Connect with us

Media

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်တွင် အလှမွေးကြောင်ပြပွဲပြုလုပ်

ဒါကာ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် အလှမွေးကြောင်ပြပွဲတစ်ခုကို ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါ ခမ်းနားလှသော အိမ်မွေးကြောင်ပြပွဲ၌ နိုင်ငံတစ်ဝန်းရှိ ကြောင်ချစ်သူများ ပါဝင်ဆင်နွှဲခဲ့ကြပြီး အလှမွေးကြောင်ပိုင်ရှင်များစွာက အလှဆင်ပစ္စည်းအမျိုးမျိုးဆင်ယင်ခြယ်သထားသော ၎င်းတို့၏ ကြောင်များနှင့်အတူ စင်မြင့်ထက်ဝယ် အလှပြလမ်းလျှောက်ခဲ့ကြသည်။

ယင်းပြပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အိမ်မွေးတိရစ္ဆာန်အဖွဲ့ချုပ်က ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ကာ ကြောင်များနှင့် ပတ်သက်၍ အသိပညာပေးမြှင့်တင်ခြင်းနှင့် ချစ်စဖွယ်တိရစ္ဆာန်လေးများကို ကာကွယ်မည့်နည်းလမ်းများအကြောင်း ပိုမိုသိရှိစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
၎င်းပြပွဲသို့ ပြည်တွင်း၊ ပြည်ပမှကြောင်ပေါင်းများစွာကို အလှဆင်လျက်ပါဝင်ပြသခဲ့သည်။ (Xinhua)

……………………………………..

(English Version)
Cat ramp show staged in Bangladeshi capital
A cat ramp show was staged on Friday in Bangladeshi capital of Dhaka.
Cat lovers from the country took part in the gorgeous show, where scores of owners walked the ramp with their cats donning trendy attire and ornaments.
Bangladesh Pet Federation organized the show, which is aimed at raising awareness for cats and helping people know more about ways to protect these adorable animals.
Hundreds of domestic and foreign cats adorned the ramp show.