Connect with us

Videos

တရုတ်နိုင်ငံ ထျန်းကျန်းမြို့ နှင့် ပေကျင်းလေဆိပ်အား ချိတ်ဆက်ထားသည့် ရထားသံလမ်းခင်းခြင်းလုပ်ငန်း ပြီးစီးလုနီးပါးဖြစ်

ထျန်းကျန်း ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထျန်းကျန်းမြို့ နှင့် ပေကျင်းမြို့ လေဆိပ်အား ချိတ်ဆက်ထားသည့် ရထားလမ်း သံလမ်းခင်းခြင်းလုပ်ငန်း ပြီးစီးလုနီးပါး ဖြစ်ကြောင်း သိရသည်။ရထားလမ်းသည် စုစုပေါင်းအရှည် ကီလိုမီတာ ၁၀၀ ကျော်ရှိပြီး ထျန်းကျန်းအနောက်ရထားဘူတာရုံ နှင့် ပေကျင်းတာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်အား ချိတ်ဆက်ထားခြင်း ဖြစ်သည်။
ယင်းရထားလမ်းသည် ၂၀၂၃ ခုနှစ်အတွင်း ပြေးဆွဲနိုင်မည်ဟု မျှော်မှန်းထားသည်။ထျန်းကျင်းမြူနီစပယ်သယ်ယူပို့ဆောင်ရေးကော်မရှင်၏ ပြောကြားချက်အရ ရထားလမ်းသည် ပေကျင်း-ထျန်းကျန်း-ဟဲပေ ဒေသ ပူးပေါင်းဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အခြေခံ အဆောက်အအုံ စီမံကိန်းများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။

ရထားလမ်း ပြီးစီးပါက ပေကျင်း-ထျန်းကျန်း-ဟဲပေ ဒေသ ရထားလမ်းကွန်ရက်ပုံစံသည် ပိုမို ကောင်းမွန်လာမည် ဖြစ်ပြီး ဒေသတွင်း ဘက်ပေါင်းစုံပေါင်းစည်းထားသည့် သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုအား လွယ်ကူချောမွေစေမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————–
Track laying of railway linking Tianjin, Beijing’s airport nears completion
The track laying of a railway linking Tianjin and Beijing’s airport nears completion.

The railway, with a total length of over 100 km, connects the Tianjin west railway station with the Beijing Daxing International Airport.

It is expected to be operational in 2023.
According to the Tianjin Municipal Transportation Commission, the railway is one of the major infrastructure projects for the coordinated development of the Beijing-Tianjin-Hebei region.

The completion of the railway will optimize the railway network layout in the Beijing-Tianjin-Hebei region and facilitate the integrated development of transportation in the region.

Xinhua News Agency correspondents reporting from Tianjin, China.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.