁၀၀ နဲ့ ဒေသခံဝန်ထမ်းပေါင်း ၂၀၀ ဝန်းကျင်တို့အတူ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ စီမံကိန်းဟာ COVID-19 ကပ်ရောဂါကြောင့် ရပ်ထားတာမျိုးမရှိပါဘူး ကျွန်တော်တို့ဟာ တရုတ်လူမျိုးတွေရဲ့ အကူအညီနဲ့ အလုပ်တွေကိုဆက်လက်လုပ်ကိုင်နေတုန်းပါပဲ။ ကျွန်တော်တို့ဟာ တရုတ်လူမျိုးတွေနဲ့ ဘင်္ဂါလီလူမျိုးတွေဟာ အတူတကွအလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ် ၊ ကျွန်တော်တို့ ဒီစီမံကိန်းကို အောင်မြင်စွာ အဆုံးသတ်နိုင်ဖို့မျှော်လင့်ရတာပါပဲ” ဟုဆိုသည်။

စီမံကိန်း မန်နေဂျာဖြစ်သူ Li Huisheng က

“ဒီစီမံကိန်းကြီး ချောမွေ့စွာပြီးစီးဖို့အတွက် COVID-19 ကပ်ရောဂါ ကာလမှာတောင် ကျွန်တော်တို့ဟာ အကောင်းဆုံးကြိုးစားအားထုတ်ပြီးလုပ်ဆောင်ခဲ့ကြပါတယ်

ဆော်ဒီအာရေဗျနဲ့ တရုတ်နိုင်ငံက အကြီးဆုံး CSD စက်ကြီးတွေနဲ့ နောက်ထပ် TSHD စက်ကြီးတွေကိုသုံးပြီး လုပ်ငန်းအောင်မြင်မှုရှိအောင်အကောင်းဆုံးလုပ်ဆောင်ခဲ့ကြပါတယ် ၊ ဒီစီမံကိန်းကိုတော့ နောက်နှစ်ထဲမှာ အပြီးသတ်နိုင်ဖို့မျှော်လင့်ထားပါတယ်၊ စီမံကိန်းတည်ဆောက်ပြီးစီးလို့ရှိရင် Mongl‌a ဆိပ်ကမ်းအတွင်းကိုသင်္ဘောကြီးတွေ အဆင်ပြေပြေနဲ့ ဝင်ရောက်နိုင်မှာပါ၊ ဒါက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထူးသဖြင့် Khulna (ဒေသ) နဲ့ Mongla ခရိုင်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ပေးနိုင်ပါလိမ့်မယ်” ဟု ဆိုသည်။

Mongla ဆိပ်ကမ်း အာဏာပိုင်ဥက္ကဌဖြစ်သူနှင့်ရေတပ်ဗိုလ်ချုပ်ဖြစ်သူ M Musa က ဒီစီမံကိန်းကို ၂၀၂၃ ခုနှစ် ဇွန်လတွင် အဆုံးသတ်ရန်မျှော်လင့်ထားသည်ဟု ဆိုသည်။

Mongla ဆိပ်ကမ်း အာဏာပိုင်ဥက္ကဌဖြစ်သူနှင့် ရေတပ်ဗိုလ်ချုပ်ဖြစ်သူ M Musa က

“ဘင်္ဂလားဒေ့ရှ်အစိုးရက ဆိပ်ကမ်းမှာ ဝန်ဆောင်မှုကို နှစ်ဆမြှင့်တင်ဖို့ နှင့် အစပျိုးဖော်ဆောင်မှုများစွာကိုလုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၇-၂၀၁၀ ပြည့်နှစ်လောက်က ဒီဆိပ်ကမ်းဟာတကယ်ကို ဘယ်သူမှအသုံးမပြုတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်ပါတယ်။

