Connect with us

Media

တရုတ်နိုင်ငံ၏ “ရေခဲမြို့” ကို ခရီးသွားရာသီအတွက် ပြင်ဆင်

ဟာအယ်ပင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် မြို့တော် ဟာအယ်ပင်းရှိ Songhua မြစ်သည် ထူထဲလှသောရေခဲလွှာအောက်တွင် ငြိမ့်ညောင်းစွာစီးဆင်းနေသည်။

ထုံးတမ်းအစဉ်အလာအတိုင်း အခမ်းအနားနှင့် အံ့ဩဖွယ်တင်ဆက်မှုအချို့ ဆောင်ရွက်ပြီးစီးချိန်တွင် အလုပ်သမားများသည် ရေခဲမြစ်အောက်မှ ရေခဲတုံးကြီးများကို ဖြတ်တောက်နေကြသည်။ ရေခဲတုံးတစ်တုံးလျှင် အလေးချိန် ကီလိုဂရမ်များစွာ လေးလံပြီး အရွယ်အစားအနေဖြင့် အရှည် ၁၂၀ စင်တီမီတာ၊ အကျယ် ၈၀ စင်တီမီတာနှင့် ထု ၄၀ စင်တီမီတာဖြင့် တူညီသောပုံသဏ္ဌာန်ရှိကြသည်။

အဆိုပါ ရေခဲတုံးများကို ချိတ်များဖြင့် မြစ်ကမ်းပေါ်သို့ ဆွဲယူကာ ဟာအယ်ပင်း ရေခဲနှင့် ဆီးနှင်းကမ္ဘာ တည်ဆောက်ရန် ထရပ်ကားများပေါ်သို့ တင်ခဲ့ကြသည်။

“ဒီနှစ်မှာတော့ ၂၅ ကြိမ်မြောက် ဟာအယ်ပင်း ရေခဲနှင့် ဆီးနှင်းကမ္ဘာကို ကျွန်တော်တို့ ဆင်နွှဲရမှာပါ။ အရင်ကထက် သီတင်းပတ် တစ်ပတ်စောပြီးတော့ ဒီဇင်ဘာလလယ်လောက်မှာ ခရီးသွားဧည့်သည်တွေအတွက် ဖွင့်လှစ်ဖို့ ရည်မှန်းထားပါတယ်” ဟု ယင်းနေရာ၌ ရောက်ရှိနေသော ဆင်ဟွာသတင်းထောက် Sun Xiaoyu က ပြောသည်။

ဟာအယ်ပင်း ရေခဲနှင့် ဆီးနှင်းကမ္ဘာကို တည်ဆောက်ရန် အလုပ်သမား အမြောက်အမြားက နေ့ညမအား ဆောင်ရွက်နေကြကြောင်း၊ ရေခဲနှင့် ဆီးနှင်း အလှဆင်တပ်ဆင်မှုများအတွက် ရေခဲနှင့် ဆီးနှင်း ပမာဏ ကုဗမီတာ ၂၅၀,၀၀၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း၊ ထိုအစီအစဉ်ပြုလုပ်ခဲ့သော သမိုင်းတစ်လျှောက် လာရောက်လည်ပတ်သူများအတွက် အခမ်းနားဆုံးအတွေ့အကြုံလည်းရရှိစေမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
China’s “ice city” prepares for tourist peak season

SUN XIAOYU, Xinhua correspondent
” Now I am standing on the frozen surface of Songhua River, the mother river of Harbin, capital city of northeast China’s Heilongjiang Province. The river flows quietly under a thick layer of ice. Suddenly, the peace is broken by a harsh sound of saws.”
After a ceremony and some wonderful performances of folklore, the workers are cutting giant ice blocks from the frozen river. Each block weighs hundreds of kilograms and has a uniform size of 120 centimeters long, 80 centimeters wide and 40 centimeters thick.
They use hooks to lift the blocks out of the river and drag them to the shore, where forklifts load them onto trucks bound for the Harbin Ice and Snow World.
SUN XIAOYU, Xinhua correspondent
“This year, we’re going to embrace the 25th Harbin Ice and Snow World, which is expected to open for tourists in mid-December, a week earlier than usual.”
The construction of the park is ongoing, with thousands of workers working on the site day and night. More than 250,000 cubic meters of ice and snow will be used to build over 100 ice and snow installations. It will present visitors with the largest-scale event in its history.