Connect with us

Media

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့က နိုင်ငံတကာစက်ဘီးစီးပြိုင်ပွဲ ပူးတွဲကျင်းပ

ဟဲခို၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ နယ်စပ်ခရိုင် ဟဲခိုနှင့် အိမ်နီးချင်းဖြစ်သည့် ဗီယက်နမ်နိုင်ငံ Lao Cai မြို့တို့က ပြီးခဲ့သည့်သီတင်းပတ်တွင် နိုင်ငံတကာစက်ဘီးစီးပြိုင်ပွဲအား ပူးတွဲကျင်းပခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် တရုတ်နိုင်ငံနှင့်ဗီယက်နမ်နိုင်ငံမှ စက်ဘီးစီးသမားများနှင့်စက်ဘီးစီးဝါသနာရှင် ၆၀၀ ကျော်က စက်ဘီးစီးအားကစားကို စိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

အဆိုပါနိုင်ငံတကာစက်ဘီးစီးပြိုင်ပွဲအား ၂၀၁၇ ခုနှစ်တွင် ပထမဆုံး စတင်ကျင်းပခဲ့ပြီး နှစ်နိုင်ငံအကြား အားကစားနှင့်ယဉ်ကျေးမှု ဖလှယ်ရေးအတွက် ပလက်ဖောင်းတစ်ခုအဖြစ် ထူထောင်ရန် ရည်ရွယ်ကာ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းစေရေး ကူညီပေးကြောင်း သိရသည်။ (Xinhua)

………………………………..
(English Version)
China, Vietnam co-host int’l cycling race
Border county of Hekou in southwest China’s Yunnan Province and its neighboring city of Lao Cai in Vietnam have co-hosted an international cycling race over the weekend.
More than 600 cyclists and cycling enthusiasts from China and Vietnam attended the event to enjoy the fun of cycling and passion of sports.
Firstly held in 2017, the race aims to set up a platform for sport and cultural exchanges between the two countries, and help deepen the friendship between their peoples.
Xinhua News Agency correspondents reporting from Hekou, China.(XHTV)