ဒီ သောင်တူးဖော်ခြင်းစီမံကိန်းနှစ်ခုဟာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်မှာ အပြောင်းအလဲအများကြီး အမှန်တကယ်လုပ်ဆောင်နိုင်မှာပါ ။ ပြီးခဲ့တဲ့ ၂ နှစ်က ကြုံခဲ့တဲ့ COVID အကြောင်းပြောရရင်လည်း ဒီမှာ COVID အခြေအနေ က တော်တော် ဆိုးဝါးခဲ့တာတောင် ကျွန်တော်တို့လုပ်ငန်းကိုတစ်ရက်ကလေးမှ ရပ်တန့်ခဲ့ခြင်းမရှိပါဘူး။ ကောင်းမွန်တဲ့ စီမံကိန်းများစွာကို ဒီဆိပ်ကမ်းမှာလုပ်ဆောင်ခြင်းအားဖြင့် ဒီဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ဆိပ်ကမ်းလုပ်ငန်းထိရောက်ပြီး ကောင်းစွာလည်ပတ်နိုင်ဖို့အပြင် နိုင်ငံရဲ့ စီးပွားရေးကိုလည်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်” ဟုဆိုသည်။

ဆင်ဟွာသတင်းထောက်များက ဒါကာမှသတင်းပေးပို့ခြင်းဖြစ်သည်။  (Xinhua)

 

…………………………………

(English Version)

GLOBALink | Chinese companies help rejuvenate major seaport in Bangladesh

Despite COVID-19, Chinese and Bangladeshi technicians are working hard to help rejuvenate Mongla, Bangladesh’s second largest seaport.

Due to increasing congestion in Bangladesh’s largest Chattogram seaport, many international shipping firms have turned to Mongla as an alternative.

Also, Mongla is set to emerge as an attractive gateway because of the construction of the country’s largest Padma Bridge and Padma Rail Link. The two major projects in Bangladesh are expected to connect the port to the national capital Dhaka.

But the port is currently underutilized due to the navigability problem of its key Pashur channel.

The situation prompted the deal between the Mongla port authority and China Civil Engineering Construction Corporation (CCECC).

They signed a deal in 2020, aiming at enabling the inner bar of the Mongla port channel to allow the anchoring of container ships with 10 m draft. The current depth of the channel is less than 5.5 meters, which can only handle ships with a draft of 7-7.5 meters during high tide.

The Chinese joint venture firm of CCECC and Jianshu Haihong Construction Engineering Company Limited has been tasked with the dredging project.

SOUNDBITE 1 (Bengali): ABU SUFYAN, Project coordinator

“There are around 100 Chinese staff and 200 local staff working together for the dredging work.

Our project did not stop during the COVID-19 pandemic, and we are still working with the support of the Chinese.

We, Chinese and Bengalis, are all working together. Hopefully we can complete this project successfully.”

SOUNDBITE 2 (English): LI HUISHENG, Project manager

“In order to finish this project smoothly. Despite the COVID-19, we tried our best to bring successfully (two of) the biggest CSD (cutter suction dredger) from Saudi Arabia and China, and also another TSHD (Trailing Suction Hopper Dredger). Hopefully we can finish the project by next year.

After the completion of this project, big vessels can get into inside of Mongla port successfully. It will improve the development of Bangladesh, especially Khulna (region) and Mongla district.”

Rear Admiral M Musa, chairman of the Mongla port authority, says the project is expected to finish in June 2023.

SOUNDBITE 3 (English): REAR ADMIRAL M MUSA, Chairman of Mongla port authority

“The Bangladesh government has taken a number of initiatives and steps to double up on the port.

Back in 2007-2010, this port was almost like a dead port.

These two dredging projects have really made a lot of change in the development process.

Talking about COVID for the last two years, when COVID was very much prevailing here, we did not stop for a single day.

A good number of projects are on in this port in order to develop and make this port efficient and functioning, contributing to the country’s economy as a whole.”

Xinhua News Agency correspondents reporting from Dhaka.

(XHTV)