Connect with us

Videos

မလေးရှားနိုင်ငံတွင် အဖွဲ့လိုက် ခြင်္သေ့အက ဖြင့် ဂင်းနစ်စံချိန်တင်နိုင်ရန်ကြိုးစားခဲ့

ကွာလာလမ်ပူ၊ နိုဝင်ဘာလ(၃)ရက် (ဆင်ဟွာ)

တရုတ်ရိုးရာယဉ်ကျေးမှု အက တစ်မျိုးဖြစ်သော အဖွဲ့လိုက်ခြသေ့ၤ အကပြိုင်ပွဲအားမလေးရှားနိုင်ငံတွင် နိုဝင်ဘာလ(၁) ရက်နေ့က ကျင်းပခဲ့ ပြီး ကမ္ဘာ့စံချိန်တင်မှတ်တမ်းတင်နိုင်ရန်ကြိုးစားခဲ့သည်။ ခြင်္သေ့(၅)ကောင် အကအဖွဲ့သည် မလေးရှားနိုင်ငံတွင် လူကြိုက်များပြီး မီတာ ၁၂ဝ အထိ ကပြဖျော်ဖြေခဲ့သည်။ ခြင်္သေ့၃၆၅ ကောင်၊ နဂါးကိုးကောင် နှင့် တရုတ်ရိုးရာ ဗုံပေါင်း ၁၂ဝ တို့အားတီးခတ်ဖျော်ဖြေကာ နိုင်ငံအတွင်းအကြီးဆုံးဖျော်ဖြေတင်ဆက်မှုအဖြစ် တင်ဆက်ကပြဖျော်ဖြေခြင်းဖြစ်သည်။ ပွဲစီစဉ်သူများက ကမ္ဘာ့ဂင်းနစ်စံချိန်တင် အမြင့်ဆုံးခြင်္သေ့ခုန်အက အဖြစ် စံချိန်တင်နိုင်ရန်အဆိုတင်သွင်းခဲ့သည်။ အဆိုပါ အကများသည် တရုတ်နိုင်ငံတွင် စတင် ကပြခဲ့ပြီး နောက်ပိုင်းတွင် မလေးရှားနိုင်ငံသို့ပျံနှံ့လာခဲ့ခြင်းဖြစ်သည်။ ပွဲစီစဉ်သူအဖွဲ့က ထိုအကအား တရုတ်နိုင်ငံ ပေကျင်း၊ ရှီအန်း၊ ကွမ်ကျိုးတို့တွင်ပြန်လည်ကပြမည်ဖြစ်သည်။ ခြင်္သေ့အကကို တရုတ်နိုင်ငံတွင် ပိုမိုပြန့်ပွားလာစေပြီး မလေးရှားနှင့်တရုတ်နိုင်ငံတဝန်းတို့တွင် ခြင်္သေ့အကပိုမိုကျယ်ပြန့်စွာ ဖလှယ်နိုင်ရန်လည်းမျှော်လင့်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.