Connect with us

Media

မလေးရှားနိုင်ငံ၌ နိုင်ငံတကာစွန်လွှတ်ပွဲတော် ပြန်လည်ကျင်းပ

ကွာလာလမ်ပူ ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

နိုင်ငံနှင့်ဒေသ ၄၀ ကျော်မှ စွန်လွှတ်ဝါသနာရှင် ၁၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့သည့် ၂၅ ကြိမ်မြောက် Pasir Gudang နိုင်ငံတကာစွန်လွှတ်ပွဲတော်သည် ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ယင်းပွဲတော်အား လွန်ခဲ့သည့်သုံးနှစ်က COVID-19 ကပ်ရောဂါကြောင့် ရပ်နားခဲ့ရသည်။

မလေးရှားနိုင်ငံတောင်ပိုင်း Johor ပြည်နယ် Pasir Gudang မြို့ ကောင်းကင်ထက်တွင် ကြီးမားပြီး လှပတဲ့ စွန်ဒီဇိုင်းအမျိုးမျိုးဖြင့် ပြန်လည်ပြည့်နှက်နေခဲ့ကြောင်း သိရသည်။

ဖျော်ဖြေတင်ဆက်မှုများ ၊ ပြပွဲများ နှင့် အလုပ်ရုံဆွေးနွေးပွဲများ ပါရှိသည့် အဆိုပါပွဲတော်သို့ အများပြည်သူများက အခမဲ့ ဝင်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
Int’l kite festival returns to Malaysia
The 25th Pasir Gudang International Kite Festival concluded on Sunday with more than 100 kite enthusiasts from over 40 countries and regions joining the event.
The festival was put on hold in the last three years due to the COVID-19 pandemic.
Gigantic and colorful kites of all kinds of designs again filled the sky above Pasir Gudang in Malaysia’s southern state of Johor.
The public has free entry to the festival which also features various performances, exhibitions, and workshops.
Xinhua News Agency correspondents reporting from Kuala Lumpur.
(XHTV)