Connect with us

Videos

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ်တွင် ဆောင်းရာသီငါးဖမ်းပွဲ ဆင်နွှဲ

မူသန်းကျန်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်ရှိ ကျင့်ပေါ်ဟူရေကန်တွင် နေထိုင်သူများသည် ထူထဲလှသော ရေခဲကို အပေါက်များတူးဖော်ကာ ရေကန်အတွင်းသို့ ပိုက်ကွန်များ ထည့်သွင်းလျက် ငါးများကို ဖမ်းယူကြသော ရိုးရာ ရေခဲငါးဖမ်းခြင်းကို ပါဝင်ဆင်နွှဲလျက်ရှိသည်။Dai Jinrong
ဆင်ဟွာသတင်းထောက်

“ကျွန်မ အခု တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် မူသန်းကျန်းမြို့မှာရှိတဲ့ ကျင့်ပေါ်ဟူရေကန်မှာ ဆောင်းရာသီငါးဖမ်းခြင်း အခမ်းအနားကို ရောက်နေပါတယ်။ အပြင်ဘက် အပူချိန်က အနုတ် ၂၀ ဒီဂရီစင်တီဂရိတ်ရှိပြီးတော့ ရေကန်ကတော့ ရေခဲဖြစ်နေပါတယ်။ ရေခဲငါးဖမ်းခြင်းလုပ်ဖို့ အကောင်းဆုံးပါပဲ။ ဒီအခမ်းအနားကို ငါးဖမ်းပိုက်ကွန်အကြီးစားတွေနဲ့ ရေခဲငါးဖမ်းခြင်း၊ ကျင့်ပေါ်ဟူရေကန် ဆောင်းရာသီငါးဖမ်းပွဲတော်မှာ ဖမ်းမိတဲ့ ပထမဆုံးငါးကို လေလံပစ်ခြင်းနဲ့ ရိုးရာအကများတင်ဆက်ဖျော်ဖြေခြင်း အပါအဝင် ဂန္ထဝင်မြောက်လှုပ်ရှားမှု အမြောက်အမြားနဲ့ ကျင်းပသွားမှာဖြစ်ပြီး ရှေးရိုးထုံးတမ်းနှင့်အညီ ငါးဖမ်းခြင်းနဲ့ တရုတ်နိုင်ငံ မြောက်ပိုင်းက အမဲလိုက်ယဉ်ကျေးမှုတွေကိုလည်း ထည့်သွင်းပြသသွားမှာပါ”

မကြာသေးမီနှစ်များအတွင်း ဂေဟစနစ် ကာကွယ်ရေးအတွက် ဒေသခံငါးဖမ်းသမားများသည် ငါးသေးသေးလေးများကို လွတ်မြောက်နိုင်စေရန် ငါးဖမ်းပိုက်ကွန်အကြီးစားများကိုသာ အသုံးပြုလာကြကြောင်း သိရသည်။ (Xinhua)

……………………………………..

Lake in China’s Heilongjiang embraces winter fishing season

People living by Jingpo Lake, northeast China’s Heilongjiang Province, have been enjoying the tradition of ice fishing — drilling holes through the thick ice and lowering nets into the waters to catch fish.

STANDUP (English): DAI JINRONG, Xinhua correspondent

“Hi, everyone, I’m now at the ceremony of winter fishing in Jingpo Lake, which is located in Mudanjiang City, NE China’s Heilongjiang Province. Now the outdoor temperature is around minus 20 degrees Celsius, and the lake has already frozen, which is perfect for ice fishing. The ceremony will hold several classical activities including ice fishing with large fishing nets, auction of the first fish of Jingpo Lake Winter Fishing, and folklore performance, showing the time-honored fishing and hunting culture of northern China.”

In recent years, to protect the ecosystem, local fishermen use fishing nets with larger meshes to let small fishes swim away.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.