Connect with us

Videos

နယူးဂျာစီစီးတီးတက္ကသိုလ်တွင် ကွန်ဖြူးရှပ်ကျောင်းဖွင့်လှစ်ခဲ့

နယူးဂျာစီ၊ နိုဝင်ဘာ (၃) ရက် ၊ ဆင်ဟွာ

အမေရိကန်ပြည်ထောင်စု နယူးဂျာစီ စီးတီးတက္ကသိုလ်တွင် နိုဝင်ဘာလ (၂) ရက်နေ့ က ကွန်ဖြူးရှပ်ကျောင်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။

နယူးဂျာစီ စီးတီးတက္ကသိုလ်နှင့် တရုတ်နိုင်ငံရှိ ကျိလင်ဟွာကျဲ နိုင်ငံခြားဘာသာတက္ကသိုလ် တို့ အကျိုးတူ ပူးပေါင်းပြီး တရုတ်ဘာသာစကားနှင့် တရုတ်ရိုးရာယဉ်ကျေးမှုတို့အားသင်ကြားပေးရန် ကွန်ဖြူးရှပ်ကျောင်း အားဖွင့်လှစ်ခြင်းဖြစ်သည်။

နယူးဂျာစီပြည်နယ်တွင် ကျောင်းသား ၂ဝ ရာခိုင်နှုန်းဝန်းကျင်သည် အာရှနိုင်ငံသားများဖြစ်ကြသည်။ နယူးဂျာစီစီးတီးတက္ကသိုလ်သည် ဘာသာများစွာလေ့လာသင်ယူနိုင်သည့် တက္ကသိုလ် တစ်ခုဖြစ်ပြီး ကွန်ဖြူးရှပ်ကျောင်းအားဖွင့်လှစ်ခြင်းကြောင့် တရုတ်ဘာသာစကားအား ပိုမိုလေ့လာနိုင်မည်ဖြစ်သည်။
ယခုအချိန်အထိ ကမ္ဘာတစ်ဝန်းတွင် ကွန်ဖြူးရှပ် ကျောင်းပေါင်း ၁ဝဝ ကျော် ဖွင့်လှစ်ထားရှိနေပြီဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရှိ ကွန်ဖြူးရှပ်ကျောင်းသည် ကမ္ဘာ့အဆင့် (၁) သတ်မှတ်ခံရသောကျောင်းဖြစ်သည်။ ကွန်ဖြူးရှပ်ကျောင်းများဖွင့်လှစ်ခြင်းကြောင့် နှစ်နိုင်ငံပြည်သူများ ပိုမိုရင်းနှီးမှုများရရှိစေမည့် အပြင် အပြန်အလှန် နားလည်မှုလည်းတိုးပွားလာစေမည်ဖြစ်သည်။ ( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.