Connect with us

Videos

တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုက နှစ်နိုင်ငံလုံး အပြင် တစ်ကမ္ဘာလုံးအတွက်ပါ အကျိုးဖြစ်ထွန်းစေကြောင်း ဝန်ကြီးချုပ်လီ ပြော

ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံအတွက်သာမကဘဲ တစ်ကမ္ဘာလုံးအတွက်ပါ အကျိုးကျေးဇူးဖြစ်ထွန်းစေကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ် ၁၁ ရက်တွင်‌ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား တွေ့ဆုံမှုများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်သင့်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေးကို လမ်းကြောင်းမှန်ပေါ်ရောက်ရှိစေခြင်းသည် နှစ်နိုင်ငံရှိပြည်သူများ၏ ကောင်းကျိုးအတွက်လည်းဖြစ်ကြောင်း လီက တရုတ်နိုင်ငံ၏ နှစ်ပတ်လည် ဥပဒေပြုရေးညီလာခံအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့သည် ကုလသမဂ္ဂတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အားလျော်စွာ ကမ္ဘာ့ အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအသီးသီးဖြစ်ကြကြောင်းလီကဆိုသည်။ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများစွာကိုကျော်လွှားနိုင်ရေးအတွက် နှစ်နိုင်ငံ လက်တွဲကာ ပူးပေါင်းအားထုတ်ရန် လိုအပ်ကြောင်းသူက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)

…………………………….
(English Version)
GLOBALink | China-U.S. cooperation benefits both countries, world: Chinese premier
BEIJING, March 11 (Xinhua) — China-U.S. cooperation benefits both countries and the world, Chinese Premier Li Keqiang said on Friday, adding that there should be more dialogue and communication between the two countries.
Getting the China-U.S. relations right bears on people’s wellbeing of both countries, Li made the remarks at a press conference after the conclusion of China’s annual national legislative session.
Li said that China and the United States are both permanent members of the UN Security Council, and China and the United States are the world’s largest developing country and developed country respectively. Many global challenges require joint efforts and cooperation of both countries, he said.

Produced by Xinhua Global Service

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.