ဟူပေ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ် ရှိ ကုကျောက် အဝေးပြေးလမ်းမှာ ၁၀ကီလိုမီတာမက ရှည်လျားပြီး ထိုအဝေးပြေးလမ်းပိုင်း၏ ၄ ကီလိုမီတာခန့်မှာ မြစ်ပေါ်တွင် တည်ဆောက်ထားသည်။ မြစ်ကြောင်းတစ်လျှောက် အဝေးပြေးလမ်းပေါ်မှ သွားလာရသည့်ရှုခင်းမှာ အင်မတန်လှပသောကြောင့် ဝေဟင်မြင်ကွင်းအား ဆင်ဟွာသတင်းဌာနမှ သွားရောက်ရိုက်ကူးတင်ဆက်ထားပါသည်။ (Xinhua)
ကွမ်ကျိုး၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် စက်ရုပ်စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ထားရာ မီးဖိုချောင် ချက်ပြုတ်ကြော်လှော် စားပွဲထိုး စသည့် တစ်ဆိုင်လုံးနီးပါး အလိုအလျောက်စနစ်သုံး စက်ရုပ်များဖြင့်သာ တည်ခင်းဧည့်ခံသောကြောင့်စားသုံးသူများအလွန် စိတ်ဝင်တစ်စားလာရောက်စားသုံးကြကြောင်းသိရသည်။ စားသောက်ဆိုင်တွင်လာရောက်စားသုံးသူများက အစားအသောက်များကိုtablet များမှ တစ်ဆင့် အော်ဒါမှာယူရပြီးနောက် စက်ရုပ်အမျိုးအစားပေါင်း ၄၆ မျိုးက ချက်ပြုတ်ပို့ဆောင်ပေးခြင်းဖြစ်သည်။ယခု video...
ကွမ်ရှီး၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်ရှိ ကျွမ်းကျင်လက်သမားတစ်ဦးက သစ်သား လက်ပ်တော့နှင့် သစ်သားလွယ်အိတ်တို့ကို ချစ်လှစွာသော မြေးဖြစ်သူအတွက် အနုစိတ်ပြုလုပ်ဖန်တီး ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)
ရှန်တုံ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှန်တုံပြည်နယ် ဝေ့ဖန်မြို့တွင် တရုတ်နှစ်သစ်ကူးပွဲကို ကြိုဆိုသည့်အထိမ်းအမှတ်အဖြစ် drone အစင်းပေါင်း ၅၀၀ ကျော်ကို ညအချိန်ကောင်းကင်း၌လွှတ်တင်ကာ စာလုံးများအပြင် အလှပုံရိပ်အမျိုးမျိုး ကိုလည်း ရောင်စုံလှပစွာပုံဖော်ခဲ့သည်။(Xinhua)