ရှန်ဟိုင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်းရှန်ဟိုင်းမြို့တွင် အထပ် ၂၀ ကျော်အမြင့်ရှိသည့် ဆောက်လက်စ အဆောက်အဦ ၄ လုံးကို တစ်ပြိုင်နက်ဖြိုချခဲ့သည်။ အဆိုပါ အဆောက်အဦများကိုဆောက်လုပ်နေစဉ် ငွေကြေးအကျပ်အတည်းကြောင့် ဆက်လက် လုပ်ဆောင်နိုင်ခြင်းမရှိ၍ ရပ်နားလိုက်ရခြင်းဖြစ်သည်။ ယခုကဲ့သို့ ဖြိုချလိုက်ပြီးနောက် ယင်းမြေကွက်လပ်နေရာတွင် စီးပွားရေးလုပ်ငန်းများ၊ ခေတ်မီ...
ကွေ့ကျိုး၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်ရှိ Guizhou Junjiang Industrial Co.,ltd နှာခေါင်းစည်း ထုတ်လုပ်ရေးစက်ရုံမှ ပြည်ပနိုင်ငံများသို့ နှာခေါင်းစည်းအခုရေ သန်း ၂၀ ကျော် တင်ပို့ပေးခဲ့ပြီးဖြစ်သည်။၎င်း စက်ရုံမှ နေ့စဉ် နှာခေါင်းစည်း အခုရေ ၇ သိန်း မှ...
ဆန်းရှီး၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်းဆန်းရှီးပြည်နယ် Yangquan မြို့တွင် Baidu ကုမ္ပဏီမှတီထွင်ထုတ်လုပ်သော မောင်းသူမဲ့မော်တော်ယာဉ် သုံးစင်းကို အများပြည်သူ သွားလာနေသည့်လမ်းများပေါ်တွင် စမ်းသပ်မောင်းနှင်ခဲ့ကြောင်းသိရသည်။ အဆိုပါ မော်တော်ယာဉ်များကို Baidu ကုမ္ပဏီက Apollo ဟုအမည်ပေးထားပြီး အလိုအလျောက်မောင်းနှင်နိုင်သည့် စနစ်က တပ်ဆင်ထားသည်။ အဆိုပါမော်တော်ယာဉ်များသည် လမ်းကြောင်း အချက်ပြစနစ်များ...
ပေကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် တောင်သူဦးကြီးများအသုံးပြုလျှက်ရှိသည့် ခေတ်မီလယ်ယာစိုက်ပျိုးရေးစက်ကိရိယာအချို့ ကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ လက်မှု လယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ကူးပြောင်းခြင်း အားဖြင့် အချိန်ကုန်သက်သာစေကာ လုပ်သားရှားပါးမှုပြဿနာကိုလည်းဖြေရှင်းနိုင်သောကြောင့် လယ်ယာလုပ်ငန်းခွင်များတွင် ခေတ်မီစက်ကိရိယာများကို အသုံးပြုမှုများပြားလာကြောင်းသိရသည်။ (Xinhua)
ထျန်းကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်းထျန်းကျင်းမြို့ရှိ ထျန်းကျင်းဆိပ်ကမ်းကို တရုတ်နိုင်ငံ၏ ပထမဆုံး ကမ်းလွန်ယာယီ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုစင်တာ အဖြစ်အသုံးပြုခဲ့သည်။ ထိုဆိပ်ကမ်း ကို COVID-19 သံသယရှိသူများ အား ဆေးရုံများသို့လွှဲပြောင်းပေးရန်နှင့်နိုင်ငံခြား ကုန်တင်သင်္ဘောများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသူများ အတွက် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ သံသယ လူနာများအား ထားရှိရန် ပြတင်းပေါက်ကြီးများဖောက်ထားသည့်...
ဝူဟန့်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဝူဟန့်မြို့တွင် COVID-19 ကပ်ရောဂါကုသရာတွင် အသုံးပြုသည့် တရုတ်တိုင်းရင်းဆေးဝါးနှင့် အနောက်တိုင်းဆေးဝါးများ ပေါင်းစပ်ကာ ဆေးဝါးဖော်စပ်ပုံ အဆင့်ဆင့်ကို ဆင်ဟွာ သတင်းဋ္ဌာနမှ သတင်းထောက် Xu Zeyu က သွားရောက်ရိုက်ကူးတင်ဆက်ထားပါသည်။ (Xinhua)