ပေကျင်း၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အီလက်ထရောနစ် ကုမ္ပဏီ ရှောင်မီ(Xiaomi)က ယင်းကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် မျက်နှာပြင်နှစ်ဖက် ထိုးဖောက်မြင်နိုင်စွမ်းရှိသည့် ထိုးထွင်းမြင် ဖန်သားကြည် တီဗွီအား ပေကျင်းမြို့ ၌ကျင်းပသော တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းပြပွဲ(CIFTIS)တွင် ထုတ်ဖော် ပြသခဲ့သည်။ (Xinhua)
ပေကျင်း၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS)တွင် ပြသထားသော Saidaqian ပန်းချီပညာရှင် စက်ရုပ်ကလေးသည် ပြပွဲသို့လာရောက်လေ့လာကြည့်ရှုကြသူများ၏ ရုပ်ပုံတူပန်းချီအား ၃ မိနစ်အတွင်း အပြီးဆွဲပေးနေပုံကို ဆင်ဟွာ သတင်းဌာနမှ ရုပ်ကူးတင်ဆက် ထားခြင်း ဖြစ်ပါသည်။(Xinhua)
ပေကျင်း ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရေတပ် ၏ လေယာဉ်မှူးအသစ်များ က တစ်ကိုယ်တော် လေယာဉ် ပျံသန်းမှု အတွင်း ပင်လယ်ရေ မျက်နှာပြင်နဲ့ နီးကပ်စွာ လေယာဉ် အနိမ့်ပျံ စွမ်းရည်ပြသမှုများကို ဤ ဗီဒီယို တွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua)
ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်းရှိ အင်တာနက် အသုံးပြုသူများက အမေရိကန် စစ်တပ်အနေဖြင့် တစ်ကမ္ဘာလုံးတွင် လျှို့ဝှက်ဇီဝ လုံခြုံရေးဓါတ်ခွဲခန်းပေါင်း ၂၀၀ ကျော်ကို တည်ဆောက်ထားခဲ့ကြောင်းနှင့် ထိုအထဲတွင် ဓါတ်ခွဲခန်း ၃၀ ခန့် ၏ တည်နေရာနှင့်တကွ ၎င်းဓါတ်ခွဲခန်းများတွင် လုပ်ဆောင်နေသည့် လျှို့ဝှက်ချက်များကို ဖော်ထုတ်ခဲ့သည်။
ဆန်းတုန်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်-ဥရောပ နှင့် တရုတ်- အာရှ နိုင်ငံများသို့ ကုန်စည် ပို့ဆောင်သည့် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် မှ ကုန်တင်ရထားများသည် တရုတ်နိုင်ငံက အစပျိုးဖော်ဆောင်သည့် ရပ်ဝန်းနှင့်ပိုးလမ်းမ တစ်လျှောက်နိုင်ငံများနှင့် ကူးလူးဆက်သွယ်မှုပိုမိုမြှင့်တင်လျက်ရှိသည်။ ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင် ဥရောပ အာရှနိုင်ငံများသို့ အဆိုပါ...
ဝူဟန့်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် COVID-19 ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကျောင်းများအားလုံးနီးပါး ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။တက္ကသိုလ်ကျောင်းသားကျောင်းသူများကလည်း ကျောင်းများတက်ရန် ပြန်လည်ပြင်ဆင်နေကြပြီး ကျောင်းပရဝုဏ်အတွင်း စည်ကားသက်ဝင်လျက်ရှိသည်ကို မြင်တွေ့ရမည်ဖြစ်ပါသည်။ (Xinhua)
ရှင်းကျန့်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန့် ဒေသတွင် ဒေသခံများအား နျူကလစ်အက်ဆစ်များစုဆောင်းရန်နှင့် COVID-19 ကူးစက်ခံရမှု ရှိမရှိ စစ်ဆေးမှုများကို ပိုမို တိုးမြှင့်လုပ်ဆောင်နိုင်ရန် PCR ရွေ့လျား ဓါတ်ခွဲခန်းများစွာကို တပ်ဆင်ခဲ့ရာ ဓါတ်ခွဲခန်းတစ်ခု တွင် တစ်ရက်လျှင် လူပေါင်း ၃သောင်းနီးပါးခန့်ကို စစ်ဆေးပေးနိုင်ပြီ...
ယူနန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ပြည်နယ် Lijiang မြို့ရှိ Tiger Leaping George ဟု အမည်ရသည့် မြစ်ကြီး တစ်ဖြစ်လဲ ချောက်နက်ကြီးသည် ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နေရာတစ်ခုဖြစ်သည့်အပြင် တရုတ်နိုင်ငံ၏ အနက်ရှိုင်းဆုံးနှင့် အံ့သြဖွယ်အကောင်းဆုံး (မြစ်)ချောက်နက်ကြီးများထဲတွင်...