မော်စကို၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ၏ 22220 ပုံစံ နျူကလီးယားစွမ်းအင်သုံး “Yakutia” ရေခဲခွဲသင်္ဘော၏ ရေချခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၂ ရက်က စိန့်ပီတာစဘတ်မြို့ ဘောလ်တစ်ပင်လယ် သင်္ဘောကျင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟဲဖေး ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟွမ်ဆန်းတောင်ရှိ တောတောင်ထူထပ်သော ဧရိယာများတွင် ၂၂၀ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်မှုကို အရှိန်ကောင်းကောင်း ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယူနန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ အာရှဆင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ကယ်ဆယ်ရေးစင်တာမှ ဆင်ပေါက်လေး လုန်လုန်၏ အနှစ်သက်ဆုံး ကစားနည်းများအနက်တစ်ခုမှာ ဘောလုံးကစားခြင်းဖြစ်သည်။ ဆင်ပေါက်လေး လုန်လုန် ဘောလုံးကစားနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဟု ဆိုသည်။ (Xinhua)
ပေကျင်း၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) သင့်အားယာဉ်ကြောကြပ်တည်းမှုမှ ဖယ်ရှားပေးမည့်ကားတစ်စီး အဖြစ် လူနှစ်ယောက်စီးနင်းနိုင်လိုက်ပါသော “ကားပျံ” ရှေ့ပြေးပုံစံကို ပေကျင်းမြို့တွင် ပြသခဲ့သည်။(Xinhua)
ဆန်းကျန့် ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ကျင်းပသည့် ၂၄ ကြိမ်မြောက် တရုတ်နိုင်ငံ Hi-Tech ပြပွဲ(CHTF) သည် နိုဝင်ဘာ ၂၀ ရက်တွင် ကျင်းပပြီးစီးခဲ့ပြီး တီထွင်ဆန်းသစ်မှုတွန်းအားပေး၍ ဖွံ့ဖြိုးတိုးတက်မှုအား အလေးပေးခဲ့ကြောင်း သိရသည်။
ကျိုချွမ်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) လူလိုက်ပါနိုင်သောအာကာသယာဉ် ရှန်ကျိုး-၁၅ နှင့် Long March-2F Yao-15 သယ်ဆောင်ရေးဒုံးပျံ အတွဲလိုက်ကို ယာဉ်လွှတ်တင်မည့်နေရာသို့ နိုဝင်ဘာ ၂၁ ရက်က ရွှေ့ပြောင်းခဲ့ပြီး မကြာမီကာလအတွင်း လွှတ်တင်ရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ်အေဂျင်စီမှ သိရသည်။
ပြုံယမ်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသည် ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်း၏ ကြီးကြပ်မှုဖြင့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) အသစ်တစ်စင်းကို နိုဝင်ဘာ ၁၈ ရက်တွင် အရှေ့ပိုင်းရေပြင်ဆီသို့ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း အစိုးရ သတင်းအေဂျင်စီ Korean Central News Agency (KCNA) က...
ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ရှန်ကျိုး-၁၄ (Shenzhou-14) အာကာသယာဉ်မှူးများသည် တတိယအကြိမ်မြောက် အာကာသစခန်းပြင်ပတာဝန်များကို အဆင်ပြေချောမွေ့စွာ ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။ အာကာသအတွင်း လမ်းလျှောက်ခြင်း ၃ ကြိမ်ပြုလုပ်ခဲ့ခြင်းဖြင့် အာကာသယာဉ်မှူးများသည် စီစဉ်ထားသည့်အတိုင်း တာဝန်အသီးသီးကို ထမ်းဆောင်နိုင်ခဲ့ကြသည်။ “T”ပုံသဏ္ဍာန် တရုတ်အာကာသစခန်းအတွဲသည် ကောင်းကင်ပြာပြာ ကမ္ဘာဂြိုဟ်နှင့်အတူ တစ်သားတည်း...
ထျန်းကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ခေတ်မီ စိုက်ပျိုးရေးဥယျာဉ် တစ်ခုကို မကြာသေးမီက တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့၌ တည်ဆောက်ပြီးစီးခဲ့သည်။ ယင်း ဥယျာဉ်တွင် 5G ရေသန့်စင်ကန်၊ ရေသွင်းမြေဩဇာဖြည့်တင်းခြင်း စသည့်တို့အပါအဝင် အဆင့်မြင့် နည်းပညာများဖြင့် ဟင်းသီးဟင်းရွက် အမျိုးအစားပေါင်း ၁,၀၀၀ ကျော်ကို စီမံစိုက်ပျိုးလျက်ရှိသည်။
ဆိုးလ် ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် ကိုရီးယားကျွန်းဆွယ်အနီးတွင် အမေရိကန် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်း ပါဝင်သည့် ပူးတွဲဝေဟင်စစ်ရေးလေ့ကျင့်မှုအား နိုဝင်ဘာ ၁၉ ရက်တွင် ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS)အား ကိုးကား၍ Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။