Connect with us

Media

အစ္စရေးနိုင်ငံ၏ ဈေးဝယ်စင်တာများတွင် ထည့်သွင်းထားသော ဒေါင်လိုက်စိုက်ခင်းများ

ဂျေရုဆလမ်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းထောက် Nick Kolyohin

“ကျွန်တော်က ပိုးသတ်ထားတဲ့ အခန်းထဲမှာ မတ်တပ်ရပ်နေတာဖြစ်လို့ ဒီလိုပုံစံမျိုးဝတ်ဆင်ထားရတာပါ။ ဒါကြောင့် ဒီအတွင်းထဲမှာ ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်တွေ သယ်မလာနိုင်ပါဘူး။ ဒီစက်ရုံကို တာဝန်ယူထားတဲ့ Vertical Field အစ္စရေးကုမ္ပဏီက ဒီလိုစိုက်ပျိုးမှုဟာ လယ်ယာစိုက်ပျိုးရေးရဲ့အနာဂတ်၊ ကောက်ပဲသီးနှံတွေနဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားတွေရဲ့ အနာဂတ် ဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်။ သစ်သီးဝလံတွေဟာ ဓာတုပစ္စည်းတွေ ဒါမှမဟုတ် ပိုးသတ်ဆေးတွေ တစ်စုံတစ်ရာထပ်ပြီး ပေါင်းစပ်ထားခြင်းမရှိဘဲ ပိုးသတ်ထားတဲ့ ပတ်ဝန်းကျင်မှာပဲ ကြီးထွားနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ အလုံးစုံသန့်စင်တဲ့ ထုတ်ကုန်တွေကလည်း ဗိုင်းရပ်စ်တွေ ဒါမှမဟုတ် ဘက်တီးရီးယားတွေ ကင်းစင်မှာဖြစ်သလို ဈေးနှုန်းအနေနဲ့လည်း ပုံမှန် ကောက်ပဲသီးနှံတွေနဲ့ အတူတူလောက်နီးပါးဖြစ်ပါတယ်”

အစ္စရေးနိုင်ငံတစ်ဝန်း ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များနှင့် ဈေးဝယ်အဆောက်အအုံများ စသဖြင့် ဆိုင်ခန်းအတွင်း၊ အပြင်နေရာများစွာ၌ မြို့ပြ ရွေ့လျားနိုင်သော ဒေါင်လိုက်စိုက်ခင်းများစွာကို Vertical Field က ထည့်သွင်းထားပြီးဖြစ်သည်။

အဆိုပါ စိုက်ခင်းများတွင် ဟင်းသီးဟင်းရွက်များကို ကွန်တိန်နာများ၏ နံရံများပေါ်၌ ဒေါင်လိုက်စိုက်ပျိုးနိုင်ပြီး ထိရောက်မှုရှိကာ ရေသုံးစွဲမှုကိုလည်း လျှော့ချပေးနိုင်သလို မြေဆီလွှာ လွန်ကဲစွာအသုံးပြုမှုကိုလည်း လျှော့ချပေးလျက်ရှိသည်။

“ကျွန်တော်တို့ စိုက်ခင်းရဲ့အပြင်ဘက်ကို ခင်ဗျားလည်း တွေ့ခဲ့မှာပါ။ ကျွန်တော်တို့ မိရိုးဖလာ စိုက်ပျိုးရေးနဲ့ ယှဉ်ရင် လိုအပ်တဲ့ မြေနဲ့ ရေ အနည်းငယ်လောက်နဲ့ လတ်လတ်ဆတ်ဆတ် ထုတ်လုပ်ထားပါတယ်” ဟု Vertical Field ကုမ္ပဏီရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဒုတိယဥက္ကဋ္ဌ Ronen Redel က ပြောခဲ့သည်။

Vertical Field၏ သီးနှံစိုက်ပျိုးရေးပညာရှင် အကြီးအကဲ Gilad Marek က “ဒါက သေးငယ်တဲ့ ပြောင်းလဲမှု တစ်ခုနဲ့ တူပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်မှာတော့ ပြောင်းလဲမှုပဲပေါ့။ ကျွန်တော်တို့တွေ ဒီနည်းလမ်းမှာ ထိရောက်မှု၊ ဉာဏ်ပညာတွေစိုက်ထုတ်မှုနဲ့ အခြားအရာတွေ ပိုပြီးအသုံးပြုလေ စိုက်ပျိုးထုတ်လုပ်ဖို့ ပိုပြီးသက်သာလေပါပဲ” ဟု ဆိုသည်။

ဆလပ်ရွက်၊ ပင်စိမ်း၊ တရုတ်နံနံ၊ ကိုက်လန်နှင့် ပူစီနံ စသည်တို့အပါအဝင် ထုတ်ကုန်များကို ရိတ်သိမ်းပြီးနောက် ဝယ်သူများထံ တိုက်ရိုက်ရောက်ရှိနိုင်ပြီဖြစ်သည်။ ဝယ်သူများအနေဖြင့် စိုက်ခင်းထဲမှ မြေဆီလွှာအချို့ကို နေအိမ်သို့ ယူဆောင်ခွင့်လည်း ရရှိနိုင်သည်။ (Xinhua)

……………………………………..

(English Version)

Vertical farms seen in Israel’s supermarkets

STANDUP (English): NICK KOLYOHIN, Xinhua reporter

“I’m standing at the sterilized container and that’s why I’m dressed like that, so I wouldn’t bring any bacteria or viruses inside of this environment. And the Israeli company Vertical Field that’s in charge of this facility believes it would be the future of agriculture, where plants, and in the future more kinds of crops and vegetables and fruits would be able to be grown in the sterilized environment without any added chemicals or pesticides and the fully clean products would be without any viruses or bacteria and the prices already almost the same as the traditional crops.”
Many portable urban vertical farms have been installed by Vertical Field at various indoor and outdoor spaces nationwide, such as supermarkets, restaurants, and shopping malls.

In such farms, vegetables can grow vertically on the walls of the containers, helping increase efficiency, minimize water consumption, and reduce the use of excessive soil.

SOUNDBITE 1 (English): RONEN REDEL, Vice President of Business Development at Vertical Field

“You’ve seen our farm outside. The fact that we’re local, we’re in the supermarket, we completely eliminate the supply chain, it cannot become more local than it is right now. At the same time, we produce the most healthy and fresh produce with only a fraction of the land and the water required compared to traditional farming.”

SOUNDBITE 2 (English): GILAD MAREK, Chief Agronomist of Vertical Field
“It’s like a minor revolution, but it is a revolution, what is going to happen from my perspective, we are going to be much more efficient, energetic wise, costly wise and so and other stuff, so it’s going to be cheaper and cheaper to grow in this way.”

The products, which include lettuce, basil, parsley, kale, and mint, can be accessed directly by clients after harvesting. The customers also have the chance to take home some of the bedding soil.