Media
ထိုင်းနိုင်ငံ၏ လျှပ်စစ်ကားဈေးကွက်တွင် တရုတ်ကားထုတ်လုပ်သူများ ဦးဆောင်နေ
ဘန်ကောက်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ၏ မော်တော်ကားဆိုင်ရာအခင်းအကျင်းတွင် တရုတ်ကားထုတ်လုပ်သူများက ဦးဆောင်နေခြင်းနှင့် အတူ လျှပ်စစ်ကား (EV) သုံးစွဲမှု အရှိန်အဟုန်မြင့်တက်လာကြောင်း သိရသည်။
၂၀၂၃ ခုနှစ် တစ်နှစ်တည်းတွင် ထိုင်းနိုင်ငံ၌ လျှပ်စစ်ကား ရောင်းချရမှုမှာ အစီးရေ ၇၃,၀၀၀ ကျော် ရှိပြီး ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၆၀၃.၆၆ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။
အထူးသဖြင့် ယင်းလျှပ်စစ်ကားများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ တရုတ်အမှတ်တံဆိပ်များ ဖြစ်ကြောင်း သိရသည်။
“ကျွန်တော့်သားက တရုတ်လျှပ်စစ်ကားဝယ်ဖို့ စဉ်းစားနေပါတယ်။ ဘာလို့လဲဆိုရင် ကားကို စမ်းမောင်းကြည့်တော့ သူအရမ်းသဘောကျသွားတယ်လေ”ဟု ထိုင်းသုံးစွဲသူတစ်ဦးက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၌ တရုတ်ကားထုတ်လုပ်သူ BYD က DENZA ပရီမီယံအမှတ်တံဆိပ်အား နိုဝင်ဘာ ၁ ရက်တွင် တရားဝင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။
တရုတ်မော်တော်ကားထုတ်လုပ်သူ Geely ၏ ကုမ္ပဏီခွဲ Riddara Automobile (Thailand) က ပထမဆုံး လျှပ်စစ်ပစ်ကပ်ကားအား ထိုင်းနိုင်ငံ၌ အောက်တိုဘာ ၂၉ ရက်တွင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လအစောပိုင်းတွင် BYD က ပထမဆုံး အရှေ့တောင်အာရှစက်ရုံအဖြစ် ထိုင်းနိုင်ငံ၌ လျှပ်စစ်ကားစက်ရုံတစ်ရုံအား ဖွင့်လှစ်ခဲ့သည်။
GAC Group ၏ ကုမ္ပဏီခွဲ တရုတ်မော်တော်ကားထုတ်လုပ်သူ GAC Aion က ထိုင်းနိုင်ငံ၌ ပထမဆုံး လျှပ်စစ်ကား စက်ရုံအား ဇူလိုင်လတွင် ဖွင့်လှစ်ခဲ့သည်။
အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအစီအစဉ်အရ ထိုင်းနိုင်ငံက ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတွင်း မော်တော်ကားအားလုံး၏ ၃၀ ရာခိုင်နှုန်းကို လျှပ်စစ်ကား ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း သိရသည်။
“အခုဆိုရင် တရုတ်နိုင်ငံက နောက်ဆုံးပေါ် လျှပ်စစ်ကားနည်းပညာရဲ့ အရင်းအမြစ် ဖြစ်လာပါတယ်။ ထိုင်းနိုင်ငံက ပြည်သူတွေက လျှပ်စစ်ကားတွေ မိတ်ဆက်ခြင်းကနေ အကျိုးကျေးဇူးတွေ ရရှိပါတယ်။ သူတို့တွေ နည်းပညာနဲ့ ရွေးချယ်စရာတွေ ပိုပြီး အခွင့်အလမ်း ရရှိစေပါတယ်။ ကျွန်တော်တို့နိုင်ငံ ခေတ်မီတိုးတက်ဖို့ ပြည်တွင်းလုပ်ငန်းတွေ အကာအကွယ်ပေးနေမယ့်အစား ဒီနည်းပညာတွေ အသုံးပြုနိုင်ပြီးတော့ အသိပညာတွေ မျှဝေနိုင်ဖို့ ပူးပေါင်းလုပ်ဆောင်သင့်ပါတယ်” ဟု ထိုင်းနိုင်ငံ လျှပ်စစ်ကားအသင်း၏ ဒုတိယဥက္ကဋ္ဌ SUROJ SANGSNIT က ပြောကြားခဲ့သည်။(Xinhua)
………………………..
(English Version)
Chinese car makers take lead in Thailand’s EV market
Thailand’s automotive landscape has witnessed a surge in electric vehicle (EV) adoption, with Chinese automakers leading the charge.
In 2023 alone, pure EV sales in Thailand exceeded 73,000 units, marking a staggering 603.66 percent increase compared to the previous year.
Notably, over 80 percent of these vehicles are Chinese brands.
SOUNDBITE 1 (Thai): Thai customer
“My son is considering buying a Chinese electric car because he was so impressed with the test drive.”
On Nov. 1, Chinese carmaker BYD officially launched its premium brand DENZA in Thailand.
On Oct. 29, Riddara Automobile (Thailand), a subsidiary of Chinese automaker Geely, launched its first electric pickup truck in Thailand.
Earlier in July, BYD opened an EV plant in Thailand, the automaker’s first Southeast Asian factory.
Also in July, Chinese automaker GAC Aion, a subsidiary of GAC Group, opened its first EV factory in Thailand.
Under the government’s investment promotion, Thailand aims to produce EVs for 30 percent of all vehicles in the country by 2030.
SOUNDBITE 2 (Thai): SUROJ SANGSNIT, Vice president of Electric Vehicle Association of Thailand
“China is now the source of the most cutting-edge EV technology.
People in Thailand gain benefits from the introduction of EVs, which give them access to more options and technologies.
Instead of being protectionists, we should work together so that we can share knowledge and embrace those technologies to advance our nation.”
Xinhua News Agency correspondents reporting from Bangkok. (XHTV)