အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ၇ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို မတ်လ ၁၇ရက်နေ့မှာ ပြန်လည်စတင်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ ကျန်ရှိတဲ့ အချက် ၈ချက်ကို အပြီးသတ် ဆွေးနွေးမှာဖြစ်ပါတယ်။
တရုတ် နိုင်ငံပိုင် လုပ်ငန်း ၄၀လောက် စုပေါင်းထားတဲ့ ထျန်ကျင်း ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာ စီးပွားရေး လုပ်ငန်းရှင်တွေဟာ နှစ်နိုင်ငံ စီးပွားရေး အကျိုးတူ ပူူးပေါင်းဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေကြား အချက် (၅) ချက်ပါတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျ ရောက်တဲ့ ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့မှာ လက်မှတ်ရေးထိုး လိုက်ပါတယ်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး သပိတ်မှောက် ကျောင်းသားတွေရဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တောင်းဆိုချက် (၁၁) ချက်ကို အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) နှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ရဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယအကြိမ်...
လေးနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှု” ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ၁၂ ကြိမ်မြောက် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ လေးနိုင်ငံ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (BCIM) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်နဲ့ ရန်ကုန်မှာ ဇန်နဝါရီ ၁၀ ရက်နေ့က စတင်ကျင်းပ လိုက်ပါတယ်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်ကုန်မှာ မြန်မာ့ ရေထွက်ပစ္စည်း တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း (၄၅၀) ကျော် လောက်ပဲရဖို့ မျှော်မှန်းထားပြီး ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် ရေထွက်ပစ္စည်း တင်ပို့မှု လျော့ကျသွားတယ်လို့ ငါးလုပ်ငန်း အဖွဲ့ချုပ်ရဲ့ ဒုတိယ ဥက္ကဌ ဦးနှင်းဦးက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ဆင်ဟွာ သတင်းဌာနကို...