Connect with us

Media

တရုတ်နိုင်ငံ၏ ပထမဆုံး C919 လေယာဉ် နာရီပေါင်း ၁၀၀ ကြာ တရားဝင်ပျံသန်းမှုစတင်

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး C919 ခရီးသည်တင်လေယာဉ်ကြီး၏ ပထမဆုံး လေကြောင်းလိုင်း တရားဝင်ပျံသန်းမှုမှာ ဒီဇင်ဘာ ၂၆ ရက်က ပြီးစီးခဲ့သည်။

အဆိုပါ လေယာဉ်သည် ရှန်ဟိုင်းလေဆိပ်မှ ပျံတက်ခဲ့ကာ ပေကျင်းမြို့ရှိ လေဆိပ်တစ်ခု၌ ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။

ထိုပျံသန်းမှုသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလလယ်ပိုင်းတိုင်အောင် နာရီပေါင်း ၁၀၀ ကြာ တရားဝင်လေယာဉ်ပျံသန်းမှုလုပ်ငန်းစဉ်၏ အစကနဦးလည်း ဖြစ်သည်။

ယင်းသို့စမ်းသပ်ပျံသန်းမှုသည် တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းထုတ်ဂျက်လေယာဉ် C919 ၏ ပုံမှန်လည်ပတ်ပျံသန်းခြင်းဖြင့် C919 ၏ စိတ်ချယုံကြည်ရမှုကို ပြီးပြည့်စုံစွာ အတည်ပြုစစ်ဆေးသွားမည် ဖြစ်သည်။

ပထမဆုံး C919 လေယာဉ်ကို ယခုလအစောပိုင်းက China Eastern Airlines ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

၎င်းလေယာဉ်ကို ၂၀၂၃ ခုနှစ် နွေဦးရာသီတွင် China Eastern Airlines ၏ ပုံမှန်ပျံသန်းပြေးဆွဲမှု၌ အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
China’s first C919 kicks off 100-hour validation flight
China’s first C919 large passenger aircraft completed its first airline validation flight on Monday.

The aircraft took off from a Shanghai airport and landed at an airport in Beijing.
It marks the initiation of the 100-hour aircraft validation flight process, which will last until mid-February 2023.
The testing process will comprehensively verify the reliability of the C919 with commercial operation in The C919 is China’s first homegrown large jetliner.
The first C919 aircraft was delivered to China Eastern Airlines earlier this month.
The jetliner is expected to be put into commercial operation by China Eastern Airlines in the spring of 2023.