Media
ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများ မြင့်တက်နေစဉ် ပိုမိုကျယ်ပြန့်စွာ တံခါးဖွင့်သွားမည်ဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ် ကတိပြု
ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုနှင့် မရေရာမှုများ မြင့်တက်နေစဉ် တံခါးဖွင့်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို မယိမ်းမယိုင် ခိုင်မာစွာ ဆက်လက်ဖော်ဆောင်သွားမည်ဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က မတ် ၂၃ ရက်၌ ကတိပြုခဲ့သည်။
ပေကျင်းမြို့တွင် ကျင်းပသည့် တရုတ်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၅ ဖွင့်ပွဲအခမ်းအနား၌ အရေးကြီးမိန့်ခွန်း ပြောကြားစဉ် လီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းမှ စီးပွားရေးလုပ်ငန်းများကို လှိုက်လှဲစွာ ဆက်လက်ကြိုဆိုခြင်း၊ ဈေးကွက်အတွင်း ဝင်ရောက်အခြေချခွင့် တိုးချဲ့ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ၏ စိုးရိမ်မှုများကို တက်တက်ကြွကြွ ကိုင်တွယ်ဖြေရှင်းပေးခြင်း၊ ပြည်ပအထောက်အပံ့ ရယူထားသော စီးပွားရေးလုပ်ငန်းများ တရုတ်ဈေးကွက်အတွင်း ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းမှု အဆင်ပြေစေရန် ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု လီက ဆိုသည်။
မျက်မှောက်ကမ္ဘာတွင် မတည်ငြိမ်မှုနှင့် မရေရာမှုများ မြင့်တက်နေခြင်းတို့နှင့် ယှဉ်တွဲလျက် ကမ္ဘာ့စီးပွားရေး လည်ပတ်လှုပ်ရှားမှုများ အသီးသီးပြန့်ကွဲမှု မြင့်မားလာခြင်းက စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းကာ ဘုံသာယာဝပြောမှု ဖော်ဆောင်ရေးအတွက် ကမ္ဘာ့နိုင်ငံများအနေဖြင့် ၎င်းတို့၏ ဈေးကွက်များကို တံခါးဖွင့်ထားပြီး စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း အရင်းအမြစ်များ မျှဝေရန် ပိုမိုလိုအပ်လာသည်ကို မီးမောင်းထိုးပြနေသည်ဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် လွတ်လပ်သော ကုန်သွယ်ရေးကို ကာကွယ်ထိန်းသိမ်းမည်ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ ချောမွေ့တည်ငြိမ်စွာ လည်ပတ်မှုကို အားဖြည့်ပံ့ပိုးသွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………………………………………………
(English Version)
Chinese premier pledges further opening up amid rising global uncertainties
BEIJING, March 23 (Xinhua) — Chinese Premier Li Qiang on Sunday pledged to unswervingly advance opening up and cooperation amid rising global instability and uncertainty.
Li made the remarks in a keynote speech at the opening ceremony of the China Development Forum 2025 in Beijing.
China will continue to welcome enterprises from around the world with open arms, further expand market access, actively address the concerns of businesses, and facilitate the deeper integration of foreign-funded enterprises into the Chinese market, he said.
The increasing global economic fragmentation, coupled with rising instability and uncertainty in today’s world, underscores the growing need for countries to open their markets and for enterprises to share resources, in order to address challenges and pursue common prosperity, the premier said.
He said China will safeguard free trade, and contribute to the smooth and stable operation of global industrial and supply chains.
English Caption
Chinese Premier Li Qiang attends the opening ceremony of the China Development Forum 2025 and delivers a keynote speech, in Beijing, capital of China, March 23, 2025. (Xinhua/Huang Jingwen)